close
Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးရှိ ကိုရီးယားဘာသာစကားသင်တန်းကျောင်း လေကြောင်းတိုက်ခိုက်ရာ သင်တန်းသားနှစ်ဦး သေဆုံး

စစ်ရေးအပါအဝင် အဘက်ဘက်မှ ရှုံးနိမ့်နေသောစစ်ကောင်စီသည် တော်လှန်ရေးအားကောင်းသောဒေသများအား လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

(နဘဲမြစ်ရွာရှိ ကိုရီးယားဘာသာစကားသင်တန်းကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-နွားထိုးကြီးသတင်းစုံ)
(နဘဲမြစ်ရွာရှိ ကိုရီးယားဘာသာစကားသင်တန်းကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-နွားထိုးကြီးသတင်းစုံ)

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီက ကိုရီးယားဘာသာစကားသင်တန်းကျောင်း လေကြောင်းတိုက်ခိုက်ရာ သင်တန်းသား နှစ်ဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ ၂ ရက် ညနေ ၄နာရီခွဲခန့်က နွားထိုးကြီးမြို့နယ်၊ နဘဲမြစ်​ကျေးရွာရှိ ကိုရီးယားဘာသာစကားသင်တန်းကျောင်းကို ဗုံးကြဲတိုက်ခိုက်ရာ ကျောင်းတစ်ခုလုံး ပျက်စီးပြီး သင်တန်းသား နှစ်ဦး ပွဲချင်းပြီးသေဆုံးကြောင်း နွားထိုးကြီးသတင်းစုံတာဝန်ခံက ပြောသည်။

“သေဆုံးတဲ့ကျောင်းသား နှစ်ဦးက တစ်ဦးက ပြင်ဦးလွင်ဘက်က၊ နောက်တစ်ဦးက မြင်းမူဘက်ကလို့ သိရတယ်။ ကျောင်းသားတစ်ဦးကတော့ တင်ပါးဗုံးစစိုက်လို့ မန္တလေးမှာ အရေးပေါ်ဆေးကုနေရတယ်။”ဟု ၎င်းက ​ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းတိုက်ခိုက်ခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

နဘဲမြစ်ကျေးရွာသည် နွားထိုးကြီးမြို့၏ အရှေ့မြောက်ဘက်တွင်တည်ရှိပြီး လွန်ခဲ့သည့်နှစ်လ အောက်တိုဘာ ၃ ရက်ကလည်း လေကြောင်းတိုက်ခိုက်ခံရပြီး ရွာခံအမျိုးသားနှစ်ဦး သေဆုံးခဲ့သေးသည်။

စစ်ရေးအပါအဝင် အဘက်ဘက်မှ ရှုံးနိမ့်နေသောစစ်ကောင်စီသည် တော်လှန်ရေးအားကောင်းသောဒေသများအား လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

နိုဝင်ဘာ ၃၀ ရက်ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သီလရှင် အပါအဝင် သေဆုံးသူ၁၀ ဦးထက်မနည် ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းညီနောင်အဖွဲ့ဝင် မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF)ကလည်း မင်းတပ်မြို့သိမ်းတိုက်ပွဲ အောင်မြင်အောင် ဆင်နွှဲမည်ဟု အသိပေးထုတ်ပြန်ထားသည်။

သတင်း

ဆီဆုံကုန်းရွာခံ အမျိုးသမီးအချို့နှင့် ကလေးငယ်များအပါအဝင် ဒေသခံကိုးဦး လက်နက်ကြီးဆများထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ရှင်းပြသည်။

သတင်း

ဒဏ်ရာရသူများအနက် အသက် (၁၂)နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဒီဇင်ဘာ ၂ ရက်နံနက်က ထပ်မံသေဆုံးသွားခြင်းဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သတင်း

ရယ်ဗဇုန်စခန်းသိမ်းတိုက်ပွဲတွင် ခလရ (၂၂၂) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး သော်ဇင်လတ်အပါအဝင် စစ်တပ်အရာရှိ ၂ဦး၊ ရဲအရာရှိ ၁ဦး စုစုပေါင်း ၁၁ဦး သေဆုံးကာ ၁၉ဦးကို အရှင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။

Facebook