close
Connect with us

Hi, what are you looking for?

သတင်း

KNDFက တပ်အတွင်း တန်းတူညီမျှမှုရရှိရန် ဂျဲန်ဒါတန်းတူညီမျှရေးဌာနဖွဲ့စည်း

ကရင်နီစစ်ရေးလေ့လာသူများ၏ ခန့်မှန်းချက်အရ KNDF သည် တပ်ရင်း ၃၁ ခု ၊ ဗျူဟာ ၈ခုအထိဖွဲ့စည်းထားပြီး အင်အားတစ်သောင်းနှင့်အထက်ရှိသည်ဟု သိရသည်။

ဓာတ်ပုံ − KNDF
ဓာတ်ပုံ − KNDF

ရဲခေါင်/People’s Spring

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က တပ်တစ်ခုလုံးတွင် တန်းတူညီမျှမှုရရှိစေရေးအတွက် ဂျဲန်ဒါတန်းတူညီမျှရေးဌာနဖွဲ့စည်းလိုက်ကြောင်း ယနေ့ (ဒီဇင်ဘာ ၁၆ရက်)တွင် အသိပေးထုတ်ပြန်သည်။

ထို့အပြင် KNDF မှ ဖော်ဆောင်လျက်ရှိသည့် စစ်ဆင်ရေးများအပြင် စစ်ဆင်ရေးမရှိသည့်အချိန်ကာလများ၌ပင် ရဲဘော်များ၏ ကျန်းမာရေးကိစ္စကို တာဝန်ယူနိုင်ရန် ဗဟိုကျန်းမာရေးဌာနကို စနစ်တကျ ပြန်လည်ပြင်ဆင်ဖွဲ့စည်းကြောင်း အသိပေးသည်။

ဓာတ်ပုံ − KNDF
ဓာတ်ပုံ − KNDF

အဆိုပါ ဂျဲန်ဒါတန်းတူညီမျှရေးဌာန၊ ဗဟိုကျန်းမာရေးဌာနစသည့် ဌာနနှစ်ခု၏ ဌာနမှူး၊ ဒုတိယဌာနမှူးနှင့် တာဝန်ခံများကို တရားဝင်ကျမ်းသစ္စာကျိန်ဆိုကာ ဒီဇင်ဘာ ၁၅ရက်တွင်ခန့်အပ်သည့် အခမ်း အနားပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

အခမ်းအနားတွင် KNDF ဥက္ကဋ္ဌခွန်းဘီထူး၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ အမျိုးသမီး၊ လူငယ်နှင့် က လေးသူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နော်ဆူဇန်နာလှလှစိုးနှင့် KNDF ဗဟိုကော်မတီများက ဂုဏ်ပြုခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ − KNDF
ဓာတ်ပုံ − KNDF

KNDF သည် ဒီမိုကရေစီနှင့် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်လျက်ရှိသော တပ်ဖြစ်သည့် အားလျော်စွာ ခွဲခြားဆက်ဆံမှုကင်းပြီး အားလုံးပူး ပေါင်းပါဝင်နိုင်သော တပ်ဖြစ်မြောက်လာရေးအတွက် လိုအပ်သော တည်ဆောက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စစ်တပ်အာဏာသိမ်းပြီး လေးလခန့်အကြာတွင် လူငယ်အများစုဖြင့် ဖွဲ့စည်းခဲ့သော KNDF သည် ကရင်နီပြည်နယ်၌ အင်အားအကောင်းဆုံး တော်လှန်ရေးအင်အားစုဖြစ်ပြီး စစ်ကောင်စီတပ်ရင်းလိုက်ချေမှုန်းထားနိုင်သည်။

ကရင်နီစစ်ရေးလေ့လာသူများ၏ ခန့်မှန်းချက်အရ KNDF သည် တပ်ရင်း ၃၁ ခု ၊ ဗျူဟာ ၈ခုအထိဖွဲ့စည်းထားပြီး အင်အားတစ်သောင်းနှင့်အထက်ရှိသည်ဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

အရေးတော်ပုံအောင်မြင်သည့်အချိန် ကျဆုံးရဲဘော်များ အားလုံးအတွက် ထိုက်တန်စွာ ဂုဏ်ပြုပါမည်ဟု ကတိပြုကြောင်းလည်း KNDFက ထုတ်ပြန်ကြေညာသည်။

သတင်း

စစ်ကောင်စီ၏ ဖယ်ခုံနှင့် မိုးဗြဲ မြို့ကိုတိုက်ခိုက်မှုသည် "မြေလှန် လှုပ်ရှားမှု"ဟု ကရင်နီစစ်​ရေးလေ့လာသူများက သုံးသပ်သည်။မြေလှန်လှုပ်ရှားမှုဆိုသည်မှာ အရပ်သားပြည်သူနှင့် အိုးအိမ်များပါမချန် ရှင်းလင်းခြင်းဟု ၎င်းတို့က သတ်မှတ်သည်။

သတင်း

စစ်ကောင်စီကင်းပုန်းနှင့် ဝပ်ကင်းများ တိုက်ခိုက်ခံရမှုသည် လင်းဖုံလေးနှင့် ကုန်းဆွတ်ကျေးရွာတို့တွင်ဖြစ်ကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။

သတင်း

ဆေးကုသမှုခံယူနေသည့် စစ်သုံ့ပန်း ခလရတပ်သား ဖိုးထူး၊ဇော်လင်းဖြိုး တပ်သားနှင့် မျိုးသက်မင်း တို့ သုံးဦးသည် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစည်းရုံးမှုကြောင့် စစ်တပ်အတွင်း ခေါ်ဆောင်ခံရသူများဟု ထွက်ဆိုသည်။