close
Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့နယ်တွင် စစ်ကောင်စီလက်နက်ကြီးထိမှန်၍ ပြည်သူ ၄ဦး ဒဏ်ရာရ

မူးမြို့နယ်အတွင်း စစ်ကောင်စီက ပြည်သူများကို ပစ်မှတ်ထား၍ လက်နက်ကြီးပစ်ခတ်ခဲ့ရာ နိုဝင်ဘာ ၂၀ရက် တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ခဲ့ခြင်းဖြစ်သည်။

မုန်းမြို့နယ်တွင် စစ်ကောင်စီလက်နက်ကြီးထိမှန်၍ ပြည်သူ ၄ဦး ဒဏ်ရာရ
မုန်းမြို့နယ်တွင် စစ်ကောင်စီလက်နက်ကြီးထိမှန်၍ ပြည်သူ ၄ဦး ဒဏ်ရာရ

ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြည်သူ ၄ဦး ဒဏ်ရာရခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။

မူးမြို့နယ်အတွင်း စစ်ကောင်စီက ပြည်သူများကို ပစ်မှတ်ထား၍ လက်နက်ကြီးပစ်ခတ်ခဲ့ရာ နိုဝင်ဘာ ၂၀ရက် တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ခဲ့ခြင်းဖြစ်သည်။

ကျောက်ကြီးမြို့နယ် နတ်သံကွင်းအခြေစိုက် စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၀ရက် နံနက်တွင် လက်နက်ကြီးများဖြင့် ဒေသတွင်းကျေးရွာများသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနောက်ဝက်တူးရွာတွင် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး (၄၀)ကျော်နှင့် (၅၀)ကျော်အရွယ် အမျိုးသမီး ၂ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဝက်တူးကျေးရွာသည် ကျောက်ကြီးမြို့နယ်ရှိကျေးရွာဖြစ်သော်လည်း KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ မုန်းမြို့နယ်၌ ပါဝင်သည်ဟု သတ်မှတ်ထားသည်။

ထို့ပြင် ကွင်းချောင်း၀အခြေစိုက် စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီးကြောင့် ဟော်ခို့ဂေါ်ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ကျေးရွာသို့ စစ်ရှောင်လာသည့် အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။

မုန်းမြို့နယ်အပါအဝင် KNU ညောင်လေးပင်ခရိုင်အတွင်း ကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီး လေကြောင်း၊ ဒရုန်း ပစ်မှတ်ထား တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၍ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းညီနောင်နှင့် မဟာမိတ်များသည် နိုဝင်ဘာ ၉ရက်ကစတင်ပြီး ဖလမ်းနှင့်မင်းတပ်မြို့ အခြေစိုက် စစ်ကောင်စီတပ်စခန်းများကို တပြိုင်တည်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

သတင်း

ပဲခူးတိုင်း၊ မုန်းမြို့တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီးတောင်ငူဆေးရုံ၌ ​ဆေးကုသမှုခံယူနေရသည်။

သတင်း

ရှေ့ဆက်ဖော်ဆောင်မည့် မြေပြန့်ဒေသလွတ်မြောက်ရေးတိုက်ပွဲအတွက် PDF စစ်သည်၊စစ်မေများအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဖိတ်ခေါ်လိုက်သည်။

သတင်း

စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာ ၂၁ရက်ညကလည်း ဆဒုံးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

Trending

Facebook