People’s Spring
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်မှာ ပြုလုပ်ခဲ့တဲ့ (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လှုပ်ရှားမှုတွေကို တော်လှန်ရေးအဖွဲ့တွေက လုံခြုံရေးယူပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက် မနက်ပိုင်းက တန့်ဆည်မြို့ပေါ်က လူစည်ကားရာ စျေးများ၊လမ်းဆုံများမှာ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ လူ့အခွင့်အရေးဆိုင်ရာအကြောင်းများ ရှင်းလင်းခြင်းများကို ၇၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဆောင်ပုဒ်ဖြစ်တဲ့ “လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” စာတမ်းပါ တူညီဝတ်စုံများနဲ့ လူထုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။




နေ့ခင်းပိုင်းမှာလည်း ကျေးရွာတစ်ရွာမှာ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
အဲဒီလှုပ်ရှားမှုကို တန့်ဆည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ပြီး လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနဲ့ ပူးပေါင်းပြီး ပြုလုပ်ခဲ့တာပါ။
ဒါ့အပြင် တန့်ဆည်မြို့နယ် ပလဖ၊ ပကဖနဲ့ PDF တပ်ဖွဲ့ဝင်များကလည်း လုံခြုံရေးတာဝန်ယူပေးခဲ့တယ်လို့ သိရပါတယ်။
အရပ်သားပြည်သူတွေ လူ့အခွင့်အရေးဆိုင်ရာ အသိပညာ ဗဟုတုများ ပိုမိုရရှိစေဖို့နဲ့ လေးစားလိုက်နာနိုင်ရန် ရည်ရွယ်ပြီး လူထုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာလို့ ဦးဆောင်သူတွေက ပြောပါတယ်။
တန့်ဆည်မြို့ပေါ်မှာ စစ်ကောင်စီတပ်ဟာ ၎င်းတို့အခြေချနေတဲ့ ထွေအုပ်၊ ရဲစခန်းနဲ့ အခြားရုံးနေရာအချို့ကလွဲလို့ ပြင်ပထွက်ရဲတာမျိုးမရှိဘူးလို့ ဒေသခံတွေထံကနေ သိရပါတယ်။
