close
Connect with us

Hi, what are you looking for?

သတင်း

တောင်ကုတ်မြို့တွင်​နောက်ဆုံးကျန်​သော စကခ(၅)ကို AA သိမ်းပိုက်

အမ်း၊ တောင်ကုတ်၊ ဂွမြို့နယ်တို့မှ စစ်တပ်၏ လက်ကျန် စခန်းများကို အပြီးသတ်သိမ်းပိုက်ရန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဒီဇင်ဘာလ၆ ရက်နေ့က ထုတ်ပြန်ထားသည်။

(​AA တပ်ဖွဲ့ဝင်များက ​မောင်​တော နခခ(၅)ကိုအပြီးသတ်သိမ်းပိုက်ရန်ထိုးစစ်ဆင် တိုက်ခိုက်စဥ်နှင့် ​တောင်ကုတ်မြို့ မှ စကခ (၅) တည်​နေရာ​မြေပုံ။ ။ ဓါတ်ပုံ-AA Info Desk )
(​AA တပ်ဖွဲ့ဝင်များက ​မောင်​တော နခခ(၅)ကိုအပြီးသတ်သိမ်းပိုက်ရန်ထိုးစစ်ဆင် တိုက်ခိုက်စဥ်နှင့် ​တောင်ကုတ်မြို့ မှ စကခ (၅) တည်​နေရာ​မြေပုံ။ ။ ဓါတ်ပုံ-AA Info Desk )

အိမ်သွင်/People’s Spring

တောင်ကုတ်မြို့တွင် နောက်ဆုံးကျန်ရှိနေသော စစ်ဆင်ရေးကိုကွပ်ကဲမှုဌာနချုပ်စကခ(၅)ကိုအာရက္ခတပ်တော်(AA)က သိမ်းယူလိုက်ပြီဖြစ်​ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

“စကခ(၅)က ရနေပါပြီ။သုံ့ပန်းတွေလည်း ရထားတာအမှန်ပါ။ တပ်တော်က ထုတ်ပြန်မှ သေချာသိကြရမယ်။ ရတာက ရပြီးနေပြီ” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ် တဦးက ယနေ့ ညပိုင်း၌ ပြောသည်။

(​AA တပ်ဖွဲ့ဝင်များက ​မောင်​တော နခခ(၅)ကိုအပြီးသတ်သိမ်းပိုက်ရန်ထိုးစစ်ဆင် တိုက်ခိုက်စဥ်နှင့် ​တောင်ကုတ်မြို့ မှ စကခ (၅) တည်​နေရာ​မြေပုံ။ ။ ဓါတ်ပုံ-AA Info Desk )
(​AA တပ်ဖွဲ့ဝင်များက ​မောင်​တော နခခ(၅)ကိုအပြီးသတ်သိမ်းပိုက်ရန်ထိုးစစ်ဆင် တိုက်ခိုက်စဥ်နှင့် ​တောင်ကုတ်မြို့ မှ စကခ (၅) တည်​နေရာ​မြေပုံ။ ။ ဓါတ်ပုံ-AA Info Desk )

တောင်ကုတ်မြို့သိမ်းတိုက်ပွဲတွင်စစ်ကောင်စီတပ်စခန်း၁၀ ခုကို တိုက်ခိုက်သိမ်းယူပြီးနောက် မြို့ကို ထိန်းချုပ်ထားသည်ဟု အာရက္ခတပ်တော်( AA)က နိုဝင်ဘာ ၂၉ ရက်သတင်းထုတ်ပြန်ခဲ့သည်။ အဓိကစခန်းဖြစ်သည့် စကခ (၅) တပ်မဌာနချုပ်နှင့် ၎င်းလက်​အောက်ရှိ ခမရ (၃၄၆) နှင့် ခမရ (၅၄၄)ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၂၉ ရက်နောက်ပိုင်းတိုက်ပွဲများတွင်ခမရ (၃၄၆) နှင့် ခမရ (၅၄၄)ကို AAက ထပ်မံသိမ်းယူခဲ့သည်ဟု စုံစမ်းသိရသည်။ထို​ကြောင့်စကခ (၅)မှာ​နောက်ဆုံးကျန်ရှိ​နေခြင်းဖြစ်သည်။

နောက်ဆုံးကျန်ရှိနေသည့် စကခ(၅)ကိုAAကဒီဇင်ဘာလဆန်းတွင် ပိတ်ဆို့ထားခဲ့ပြီး လက်နက်ချရန်ကမ်းလှမ်းခဲ့သော်လည်း ဒီဇင်ဘာလ၉ရက်နေ့အထိ လက်နက်ချခြင်းမရှိ၍ ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းယူခြင်းဟု အခြားသတင်းရင်းမြစ်တဦးက ပြောသည်။

သို့​သော် တောင်ကုတ်မြို့မှ စကခ (၅)သိမ်းတိုက်ပွဲကို AA က တရားဝင်သတင်းထုတ်ပြန်လာခြင်းမရှိသေးပေ။

(​AA တပ်ဖွဲ့ဝင်များက ​မောင်​တော နခခ(၅)ကိုအပြီးသတ်သိမ်းပိုက်ရန်ထိုးစစ်ဆင် တိုက်ခိုက်စဥ်နှင့် ​တောင်ကုတ်မြို့ မှ စကခ (၅) တည်​နေရာ​မြေပုံ။ ။ ဓါတ်ပုံ-AA Info Desk )
(​AA တပ်ဖွဲ့ဝင်များက ​မောင်​တော နခခ(၅)ကိုအပြီးသတ်သိမ်းပိုက်ရန်ထိုးစစ်ဆင် တိုက်ခိုက်စဥ်နှင့် ​တောင်ကုတ်မြို့ မှ စကခ (၅) တည်​နေရာ​မြေပုံ။ ။ ဓါတ်ပုံ-AA Info Desk )

ရခိုင်ပြည်နယ်မှတိုက်ပွဲများနှင့်ပတ်သက်၍ AA နောက်ဆုံးထုတ်ပြန်ထားသည်မှာ မောင်တောမြို့မှနောက်ဆုံးကျန်ရှိသော အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို ဒီဇင်ဘာလ ၈ရက်မှာ အပြီးသတ်သိမ်းပိုက်ပြီး မောင်တောဒေသတစ်ခုလုံးကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီဟု ဒီဇင်ဘာ ၁၁ ရက် မနက်အ​စောပိုင်းတွင် ကြေညာခဲ့ခြင်းဖြစ်သည်။

အမ်း၊ တောင်ကုတ်၊ ဂွမြို့နယ်တို့မှ စစ်တပ်၏ လက်ကျန် စခန်းများကို အပြီးသတ်သိမ်းပိုက်ရန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဒီဇင်ဘာလ၆ ရက်နေ့က ထုတ်ပြန်ထားသည်။

ထို​ကြောင့် AA က အမ်းမြို့တွင် ​နောက်ဆုံးကျန်​နေ​သော နပခ နှင့် ဂွမြို့နယ်တွင် စစ်တပ်လက်ကျန် စခန်းများသာသိမ်းပိုက်ရန် ကျန်ရှိ​တော့သည်။အမ်းနှင့် ဂွမြို့နယ်များကို အလုံးစုံသိမ်းပိုက်ပြီးပါက AA က ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၄ မြို့နယ်သိမ်းပိုက်ပြီး ၊ စစ်​တွေ ၊​ကျောက်ဖြူ ၊မန်​အောင် မြို့နယ်တို့သာထပ်သိမ်းရန် ကျန်မည်ဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဗိုလ်မှူးချုပ် သူရိန်ထွန်းက ဘူးသီးတောင်သို့ရောက်ခါစမှာပင် လူမျိုးရေးအထိဂရုဏ်း၏ အညှာကို ကိုင်ခဲ့သည်။ ဒေသရှိ မွတ်ဆလင်စီးပွားရေးသမားများအား မက်လုံးပေးစည်းရုံးသည်။

သတင်း

နခခ (၅) စခန်းသည် မောင်တောမြို့၏ မြို့သူကြီးရပ်ကွက်တွင်တည်ရှိပြီး ရန်သူအင်အား (၇၀၀) ကျော် စခန်းချတပ်စွဲထားသော စခန်းကြီးတစ်ခုဟု AAက အသိပေးသည်။

သတင်း

ဒီဇင်ဘာလ၁ရက်ညတွင်တောင်ကုတ်မြို့နယ် ခရိုင်ရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင် သုံးဦးသေဆုံးပြီး ၁၉ဦး ဒဏ်ရာရသွားခဲ့သည်။

သတင်း

နခခ (၅)အနီးအပြင် မောင်တောဒေသ၏ အခြားသောနေရာများ၌ပါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း အသိပေးထားသည်။

Trending

Facebook