close
Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံရပြီး အရာရှိအပါအဝင် နှစ်ဦးသေ

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူများတွင် စစ်ကောင်စီတပ်ကြပ်တင်အောင်နှင့် ဗိုလ်ကြီးသိန်းဝင်းဆိုသူနှစ်ဦး ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့ခြင်းဟု ၎င်းက ဆက်ပြောသည်။

(စစ်ကောင်စီတပ်သားများထံမှရရှိခဲ့သော လက်နက်ခဲ့ယမ်းများနှင့်အတူတွေ့ရသည့် တော်လှန်ရေးရဲဘော်များ။ ဓာတ်ပုံ − ပေးပို့)
(စစ်ကောင်စီတပ်သားများထံမှရရှိခဲ့သော လက်နက်ခဲ့ယမ်းများနှင့်အတူတွေ့ရသည့် တော်လှန်ရေးရဲဘော်များ။ ဓာတ်ပုံ − ပေးပို့)

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ဆိုင်ကယ်များဖြင့်လာသော စစ်ကောင်စီတပ်သားများအား တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး လက်နက်ခဲ့ယမ်းအချို့ရရှိခဲ့ကြောင်း မြေအောက်ပြောက်ကျား တပ်ဖွဲ့-အုတ်ဖိုမှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဒီဇင်ဘာ ၄ ရက် နံနက် ၉ နာရီခွဲခန့်က အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာအခြေစိုက် ခမရ(၆)မှ ဆိုင်ကယ်လေးစီးဖြင့်လာသည့် စစ်ကောင်စီတပ်သားများအား စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

“ဆိုင်ကယ်လေးစီး စကစ (၈)ယောက်။ အဲဒီစကစ ဆိုင်ကယ်တွေတက်လာတာကို ရှေ့ကနေစောင့်ပစ်တာပါ”ဟု တိုက်ခိုက်မှုနှင့်စပ်လျဥ်းပြီး မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူများတွင် စစ်ကောင်စီတပ်ကြပ်တင်အောင်နှင့် ဗိုလ်ကြီးသိန်းဝင်းဆိုသူနှစ်ဦး ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့ခြင်းဟု ၎င်းက ဆက်ပြောသည်။

တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု ၈ မိနစ်ခန့်ကြာမြင့်ပြီး ထိခိုက်သေဆုံးမှုမရှိဘဲကျန်နေသည့် စစ်ကောင်စီတပ်သားများမှာ ၎င်းတို့၏ဆိုင်ကယ်များဖြင့် ခလရ(၆)တပ်ဝန်းအတွင်းသို့ ပြန်ဆုတ်သွားကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီတပ်သားများထွက်ပြေးသွားပြီးနောက် ၎င်းတို့ကျန်ရစ်ခဲ့သော MA3 သေနတ်အသစ်တစ်လက်နှင့် ကျည်များအပါအဝင် ခမရ(၆)တပ်၏ လျှို့ဝှက်စာရွက်စာတမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖိုက အသိပေးသည်။

ယခုစစ်ဆင်ရေး လုပ်ဆောင်နိုင်ရန် သတင်းပေးပို့ခဲ့သည့် တပ်တွင်းဖရဲသီးအား လေးစားစွာ မှတ်တမ်းတင်အပ်ပြီး ဆက်လက်၍လည်း စစ်ကောင်စီနှင့် ၎င်း၏ထောက်တိုင်များကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရဲဘော်ငါးဦးမှာ လက်နက်ကြီးစထိမှန်၍ ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး စိုးရိမ်ရသည့်အခြေအနေမရှိကြောင်း တိုက်ခိုက်မှုတွင်ပါဝင်သော ကီးကူစစ်ကြောင်းက အသိပေးသည်။

သတင်း

ကျားဖြန့်လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၁၈ ဦးနှင့် မြန်မာနိုင်ငံသား ၂၇ ဦးကို ဒီဇင်ဘာ ၂ ရက်‌ကဖမ်းဆီးခဲ့ခြင်းဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

သတင်း

တိုက်ပွဲများဖြစ်ပွားစဉ် စစ်ကောင်စီတပ်မှ လေကြောင်းကို အဓိကအသုံး ပြုကာပစ်ကူပေးခဲ့ကြောင်း၊ ထို့ပြင် စားနပ်ရိက္ခာများကိုလည်း လေကြောင်းမှ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။

သတင်း

စစ်ကောင်စီဘက်က အင်အားအလုံးအရင်းအသုံးပြု ထိုးစစ်ဆင်လာ၍ တော်လှန်ရေး ပူးပေါင်းတပ်များသည် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းသို့ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

Trending

Facebook