close
Connect with us

Hi, what are you looking for?

သတင်း

SOGစစ်ကြောင်းကို NUG ကာကွယ်ရေး လက်နက်တပ်ဆင်

▪︎စစ်ကြောင်းရှိ ရဲဘော်အင်အား ထက်ဝက်ကို လက်နက်တပ်ဆင်ပေးမည်ဟု PDF တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူးပြော

(SOGစစ်ကြောင်းကို NUG ကာကွယ်ရေးတပ်ဆင်ပေးသည့် လက်နက်များ၊ ဓာတ်ပုံ − SOG)
(SOGစစ်ကြောင်းကို NUG ကာကွယ်ရေးတပ်ဆင်ပေးသည့် လက်နက်များ၊ ဓာတ်ပုံ − SOG)

ဟန်နွေ/People’s Spring

ကရင်ပြည်နယ် စစ်ဆင်ရေးများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ စစ်ဆင်ရေးများဆင်နွှဲနေသည့် Special Operation Group (S.O.G)စစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊(NUG)၊ကာကွယ်ရေးဝန်ကြီးဌာနက ပထမဆုံးအကြိမ် လက်နက်တပ်ဆင်မှု အခမ်းအနား ဒီဇင်ဘာ ၇ရက်က ကျင်းပခဲ့သည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် SOGစစ်ကြောင်းရှိ ရဲဘော်အင်အား ထက်ဝက် (အင်အား စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်း)ကို လက်နက်တပ်ဆင်ရန် သဘောတူညီထားရာ ဒီဇင်ဘာ ၇ရက်တွင် ၂၀ရာခိုင်နှုန်းကို ပထမသုတ်အနေဖြင့် လက်ခံရရှိခဲ့ဟု SOGက အသိပေးသည်။

(SOGစစ်ကြောင်းကို NUG ကာကွယ်ရေးတပ်ဆင်ပေးသည့် လက်နက်များ၊ ဓာတ်ပုံ − SOG)
(SOGစစ်ကြောင်းကို NUG ကာကွယ်ရေးတပ်ဆင်ပေးသည့် လက်နက်များ၊ ဓာတ်ပုံ − SOG)

အဆိုပါ လက်နက်တပ်ဆင်မှု အခမ်းအနားသို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဒုတိယစစ်ဒေသမှူး(၂) ရဲဘော်စောရှား တက်ရောက်ခဲ့ရာ လက်နက်တပ်ဆင်ရန် ကျန်ရှိနေသော ရဲဘော်အင်အား၏ ၃၀ ရာခိုင်နှုန်းကို ဒုတိယအကြိမ် အဖြစ် အပ်နှင်းသွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

SOG စစ်ကြောင်းအနေဖြင့် NUG၏ ညွှန်ကြားချက်နှင့်အညီ စစ်အာဏာရှင်တော်လှန်ရေး လုပ်ငန်းဆောင်တာများကို ဆက်လက်‌၍ အရှိန်အဟုန်မြှင့်ကာ တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။

SOGအနေဖြင့် ယခုနှစ်အတွင်း KNLA တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ် ဖိုးချိမှူးစခန်းသိမ်းတိုက်ပွဲ၊ ကျိုက်ဒုံဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲ၊ ရေတလျောက်စခန်း နှင့် ကွီလုံတိုင် စခန်း၊ မြ၀တီမြို့နယ်ရှိ စုကလိစခန်း သိမ်းတိုက်ပွဲများ၌ တော်လှန်ရေးပူးပေါင်းတပ်များနှင့်အတူ ပါဝင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကျင့်ဝတ်မဲ့စွာ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသည့် တရုတ်နိုင်ငံ၏ လုပ်ရပ်အပေါ် NUG အပါအဝင် တော်လှန်ရေးအင်အားစုများက လက်မခံကြောင်း ထုတ်ဖော် အသိပေးထားသည်။

သတင်း

သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်က ၎င်းသည် တော်လှန်ရေးနယ်မြေ၌ရှိနေကြောင်း မှတ်တမ်းဓာတ်ပုံများကို ဒီဇင်ဘာလ ၃ရက်ညက ထုတ်ဖော်ပြသလာသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးကို ဒီဇင်ဘာ ၃ရက် နံနက်က ကျင်းပစဉ် ယာယီသမ္မတက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

သတင်း

▪︎ဖမ်းဝရမ်းထုတ်ခံရမည့် တရားခံအား နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ရေး အစွမ်းကုန်အရှိန်မြှင့်ကြိုးပမ်းမည်ဟု ကတိပြု အီယိုရီ/People’s Spring အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ပတ်သက်ဆက်စပ်သူအားလုံး ပျက်စီးဆုံးရှုံးမှုများကိုသာ မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ကြရမည်ဖြစ်ပြီး စစ်တပ်အတွင်းရှိ တပ်မတော်သားများအားလုံး လုံခြုံရေးကဏ္ဍအသစ်ကို ဆောင်ရွက်ကြရန် NUG နှင့် K2C(KNU၊ KNPP၊ CNF)တို့က နိုဝင်ဘာ ၃၀ရက်တွင်...

Facebook