close
Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယက တော်လှန်ရေးအင်အားစုအချို့အား ထိတွေ့ဆက်ဆံမှု ‘မျှတသောဆက်ဆံခြင်း’အခြေခံမူကို လိုက်နာကျင့်သုံးရန် လိုအပ်

အိန္ဒိယအစိုးရအရာရှိများက အာရက္ခတပ်တော်(AA)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ချင်းညီနောင်အဖွဲ့(CB)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။

(မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်ခေါဒါရ်မြို့ရှိ နယ်စပ်ဂိတ်ကို CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် ချင်းအလံလွှင့်ထူထားစဉ်။ ဓာတ်ပုံ - Chinland Information Center)
(မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်ခေါဒါရ်မြို့ရှိ နယ်စပ်ဂိတ်ကို CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် ချင်းအလံလွှင့်ထူထားစဉ်။ ဓာတ်ပုံ - Chinland Information Center)

အီယိုရီ/People’s Spring

အိန္ဒိယအစိုးရသည် အကြမ်းဖက်စစ်အုပ်စု၊ ၎င်းတို့နှင့်နီးစပ်သော အဖွဲ့အစည်းများကို တရားဝင်ဖိတ်ကြားမှုဖြင့် တွေ့ဆုံသော်လည်း ပြည်သူ့တော်လှန်ရေးအင်အားစုအချို့အား တရားဝင်မဟုတ်သော နည်းလမ်းဖြင့် တွေ့ဆုံမှုသည် လုံးဝမှားယွင်းသော ချဥ်းကပ်မှုဖြစ်ကြောင်း India For Myanmar အပါအဝင် အရပ်ဖက်အဖွဲ့အစည်းလေးခုက ယနေ့(ဒီဇင်ဘာ ၅ရက်)ပူးတွဲထုတ်ပြန်သည်။

မတရားအာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် မြန်မာပြည်တွင်းပဋိပက္ခ ဖြေရှင်းနိုင်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အိန္ဒိယအစိုးရအနေဖြင့် အလေးထားစဉ်းစား၍ ကူညီပံ့ပိုးပေးရန် သက်ဆိုင်ရာ တာဝန်ရှိခေါင်းဆောင်အချို့နှင့် စတင်စကားပြောဆိုခြင်းအပေါ် မြန်မာပြည်သူများနှင့် တော်လှန်ရေး အင်အားစုများကိုယ်စား လှိုက်လှဲစွာ ကြိုဆိုထောက်ခံကြောင်း ဖော်ပြသည်။ ပူးတွဲသဘောထားထုတ်ပြန်သော အဖွဲ့အစည်းလေးခုမှာ India For Myanmar၊ Blood Money Campaign(BMC)၊ Defend Myanmar Democracy(DMD)နှင့် Generations’ Solidarity Coalition of Nationalities(GSCN)တို့ ဖြစ်သည်။

(မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်ခေါဒါရ်မြို့ရှိ နယ်စပ်ဂိတ်ကို CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် ချင်းအလံလွှင့်ထူထားစဉ်။ ဓာတ်ပုံ - Chinland Information Center)
(မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်ခေါဒါရ်မြို့ရှိ နယ်စပ်ဂိတ်ကို CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် ချင်းအလံလွှင့်ထူထားစဉ်။ ဓာတ်ပုံ – Chinland Information Center)

“တော်လှန်ရေးအင်အားစုတွေကို အပြုသဘောဆောင်ပြီးတော့ စတင်တွေ့ဆုံတဲ့အချိန်မှာ ဘာမှ ထုတ်ပြန်ချက်လည်း မလုပ်၊ စနစ်တကျ တွေ့ဆုံတာမျိုး မဟုတ်ဘဲနဲ့ တစ်ဖွဲ့ချင်းစီတွေ့ဆုံပြီးတော့ တိုးတိုးတိတ်တိတ် လုပ်ဆောင်တဲ့အပေါ် မှားယွင်းတဲ့ ချဥ်းကပ်မှုဖြစ်တယ်၊ ဒီလိုတော့ မဖြစ်သင့်ဘူး။ အနည်းဆုံးမျှတတဲ့ ဆက်ဆံခြင်းမျိုးနဲ့ စတင်ချဥ်းကပ်မှသာလျှင် မြန်မာ့အရေးမှာ အဖြေကောင်းထွက်မယ်ဆိုပြီးတော့ အကြံပြုတဲ့သဘောပါ” ဟု India For Myanmar တည်ထောင်သူ ကိုဆလိုင်းဒိုခါရ်က ပြောသည်။

Public Service Announcement

Public Service Announcement

အိန္ဒိယအစိုးရသည် ပြီးခဲ့သည့် နိုဝင်ဘာတွင် စစ်ကောင်စီ၏ ဒုတိယဗိုလ်ချုပ်ကြီးနှစ်ဦးခေါင်းဆောင်ကာ NCA လက်မှတ်ထိုးထားပြီး စစ်ကောင်စီနှင့် လက်ရှိ ထိတွေ့ဆက်ဆံနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ကိုယ်စားလှယ်များနှင့် စစ်ကောင်စီထံ မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီအချို့မှ ကိုယ်စားလှယ်များအား ဖိတ်ခေါ်ကာ တရားဝင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

တဖက်တွင်လည်း အိန္ဒိယအစိုးရသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် စစ်ကောင်စီအား တော်လှန်တိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကိုလည်း တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုကိုမူ အိန္ဒိယအစိုးရက ထုတ်ဖော်ပြောကြားခြင်းမရှိသကဲ့သို့ ဖိတ်ကြားခံရသော အဖွဲ့များကလည်း တစုံတရာသတင်းထုတ်ပြန်ခြင်းမရှိပေ။

အိန္ဒိယအစိုးရအရာရှိများက အာရက္ခတပ်တော်(AA)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ချင်းညီနောင်အဖွဲ့(CB)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။

လက်ရှိမြန်မာနိုင်ငံအတွင်း ကြုံတွေ့နေရသော ပဋိပက္ခဖြေရှင်းနိုင်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိနိုင်ရေး အတွက် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအစိုးရများအနေဖြင့် ကူညီပံ့ပိုးလိုပါက ပြည်သူ့တော်လှန်ရေး အင်အားစုများနှင့် အကြမ်းဖက်စစ်အုပ်စု၊ ၎င်းနှင့် နီးစပ်သော အဖွဲ့အစည်းများအကြား “မျှတသောဆက်ဆံခြင်း” ကို အခြေခံမူအဖြစ် မဖြစ်မနေ လိုက်နာကျင့်သုံးရန် လိုအပ်ကြောင်း အထက်ပါအရပ်ဖက်အဖွဲ့အစည်းလေးခုက ထောက်ပြသည်။

ထို့ကြောင့် အိန္ဒိယအစိုးရသည် မြန်မာ့ပဋိပက္ခ ကူညီဖြေရှင်းမှု အောင်မြင်နိုင်ရေးအတွက် မျှတသော ဆက်ဆံခြင်းအား ခိုင်မာသော မူတရပ်အဖြစ်ထည့်သွင်းပြီး မြန်မာနိုင်ငံအရေးတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပါဝင်ပက်သက်နေသော ပြည်တွင်း၊ ပြည်ပ အင်အားစုအားလုံးနှင့် လက်တွဲကာ မြန်မာပြည်သူများလိုလားသော နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ရလဒ်များ ပေါ်ထွက်လာသည်အထိ ဦးဆောင်ကူညီပေးရန် အလေးအနက် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်တာနက် လမ်းညွှန် မြေပုံစနစ် Google Mapကို အသုံးပြုခဲ့ရာက လူ ၃ ဦး ဆောက်လုပ်စ တံတားပေါ်က ပြုတ်ကျ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း အိန္ဒိယ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အစုလိုက် သတ်ဖြတ်ခံထားရသူ ၆ ဦးရဲ့ အလောင်းတွေကို ရှာတွေ့ခဲ့တဲ့နောက် အိန္ဒိယနိုင်ငံ၊ မဏိပူရ ပြည်နယ်ထဲမှာ လူမျိုးရေး ပဋိပက္ခတွေ ပြန်လည် ခေါင်းထောင်လာခဲ့ပါတယ်။

နိုင်ငံတကာ

ရာဇဝတ်မှု ကျူးလွန်ကြောင်း စွပ်စွဲခံရသူတွေရဲ့ နေအိမ်တွေကို အာဏာပိုင်တွေက ဖြိုချခွင့် မရှိဘူးလို အိန္ဒိယ တရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။

နိုင်ငံတကာ

ပြည်နယ် ဝန်ကြီးချုပ် ပွတ်ရှ်ကာဒါမီကလည်း သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေရဲ့ မိသားစုတွေအတွက် သီးခြား ငွေကြေး အကူအညီတွေ ပေးအပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

Trending

Facebook