close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာရေတပ် ဖမ်းသွားတဲ့ ထိုင်းငါးဖမ်းလှေ လုပ်သားတွေ ပြန်လွတ်ပြီလို့ ထိုင်းအတည်ပြု

မြန်မာ ရေတပ်က ဖမ်းဆီးသွားတဲ့ ထိုင်းနိုင်ငံသား ငါးဖမ်းလှေလုပ်သား ၄ ယောက် ပြန်လည် လွတ်မြောက်လာပြီလို့ ထိုင်းအာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

မြန်မာ ရေတပ်က ဖမ်းဆီးသွားတဲ့ ထိုင်းနိုင်ငံသား ငါးဖမ်းလှေလုပ်သား ၄ ယောက် ပြန်လည် လွတ်မြောက်လာပြီလို့ ထိုင်းအာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက အဲဒီသတင်းကို ဒီဇင်ဘာ ၆ ရက်နေ့မှာ အတည်ပြု ကြေညာခဲ့ပါတယ်။ မြန်မာ အာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်တဲ့ ငါးဖမ်းလှေ လုပ်သား ၄ ယောက်ဟာ မကြာခင် ထိုင်းကို ပြန်ရောက်လာမယ်လို့ မျှော်လင့်ကြောင်းလည်း ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့က ထိုင်းနိုင်ငံရဲ့ ရနောင်းကမ်းလွန် မြန်မာ့ရေပိုင်နက်ထဲ နယ်ကျော်ဝင်ရောက်နေတဲ့ ထိုင်းငါးဖမ်းလှေတွေကို မြန်မာရေတပ်က ဖမ်းဆီးခဲ့ပါတယ်။ အဲဒီဖြစ်ရပ်မှာ ရေတပ်ဖက်က ပစ်ခတ်မှုတွေ ရှိခဲ့ပြီး ကြောက်လန့်တကြား ရေထဲ ခုန်ချတဲ့ ငါးဖမ်းလှေ ဝန်ထမ်းတစ်ယောက် ရေနစ် သေဆုံးခဲ့ပါတယ်။

အဲဒီနောက် မြန်မာရေတပ်ဟာ ထိုင်း ၄ ယောက်နဲ့ မြန်မာ ၂၉ ယောက်ကို မြန်မာနိုင်ငံ ပိုင်နက်ဖက်ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။ အစောပိုင်းတုန်းက အခင်းဖြစ်တဲ့ နေရာဟာ ထိုင်းရေပိုင်နက်ထဲမှာဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် နောက်တော့ ထိုင်းအာဏာပိုင်တွေက မြန်မာ ရေပိုင်နက်ထဲ ငါးခိုးဖမ်းရင်း ပြဿနာ ကြုံခဲ့တာလို့ အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရ အရာရှိ နစ်ခွန်ဒက်ဂျ် ဘာလန်ကူရာက ပြန်လွတ်လာမယ့် ထိုင်းနိုင်ငံသားတွေကို လက်ခံဖို့ နယ်ခြားဂိတ် တစ်ခုမှာ အစစ အရာရာ စီစဉ်ထားပြီး ဖြစ်တယ်လို့ ဒီဇင်ဘာ ၆ ရက်နေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အဲဒီ ထိုင်း ၄ ယောက်နဲ့အတူ အဖမ်းခံခဲ့ရတဲ့ မြန်မာ ငါးဖမ်းလုပ်သား ၂၉ ယောက်ရဲ့ အခြေအနေကိုတော့ တိတိကျကျ မသိရသေးပါဘူး။

နိုဝင်ဘာ ၃၀ ရက်နေ့ ဖြစ်စဉ်တုန်းက ၁၅ စီးပါတဲ့ ထိုင်းငါးဖမ်းလှေ အုပ်စုထဲက ၂ စီးဟာ မြန်မာရေပိုင်နက်ထဲမှာ ပစ်ခတ်ဖမ်းဆီးမှု အခြေအနေမျိုး ကြုံခဲ့တာလို့ ထိုင်းအာဏာပိုင်တွေက အစောပိုင်းမှာ ပြောကြားထားပါတယ်။ တစ်ဖက်မှာလည်း ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနက မြန်မာရေတပ်ဟာ လှေတွေကို ချိန်ရွယ် ပစ်ခတ်တာထက် ခြောက်လှန့်ပစ်ခတ်မှုမျိုး ဖြစ်နိုင်ခြေ ရှိတယ်လို့လည်း မှတ်ချက် ပေးခဲ့ပါတယ်။

ဒါပေမဲ့ အခုကိစ္စမှာ သေနတ်ပစ်ဖောက်မှုကို အတည်ပြုနိုင်တာကြောင့် ထိုင်းငါးဖမ်းလှေတွေဟာ လွန်လွန်ကဲကဲ အင်အားသုံး ခံရတဲ့ အခြေအနေမျိုး ရှိခဲ့သလား ဆိုတာကို စုံစမ်းစစ်ဆေးဖို့ သက်ဆိုင်ရာ အေဂျင်စီတွေကို ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထရာက ညွှန်ကြားထားကြောင်း သိရပါတယ်။

ကိုးကား: RFA

ဆက်စပ်သတင်းများ

သတင်း

မြန်မာရေတပ်က ဖမ်းဆီးထိန်းသိမ်းတာ ခံထားရတဲ့ ထိုင်းနိုင်ငံသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ထိုင်းအစိုးရက တောင်းဆိုထားကြောင်း သိရပါတယ်။

သတင်း

ထိုင်းရဲ့ဆိုက်ဘာလုံခြုံရေး အာဏာပိုင်တွေ၊ ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး မြန်မာ၊ လာအိုတို့နဲ့ နယ်စပ်တွေမှာ တရားမဝင် သွယ်တန်းထားတဲ့ အင်တာနက် ကေဘယ်လ်ကြိုးတွေ၊ ဆက်သွယ်ရေး တာဝါတိုင်တွေကို စုံစမ်းဖော်ထုတ်နေခဲ့တာ ဖြစ်ပါတယ်။

သတင်း

ထိုင်းနဲ့ မြန်မာတို့ဟာ ကပ္ပလီပင်လယ်အပါအဝင် ရေပြင်ရော၊ ကုန်းမြေပါ စုစုပေါင်း ၂၄၀၀ ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ်မျိုး ထိစပ်နေပါတယ်။

သတင်း

▪︎ငါးဖမ်းလုပ်သား ၃၀ ​ကျော်ကိုလည်း စစ်တပ်ကဖမ်းဆီးသွား -People’s Spring မြန်မာ စစ်သင်္ဘော တစ်စီးက ထိုင်းငါးဖမ်းလှေတွေကို ပစ်ခတ်မှုကြောင့် ၁ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ထိုင်းငါးဖမ်းလုပ်သား ၃၀ ကျော်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ထိုင်းမီဒီယာ တစ်ခုက ဖော်ပြခဲ့ပါတယ်။ နိုဝင်ဘာ ၃၀...

Trending

Facebook