close
Connect with us

Hi, what are you looking for?

သတင်း

မတ္တရာအ​နောက်ခြမ်းကရွာ​တွေကိုစစ်တပ်ကတပ်စွဲပြီး ပစ္စည်း​တွေခိုးယူကာ​နေအိမ်​တွေကိုမီးရှို့

မတ္တရာမြို့နယ်ကို စစ်တပ်က စစ်ကူထပ်မံဖြည့်တင်းကာ စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတာမို့ရှောင်တိမ်းနေရတဲ့ပြည်သူတွေလည်း သောင်းနဲ့ချီရှိနေတယ်လို့သိရပါတယ်။

(မတ္တရာမြို့နယ် အ​နောက်ခြမ်းက ဆင်ကုန်းနဲ့ပိုဝမြောက်ရွာ​တွေကိုစစ်တပ်က ဒီဇင်ဘာ ၈ ရက်မှာမီးရှို့​နေစဥ်။ဓါတ်ပုံ-CJ)
(မတ္တရာမြို့နယ် အ​နောက်ခြမ်းက ဆင်ကုန်းနဲ့ပိုဝမြောက်ရွာ​တွေကိုစစ်တပ်က ဒီဇင်ဘာ ၈ ရက်မှာမီးရှို့​နေစဥ်။ဓါတ်ပုံ-CJ)

ရှိန်း/People’s Spring

မတ္တရာမြို့နယ်အနောက်ခြမ်းကကျေးရွာတွေမှာ စစ်တပ်ကအထိုင်ချတပ်စွဲပြီးတော့ အိမ်​မွေးတိရစ္ဆာန်နဲ့ ပစ္စည်းတွေကိုခိုးယူသယ်​ဆောင်ကာနေအိမ်တွေကို နေ့စဥ်နီးပါးမီးရှို့ဖျက်ဆီးနေတယ်လို့ဒေသခံ​တွေက​ပြောပါတယ်။

မတ္တရာမြို့နယ်အနောက်ခြမ်းမြစ်ကမ်းအနီးကကျေးရွာတွေကို နိုဝင်ဘာလအတွင်းမှာ စစ်တပ်ကသိမ်းယူသွားပြီး ယနေ့ (ဒီဇင်ဘာ ၁၃)အထိ တောင်သူတွေနေအိမ်ကနွား၊လှည်း၊လှေ၊အိမ်သုံးပစ္စည်းမျိုးစုံကို မတ္တရာမြို့ဘက်ကို ခိုးယူနေကြတာဖြစ်ပါတယ်။

“နွားတကောင်ကို ၃သိန်းကျော်လောက်နဲ့ လမ်းတင်အဝယ်ရှိရင်လည်းရောင်းသွားတယ်တဲ့။ကားတွေနဲ့ ရှိသမျှအကုန်ကိုသယ်နေတာ။သယ်ပြီးမှ မီးရှို့တာ”လို့ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မီးရှို့ပြီးသားနေအိမ်တွေက သံတို၊သံစတွေကိုလည်း စစ်သား​တွေနဲ့အတူလာတဲ့ပျူစောထီးတွေ၊မိသားစုတွေက ခိုးယူပြီး မတ္တရာမြို့ဘက်ကိုထော်လာဂျီတွေနဲ့ပြန်ပို့နေတာလို့သိရပါတယ်။

“နေ့တိုင်းတရွာမဟုတ်တရွာမီးခိုးတွေမြင်နေရတာပဲ”လို့ ရှောင်တိမ်းနေရတဲ့အမျိုးသမီးတဦးကပြောပါတယ်။

မတ္တရာမြို့နယ်ကို စစ်တပ်က စစ်ကူထပ်မံဖြည့်တင်းကာ စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတာမို့ရှောင်တိမ်းနေရတဲ့ပြည်သူတွေလည်း သောင်းနဲ့ချီရှိနေတယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာ မတ္တရာအနောက်ခြမ်းက ဥဒိန်၊စိန်ပန်းကုန်း၊ဇလ၊အောက်တောင်ကိုင်း၊သဖန်းထောင့်၊ငယ်တိုး၊သုံးဆယ်ပေးစတဲ့ရွာတွေကိုစစ်တပ်က အထိုင်ချတပ်စွဲထားတယ်လို့သိရပါတယ် ။

ယခင်က ​ဒေသခံကာကွယ်​ရေးတပ်​တွေ နဲ့ ပကဖ ​တွေ စိုးမိုးထားတဲ့ မတ္တရာမြို့နယ် အ​နောက်ခြမ်းကရွာ​တွေကို စစ်​ကောင်စီတပ်က နိုဝင်ဘာလမှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ​ကြောင့်​ဒေသခံကာကွယ်​ရေးတပ်​တွေပြန်ဆုတ်​ပေးခဲ့ရပါတယ် ။

မတ္တရာမြို့နယ် အ​​ရှေ့ခြမ်းကို​တော့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး) က စစ်စခန်း​ပေါင်း ၄၀ နီးပါးကို သိမ်းပိုက်ပြီးထိန်းချုပ်ထားတာပါ ။မတ္တရာအ​ရှေ့ခြမ်းကို စစ်​ကြောင်းထိုးတဲ့စစ်သား​တွေကို မန္တ​လေးPDF အကြိမ်ကြိမ်လန်ကျသွား​အောင် တိုက်ခိုက်နိုင်ခဲ့ပါတယ် ။

ဒါအပြင် မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းမှာ တော်လှန်ရေးတပ်ဖွဲ့​တွေ ခေတ္တလက်လွှတ်ခဲ့ရတဲ့ရွာ​တွေထဲက ရွာသစ်ကျေးရွာ ၊ ဝန်စုကျေးရွာ နဲ့ ထိန်ပင်စောက်ကျေးရွာ​တွေက စစ်​ကောင်စီတပ်ကို မန္တ​လေးPDF ကထိုးစစ်ဆင်တိုက်ခိုက်ပြီးအပြီးသတ် ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့မန္တ​လေးPDF ကထုတ်ပြန်ထားပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

လတ်တလောတွင် ကားလမ်းအသုံးပြု၍ ကုန်းကြောင်းမှလာသော စစ်ကောင်စီတပ်စစ်ကြောင်းသည် အင်းဇောက်ကျေးရွာ၌ ဆက်ရှိနေပြီး ဒေသခံပြည်သူအများစုမှာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

ဆောင်းပါး

စစ်မှုမထမ်းမ​နေရ ဥပ​ဒေဖြင့် အဓမ္မ ပေါ်တာဆွဲသည့်အဖွဲ့ကတံတားဦးမြို့နယ်မှာကို သုံးဖွဲ့လောက်ရှိသည်ဟုကို​အောင်ခန့်က ​ပြောပါသည်။

သတင်း

ရန်ကုန်မြို့တွင်လည်း စစ်မှုထမ်းရန် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ ရပ်ကွက်ရုံးများနှင့်ဆက်သွယ်ကြရန် စစ်ကောင်စီက ဖိအားပေးနေသည်။

သတင်း

တိုက်ပွဲများတွင် စစ်ကောင်စီထံမှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း မန္တလေး PDFက ထပ်မံအသိပေးသည်။

Trending

Facebook