close
Connect with us

Hi, what are you looking for?

သတင်း

၁၀၂၇ စစ်ဆင်‌ရေးကြောင့် လွတ်မြောက်ခဲ့တဲ့ ဝက်ဝံနှစ်ကောင်

ကိုမိုင်းအိုက်နိုင်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးသတင်းတွေကို မြေပြင်ကွင်းဆင်းရယူရေးသားနေတဲ့ ရွှေဖီမြေသတင်းဌာနရဲ့ အယ်ဒီတာဖြစ်ပါတယ်။

(​လှောင်အိမ် အတွင်းမှ ဝက်ဝံ နှစ်​ကောင် ကို ​တောတွင်းသို့ ပြန်လွှတ်လိုက်လိုက်စဥ်။ ဓါတ်ပုံ-မိုင်းအိုက်နိုင်)
(​လှောင်အိမ် အတွင်းမှ ဝက်ဝံ နှစ်​ကောင် ကို ​တောတွင်းသို့ ပြန်လွှတ်လိုက်လိုက်စဥ်။ ဓါတ်ပုံ-မိုင်းအိုက်နိုင်)

ယောနသံ/People’s Spring

သီပေါမြို့မှာ ကိုးနှစ်ကြာ ထိန်းသိမ်းခံထားရတဲ့ ရှားပါးဝက်ဝံနှစ်ကောင်ကို တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ရဲ့မြို့သိမ်းတိုက်ပွဲအပြီး သဘာဝတောထဲကို ပြန်လွှတ်ပေးခဲ့ပြီး လွတ်မြောက်စေခဲ့ပြီဖြစ်ပါတယ်။

ရှာပါးဝက်ဝံနှစ်ကောင်ဟာ လွန်ခဲ့တဲ့ ကိုးနှစ် ၂၀၁၃ ခုနှစ်က သီပေါမြို့နယ်ထဲက တောတောင်ထူထပ်ရာဒေသဖြစ်တဲ့ နောင်ပစ်ရွာပတ်ဝန်းကျင်ကနေ မုဆိုးတစ်ယောက်က ဖမ်းဆီးခေါ်ဆောင်လာခဲ့တာပါ။

ဒီဝက်ဝံပေါက်စနှစ်ကောင်ကို မုဆိုးကကျွေးမွေးစောင့်ရှောက်ခဲ့ပြီး လိုချင်သူတွေက နွားနဲ့လာလဲသူကလဲ၊ ငွေနဲ့ လာဝယ်သူကဝယ်၊ ကား၊ဆိုင်ကယ်နဲ့ လာမြူစွယ်သူက မြူစွယ်နဲ့ ကြိုးစားခဲ့ကြပါတယ်။ဒါပေမယ့် မုဆိုးက သံယောဇဉ်ရှိလွန်းလို့ ဘယ်သူ့လက်ထဲမှ မအပ်ခဲ့ဘူးလို့ ၁၀၂၇ စစ်ဆင်ရေးသတင်းတွေ လိုက်ရင်း ဝက်ဝံလေးတွေသတင်းကိုပါ ရယူခဲ့တဲ့ ကိုမိုင်းအိုက်နိုင်က လူမှုကွန်ရက်ကတစ်ဆင့် ရှင်းပြထားပါတယ်။

Public Service Announcement

Public Service Announcement

(​လှောင်အိမ် အတွင်းမှ ဝက်ဝံ နှစ်​ကောင် ကို ​တောတွင်းသို့ ပြန်လွှတ်လိုက်လိုက်စဥ်။ ဓါတ်ပုံ-မိုင်းအိုက်နိုင်)
(​လှောင်အိမ် အတွင်းမှ ဝက်ဝံ နှစ်​ကောင် ကို ​တောတွင်းသို့ ပြန်လွှတ်လိုက်လိုက်စဥ်။ ဓါတ်ပုံ-မိုင်းအိုက်နိုင်)

ကိုမိုင်းအိုက်နိုင်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးသတင်းတွေကို မြေပြင်ကွင်းဆင်းရယူရေးသားနေတဲ့ ရွှေဖီမြေသတင်းဌာနရဲ့ အယ်ဒီတာဖြစ်ပါတယ်။

အဲ့ဒီဝက်ဝံနှစ်ကောင် အရွယ်ရောက်လာတဲ့အခါ သစ်တောဌာနက ကောက်ခါငင်ကာ လာဖမ်းသွားပါတော့တယ်။ ပေါက်စလေးကတည်းက နို့တိုက်မွေးခဲ့ရတဲ့ ဝက်ဝံလေးနှစ်ကောင်အပေါ် မုဆိုးနဲ့ သူ့မိသားစုဟာ အစိမ်းသက်သက် သံယောဇဉ်ဖြတ်ခဲ့ရပါတယ်။

၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းနဲ့အတူ သီပေါမြို့ကို TNLAက သိမ်းယူလိုက်တဲ့အခါ ဝက်ဝံလေးနှစ်ကောင်ရဲ့ ကံကြမ္မာလည်း အပြောင်းအလဲဖြစ်သွားပါတယ်။TNLAက သီပေါမြို့က စစ်ကောင်စီစခန်းတွေကိုတိုက်ခိုက်ပြီး အောက်တိုဘာလ ၁၂ရက်နေ့မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်တာပါ။

(​လှောင်အိမ် အတွင်းမှ ဝက်ဝံ နှစ်​ကောင် ကို ​တောတွင်းသို့ ပြန်လွှတ်လိုက်လိုက်စဥ်။ ဓါတ်ပုံ-မိုင်းအိုက်နိုင်)
(​လှောင်အိမ် အတွင်းမှ ဝက်ဝံ နှစ်​ကောင် ကို ​တောတွင်းသို့ ပြန်လွှတ်လိုက်လိုက်စဥ်။ ဓါတ်ပုံ-မိုင်းအိုက်နိုင်)

မြို့ခံတွေကို စစ်အာဏာရှင်လက်အောက်ကနေ လွတ်မြောက်စေခဲ့သလို တိုက်ပွဲထဲမှာဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကိုလည်း TNLAက ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့သစ်တောဌာနရဲ့ လှောင်အိမ်ထဲက ဝက်ဝံ နှစ်ကောင်ကိုလည်း သဘာဝတောထဲကို TNLAက ပြန်လွတ်ပေးလိုက်ပြီလို့ ကိုမိုင်းအိုက်နိုင်က အသိပေးထားပါတယ်။

ဒီလိုနဲ့ပဲ နှစ်ပေါင်းများစွာ ထိန်းသိမ်းခံခဲ့ရတဲ့ ဝက်ဝံကောင်ဟာ TNLAရဲ့ မြို့သိမ်းတိုက်ပွဲအောင်မြင်မှုနဲ့အတူ အခုအခါမှာတော့ သဘာဝတောထဲကို ပြန်လည်ရောက်ရှိသွားပြီဖြစ်ပါတယ်။

ဝက်ဝံဟာ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဥပဒေ ပုဒ်မ ၃၇(က)အရ လုံးဝကာကွယ်ထားတဲ့တောရိုင်းတိရစ္ဆာန် (Completely protected species)အဖြစ် သတ်မှတ်ထားပါတယ်။

(​လှောင်အိမ် အတွင်းမှ ဝက်ဝံ နှစ်​ကောင် ကို ​တောတွင်းသို့ ပြန်လွှတ်လိုက်လိုက်စဥ်။ ဓါတ်ပုံ-မိုင်းအိုက်နိုင်)
(​လှောင်အိမ် အတွင်းမှ ဝက်ဝံ နှစ်​ကောင် ကို ​တောတွင်းသို့ ပြန်လွှတ်လိုက်လိုက်စဥ်။ ဓါတ်ပုံ-မိုင်းအိုက်နိုင်)

မြို့ပြမှာ ဖြစ်တဲ့ စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲတွေကြောင့် အခုလို အိမ်မွေးခံ တောရိုင်းတိရစ္ဆာန်တွေ ပြန်လည်လွတ်မြောက်ကြသလို တောတောင်နေထဲမှာဖြစ်တဲ့တိုက်ပွဲတွေကြောင့်လည်း ဘေးလွတ်ရာကိုပြေးရင်း လူနေကျေးရွာ‌တွေဆီရောက်လာလို့ အသတ်ခံရတဲ့ တောရိုင်းတိရစ္ဆာန်တွေလည်းရှိပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက သံတွဲမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေခဲ့ချိန် ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့ ဧရာဝတီတိုင်း ကြံခင်းမြို့နယ်ထဲကို ဝက်ဝံတစ်ကောင် ထွက်ပြေးရောက်ရှိလာခဲ့ပါတယ်။ အရပ် ၆ပေခန့် အနည်းဆုံးရှိတဲ့ အဲဒီဝက်ဝံဟာ ဒေသခံတွေနဲ့ ပက်ပင်းတိုးပြီး လူနဲ့ဝက်ဝံပဋိပက္ခဖြစ်ခဲ့ပါတယ်။ လူတစ်ဦးဒဏ်ရာရခဲ့သလို ဝက်ဝံကိုလည်း ဒေသခံတွေက ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

အခုလည်း မွေးကင်းစကတည်းက သဘာဝအတိုင်းမကြီးပြင်းခဲ့ရဘဲ လူနဲ့နေခဲ့ရပြီး အခုမှ သဘာဝ တောထဲကို ပြန်ရောက်သွားတဲ့ သီပေါမြို့က ဝက်ဝံနှစ်ကောင်အတွက် စိုးရိမ်သူတွေလည်းရှိနေပါတယ်။

“သူတို့ဟာ သဘာဝအတိုင်းမကြီးပြင်းခဲ့ရဘူး။လူက ကျွေးခဲ့တာမို့ အစာလည်းရှာမစားတတ်တော့ဘူး။ အခုတော့ထဲမှာ သဘာဝအတိုင်း နေနိုင်ဖို့ တော်တော်လေးအခက်ကြုံနိုင်ပါတယ်” လို့ တိရိစ္ဆာန်ချစ်သူတစ်ဦးက ဆိုပါတယ်။

ကိုမိုင်းအိုက်နိုင်ကတော့ ” သူတို့စားသောက်ဖို့ အဆင်ပြေမယ့်နေရာကို သေချာစီစဉ်ရွေးချယ်ပြီး လွှတ်ပေးတာလို့ ပြောတယ်” လို့ သူသိရှိထားတဲ့အခြေအနေကို လူမှုကွန်ရက်ကတစ်ဆင့်ပြန်ရှင်းပြထားပါတယ်။

တောရိုင်းတိရစ္ဆာန်တွေနဲ့ပတ်သက်လို့ အသိပညာပေးမျှဝေနေတဲ့ Native Species Conservation and Identification in Myanmar ကတော့ တောရိုင်းဝက်ဝံတွေရဲ့သဘာဝနဲ့ လူနဲ့ ပဋိပက္ခမဖြစ်ရေး အခုလိုရှင်းပြထားပါတယ်။

(​လှောင်အိမ် အတွင်းမှ ဝက်ဝံ နှစ်​ကောင် ကို ​တောတွင်းသို့ ပြန်လွှတ်လိုက်လိုက်စဥ်။ ဓါတ်ပုံ-မိုင်းအိုက်နိုင်)
(​လှောင်အိမ် အတွင်းမှ ဝက်ဝံ နှစ်​ကောင် ကို ​တောတွင်းသို့ ပြန်လွှတ်လိုက်လိုက်စဥ်။ ဓါတ်ပုံ-မိုင်းအိုက်နိုင်)

ဝက်ဝံတွေက လူတွေထက် အင်အားအဆမတန်ကြီးတာကြောင့် သူတို့နဲ့ တစ်ယောက်ထဲထိပ်တိုက်ရင်ဆိုင်ဖို့မသင့်ဘဲ လူအုပ်စုလိုက် သွားလာသင့်ကြောင်းနဲ့ လိုအပ်ရင် ဝက်ဝံတွေမကပ်လာရဲအောင် ဆူညံသံတွေပေးပြီး သွားရမယ်လို့ အကြံပြုထားပါတယ်။

” ဝက်ဝံနဲ့ ထိပ်တိုက်ရင်ဆိုင်ရပြီဆိုရင် ချက်ချင်းလှည့်ပြေးတာမျိုး မလုပ်သင့်ပါဘူး။ ဒါက ဝက်ဝံကို လန့်သွားစေပြီး ရန်သူလို့ယူဆကာရုတ်တရတ် သင့်နောက်ကို ပြေးလိုက်လာစေပါတယ်။ ခြေလေးချောင်းနဲ့ပြေးတဲ့ ဝက်ဝံကို ခြေနှစ်ချောင်းနဲ့လူက သာမန်အားဖြင့်လွတ်အောင်မပြေးနိုင်ပါဘူး။ ဒီအခါမိသွားရင် အကိုက်ခံရနိုင်ပါတယ်။ ဒါကြောင့် အုပ်စုလိုက် မပြေးဘဲ ဖြေးဖြေးချင်း နောက်ပြန်ဆုတ်တာက ပိုပြီး အန္တရာယ်ကင်းစေပါလိမ့်မယ်။ဝက်ဝံအမျိုးအစားကိုလိုက်ပြီး တုန့်ပြန့်ရတဲ့ပုံစံချင်းလည်း ကွာပါတယ်။ ကျွန်တော်တို့မြန်မာမှာတွေ့ရများတာက Black Bear လို့ခေါ်တဲ့ ဟိမဝန္တာဝက်ဝံကြီးတွေပါ။ မဖြစ်မနေ သူတို့နဲ့ရင်ဆိုင်ရရင်တော့ သူတို့လန့်အောင် အနားမှာရှိတဲ့ တုတ်တွေ ကျောက်ခဲတွေနဲ့ ပြန်တိုက်ခိုက်ရပါမယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ အထူးသတိပေးထားတာက ဝက်တံကို သတ်ပစ်ရမယ်လို့ပြောတာမဟုတ်ဘဲ ခြောက်ခိုင်းတဲ့သဘောပါလို့ ဆိုထားပါတယ်။

” နိုင်ငံခြားမှာရှိတဲ့ ၀က်ဝံညို တွေကတော့ သူတို့ကို လူက အန္တရာယ်မပြုရင် လူကသေချင်ယောင်ဆောင်ရင် ရှောင်သွားတတ်တာမို့ ကျွန်တော်တို့အနေနဲ့ သေချင်ယောင်ဆောင်လို့ရပါတယ်။ ဒါပေမယ့် မြန်မာက ဝက်ဝံတွေကို သေချင်ယောင်ဆောင်ပြလို့မရပါဘူး။ ကိုက်သွားပါလိမ့်မယ်။ သူ့ထက်ပိုပြီး အားကြီးတဲ့ပုံစံပြဖို့ လက်မြှောက်ပြီး အားသန်တဲ့ပုံစံဝိုင်းလုပ်တာမျိုး၊ အကျီကိုဖြန့်ပြီး လူကောင်ကြီးသလို ဟန်ဆောင်တာမျိုး၊ လိုအပ်ရင် အော်ဟစ်ပြီး တောခြောက်သံပေးတာမျိုး က အထောက်အကူပြုနိုင်ပါတယ်။ အကယ်၍ အိုးခွက်တွေပါရင် ဒါတွေကို တီးပြီး ခြောက်လို့လည်းရပါတယ်”လို့ အကြံပြုထားပါတယ်။

အရေးအကြီးဆုံးအချက်အနေနဲ့ သတိပေးထားတာက ဝက်ဝံတွေဟာ ဥပဒေနဲ့ပြင်းထန်စွာကာကွယ်ထားတဲ့တောရိုင်းတိရစ္ဆာန်ဖြစ်ပြီး သတ်ဖြတ်မယ်ဆိုရင် ဥပဒေသတ်မှတ်ချက်အတိုင်း ထောင်ဒဏ် ၇နှစ်ထိ ကျပါလိမ့်မယ်လို့ သတိပေးထားပါတယ်။

သီပေါမြို့မှာ လူတွေနဲ့ ကိုးနှစ်ခန့်နေခဲ့ပြီးမှ သဘာဝတောထဲကို အခုမှခြေချခွင့်ရတဲ့ ဝက်ဝံနှစ်ကောင်အတွက် ဘေးကင်းရေးတွေကို TNLAအုပ်ချုပ်ရေးပိုင်းက ဆောင်ရွက်ထားသလို ဒေသခံတွေကိုလည်း ပညာပေးပြောစကားတွေ ပြောကြားပေးသွားမယ်လို့ သီပေါမြို့က အရပ်ဖက်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက ‌ဆိုပါတယ်။

ရှမ်းပြည်နယ်မှာ ဒီရက်ပိုင်း အချိန်ကအခါမဟုတ် မိုးတွေရွာနေပါတယ်။ ဝက်ဝံနှစ်ကောင်ကတော့ တောထဲမှာ သဘာဝအတိုင်းရှင်သန်ကျင်စားနိုင်ဖို့ စိန်ခေါ်မှုတွေကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

TNLA ဦး​ဆောင်တဲ့ ​တော်လှန်​ရေးတပ်​တွေက ​ကျောက်မဲမြို့မှာ​နောက်ဆုံးကျန်တဲ့ စစ်ဆင်​ရေးကွပ်ကွဲမှုဌာနချုပ် (စကခ) ၁ ၊ အမှတ် ၅၀၁၊ ၅၀၂ ​ခြေမြန်တပ်ရင်း​တွေကို သြဂုတ်လ ၅ ရက်ည ၁၀ နာရီ​ကျော်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

သတင်း

TNLA၏ စစ်ဆင်ရေး ကြီးကြပ်သည့်အဖွဲ့မှ ကျောက်မဲမြို့ နောင်ပိန်အနီး တောင်ခြေစခန်းကို လှည့်လည် ကြီးကြပ်ရန်သွားစဉ် နောင်ပိန်လမ်းခွဲအနီးရှိ SSPP တပ်ဖွဲ့များ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံခဲ့ရပြီး ရက်စက်စွာပစ်သတ်ခြင်းခံခဲ့ရသည်ဟု ထုတ်ပြန်သည်။

သတင်း

TNLA နှင့် ပူးပေါင်းတပ်များအနေဖြင့် ဇွန်လ ၂၅ရက်မှ ယမန်နေ့ အထိ ၄ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း ၃၀ခန့် သိမ်းပိုက်ရရှိထားပြီး စစ်သုံ့ပန်းများ၊လက်နက်ခဲယမ်းများလည်း ရရှိထားသည်။

သတင်း

စစ်ဆင်ရေးကို ဇွန်လ ၂၅ရက်စတင်ခဲ့ရာ မိုးကုတ်၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ သီပေါ မြို့နယ်များရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များ အပါအဝင် တပ်စခန်းများကို တိုက်ခိုက်ခဲ့ရာ ယနေ့ညနေပိုင်းအထိ စစ်ကောင်စီတပ်စခန်း၂၆ခုထက်မနည်း သိမ်းပိုက်ရရှိထားသည်။

Facebook