close
Connect with us

Hi, what are you looking for?

သတင်း

တန့်ယန်းမှကျားဖြန့်လုပ်ငန်းများ စစ်ကောင်စီနှင့် ၀ မထိန်းချုပ်ဟုဒေသခံများ ပြော

ကျားဖြန့်လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၁၈ ဦးနှင့် မြန်မာနိုင်ငံသား ၂၇ ဦးကို ဒီဇင်ဘာ ၂ ရက်‌ကဖမ်းဆီးခဲ့ခြင်းဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

(တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားများကို ဝတပ်ဖွဲ့က ဖမ်းဆီးပြီး တရုတ်အစိုးရထံ လွှဲအပ်နေသည်ကို နိုဝင်ဘာ ၂၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - WSTV)
(တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားများကို ဝတပ်ဖွဲ့က ဖမ်းဆီးပြီး တရုတ်အစိုးရထံ လွှဲအပ်နေသည်ကို နိုဝင်ဘာ ၂၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - WSTV)

အိမ်သွင်/People’s Spring

စစ်ကောင်စီနှင့် ဝ တပ်ဖွဲ့ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့တွင် ကျားဖျန့် ငွေလိမ်လုပ်ငန်းအများအပြားရှိနေပြီး ထိန်းချုပ်နိုခြင်းမရှိကြောင်း မြို့ခံများက ပြောသည်။

တန့်ယန်းမြို့နယ်၊ နောင်ဟီးကျေးရွာမှ နေအိမ်တစ်လုံးတွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသူ ၄၅ဦးဖမ်းမိကြောင်း စစ်ကောင်စီက ယနေ့(ဒီဇင်ဘာ ၆ရက်) ထုတ်ပြန်ထားပြီး ယင်းသတင်းသည် မြေပြင်အခြေအနေကိုမထင်ဟပ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

” တန့်ယန်းမှာ ကျားဖြန့်တွေ များမှများပဲ။ ဒါကို မျက်နှာလွှဲထားပြီး အနည်းအကျဉ်းပဲ ဖမ်းပြနေတာ။ ၀(UWSA)လည်း သိတယ်။ စစ်တပ်လည်း သိတယ်”ဟု တန့်ယန်းမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကျားဖြန့်လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၁၈ ဦးနှင့် မြန်မာနိုင်ငံသား ၂၇ ဦးကို ဒီဇင်ဘာ ၂ ရက်‌ကဖမ်းဆီးခဲ့ခြင်းဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

လက်ရှိတွင် တန့်ယန်းမြို့ကို စစ်ကောင်စီတပ်ရော ဝတပ်ဖွဲ့ကပါ ထိန်းချုပ်ထားသည်။ မူလက စစ်ကောင်စီသာ အုပ်ချုပ်နေရာမှ ပြီးခဲ့သည့်ဇွန်လက MNDAA၏ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း လားရှိုးမြို့တိုက်ခိုက်သိမ်းပိုက်နေစဉ် ဒေသချင်းဆက်စပ်နေသော တန့်ယန်းမြို့ကို ဝ ကဝင်ရောက်တပ်စွဲခဲ့သည်။ ထို့နောက်ပိုင်း၌ စစ်ကောင်စီတပ်ရော ဝတပ်ဖွဲ့ကပါ ထိန်းချုပ်ထားသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည်နိုဝင်ဘာကလည်း တန့်ယန်းမြို့မှ ကျားဖြန့်လုပ်ငန်းများနှင့် ဆက်စပ်သူ လူဦးရေ တစ်ထောင်ကျော်ကို ၀တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ယင်းတို့အထဲမှ တရုတ်နိုင်ငံသား ၇၆၂ ဦးကို တရုတ်အစိုးရထံ လွှဲပြောင်းပေးခဲ့သည်။ထိုသို့ လွှဲပြောင်းစဉ်က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကျားဖြန့်လုပ်ငန်းများနှိမ်နှင်းနိုင်ပြီးစီးပြီဟု တရုတ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

သို့သော် စစ်ကောင်စီနှင့် ၀ တပ်ဖွဲ့ထိန်းချုပ်ထားသည့် တန့်ယန်းတွင် ကျားဖြန့်လုပ်ငန်းများထပ်မံဖမ်းမိခြင်းဖြစ်ပြီး အများအပြားနဲ့ကျန်ရှိနေသေးကြောင်း ဒေသခံများက ပြောသည်။

” နိုင်ငံရေးကစားကြတာမှာ တန့်ယန်းလည်း ဘယ်ခွေးအဖေခေါ်ရမှန်းမသိတာ။ ၀ ကအုပ်ချုပ်သလိုလို၊ စစ်တပ်ကအုပ်ချုပ်သလိုလိုနဲ့။ ဒီကြားထဲမှာ တန့်ယန်းမှာက ကျားဖြန့်တွေ များလာတယ်။ လူစုံလာတယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တန့်ယန်းအပြင် မူဆယ်မြို့နယ်၊ ကရင်ပြည်နယ်မှ BGFနှင့် DKBA ထိန်းချုပ်ဒေသများ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ တာချီလိတ်မြို့နယ်၊ မိုင်းဆတ်မြို့နယ်နှင့် ရန်ကုန်မြို့တို့တွင်လည်း ကျားဖြန့်လုပ်ငန်းများရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရဲဘော်ငါးဦးမှာ လက်နက်ကြီးစထိမှန်၍ ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး စိုးရိမ်ရသည့်အခြေအနေမရှိကြောင်း တိုက်ခိုက်မှုတွင်ပါဝင်သော ကီးကူစစ်ကြောင်းက အသိပေးသည်။

သတင်း

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူများတွင် စစ်ကောင်စီတပ်ကြပ်တင်အောင်နှင့် ဗိုလ်ကြီးသိန်းဝင်းဆိုသူနှစ်ဦး ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့ခြင်းဟု ၎င်းက ဆက်ပြောသည်။

သတင်း

တိုက်ပွဲများဖြစ်ပွားစဉ် စစ်ကောင်စီတပ်မှ လေကြောင်းကို အဓိကအသုံး ပြုကာပစ်ကူပေးခဲ့ကြောင်း၊ ထို့ပြင် စားနပ်ရိက္ခာများကိုလည်း လေကြောင်းမှ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။

သတင်း

စစ်ကောင်စီဘက်က အင်အားအလုံးအရင်းအသုံးပြု ထိုးစစ်ဆင်လာ၍ တော်လှန်ရေး ပူးပေါင်းတပ်များသည် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းသို့ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

Trending

Facebook