close
Connect with us

Hi, what are you looking for?

သတင်း

PDFတောင်ပိုင်းစစ်ဒေသနယ်မြေ၌ တစ်ပတ်အတွင်း စစ်ကောင်စီတပ်အား အကြိမ်၄၀ကျော်တိုက်ခိုက်

နိုဝင်ဘာတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ဦးနီးပါးသေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာရရှိခဲ့ဟု KNU ဘက်က အသိပေးထားသည်။

(ပြီးခဲ့သည့် နိုဝင်ဘာအတွင်းက ကရင်ပြည်နယ်ရှိ မာထောတပ်စခန်းအား သိမ်းပိုက်အပြီးရရှိသော လက်နက်ခံယမ်းများ။ ဓာတ်ပုံ - KNU)
(ပြီးခဲ့သည့် နိုဝင်ဘာအတွင်းက ကရင်ပြည်နယ်ရှိ မာထောတပ်စခန်းအား သိမ်းပိုက်အပြီးရရှိသော လက်နက်ခံယမ်းများ။ ဓာတ်ပုံ - KNU)

▪️ဖာပွန်ရှိ တပ်စခန်းနှစ်ခုသိမ်းပိုက်နိုင်ခဲ့ပြီး စစ် ကောင်စီတပ် ၆၀ကျော်သေဆုံး၊ ပူးပေါင်းတပ်ဖွဲ့မှ နှစ်ဦးကျဆုံးဟုအသိပေး

ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တောင်ပိုင်းစစ်ဒေသနယ်မြေတွင် တပတ် အတွင်း စစ်ကောင်စီတပ်စခန်းနှင့် စစ်ကြောင်းများ တိုက်ခိုက်မှု အကြိမ် ၄၀ကျော်ပြုလုပ်ခဲ့ဟု အဆိုပါဒေသက အသိပေးသည်။

ကရင်၊ မွန်၊ ပဲခူး၊ တနင်္သာရီဒေသများပါဝင်သည့် တောင်ပိုင်းစစ်ဒေသနယ်မြေတွင် နိုဝင်ဘာ ၃၀ရက်မှ ဒီဇင်ဘာ ၆ရက်အတွင်း PDFနှင့် ပူးပေါင်းတပ်ဖွဲ့များက ‌ဖော်ဆောင်ခဲ့သော စစ်ဆင်ရေးသတင်းများအား အသိပေးထုတ်ပြန်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်တစ်ပတ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ်စခန်းနှင့် စစ်ကြောင်းများအား လက်ဦးမှုရယူ၍ သွားရောက်တိုက်ခိုက်ခဲ့မှု ၄၂ ကြိမ်ရှိခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၆၁ဦးသေဆုံးခဲ့သည်ဟု အတည်ပြုရရှိကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တပတ်အတွင်းတိုက်ပွဲများ၌ တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်မှ ရဲဘော်နှစ်ဦးမြင့်မြတ်စွာ ကျဆုံးခဲ့ဟု အသိပေးသည်။

တိုက်ပွဲများအတွင်း ဖာပွန်- ကမမောင်းလမ်းပေါ်ရှိ ဗျူဟာအရအရေးပါပြီလမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်ထားသောစခန်းများဖြစ်သည့် တောင်သုံးလုံးနှင့် ဆင်စွယ် စခန်းတို့ကို ဒီဇင်ဘာ ၃ရက်နှင့် ဒီဇင်ဘာ ၄ရက်‌ တွင် PDF၊ KNLA နှင့် မဟာမိတ်တပ်များ ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါတပ်စခန်းများသိမ်းပိုက်ရာတွင် လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုများ ရှိခဲ့ပြီး စစ်ကောင်စီတပ်မှ ထွက်ပြေးလွတ်မြောက်သွားသူများရှိခဲ့ဟု အသိပေးသည်။လက်ရှိအချိန်ထိ နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု ဆိုသည်။

KNLAနှင့် ပူးပေါင်းတပ်များသည် KNU ဖာပွန်ခရိုင်တွင် နိုဝင်ဘာလအတွင်းကလည်း စစ်ကောင်စီ တပ်စခန်း ၂ခုကို သိမ်းပိုက်မှု အပါအဝင် စစ်ကောင်စီတပ်နှင့်တိုက်ပွဲ ၄၃ကြိမ်ဖြစ်ခဲ့ဟု တပ်မဟာ(၅)က ထုတ်ပြန်ထားသည်။

နိုဝင်ဘာတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ဦးနီးပါးသေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာရရှိခဲ့ဟု KNU ဘက်က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

နခခ (၅)အနီးအပြင် မောင်တောဒေသ၏ အခြားသောနေရာများ၌ပါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း အသိပေးထားသည်။

သတင်း

နခခ (၅) စခန်းသိမ်းတိုက်ပွဲတွင် ​စစ်တပ်ဘက်မှသေဆုံးဒဏ်ရာရသူ ၊ ထွက်​ပြေးသူ ၊လက်နက်ချသူ အလွန်များပြားခဲ့ပြီးလက်နက်ခဲယမ်းအများအပြားရရှိခဲ့​ကြောင်း ၎င်းတို့က​ပြောသည်။

သတင်း

တိုက်ပွဲအတွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲမှု၊ လေကြောင်း တိုက်ခိုက်မှုကြောင့် ဗန်းမော်ဒေသခံ များ သေဆုံးထိခိုက်ရှိခဲ့ပြီး ဒီဇင်ဘာ ၆ရက်မှစ၍ ဗန်းမော်ဒေသခံ အများအပြား မြို့ကို စွန့်ခွာ စစ်ရှောင်နေကြရသည်။

သတင်း

ပြီးခဲ့တဲ့စက်တင်ဘာကလည်း တံတားဦးမြို့နယ်၌ တစ်လအတွင်း လူငယ်အမျိုးသားများ ရာနှင့်ချီပေါ်တာဆွဲဖမ်းဆီးခံခဲ့ရသည်ဟု သတင်းရရှိသည်။

Trending

Facebook