close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာဖြေရှင်းရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏နည်းလမ်းများ အလုပ်မဖြစ်ဟု CNF ဒုဥက္ကဋ္ဌပြော

နိုဝင်ဘာ ၁ရက်တွင် ချင်းအမျိုးသား တပ်ဦး (CNF) ဒုဥက္ကဋ္ဌ(၂) ဒေါက်တာရွှေခါးရ်က ပြည်သူများသို့ ပြောကြားသည့် ပန်ကြားချက်ကို Chinland Information Centerက ဖော်ပြခဲ့သည်။

(ချင်းအမျိုးသားတပ်ဦး(CNF) ဒုဥက္ကဋ္ဌ ဒေါက်တာရွှေခါရ်းအား တွေ့ရစဉ်။ ဓာတ်ပုံ - File)
(ချင်းအမျိုးသားတပ်ဦး(CNF) ဒုဥက္ကဋ္ဌ ဒေါက်တာရွှေခါရ်းအား တွေ့ရစဉ်။ ဓာတ်ပုံ - File)

▪️NUG၊ K3Cနှင့် တော်လှန်ရေးအင်အားစုများတွင် ဆွေးနွေးရေးနှင့်ပတ်သက်ပြီး ခိုင်မာသည့် ရပ်တည်ချက်ရှိနေဟု အသိပေး

ဟန်နွေ/People’s Spring

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က လက်ရှိကြုံနေရသည့် အကြပ်အတည်းများ ဖြေရှင်းရန်အတွက် လုပ်ဆောင်နေသည့် ရွေးကောက်ပွဲကျင်းပရေး၊ တော်လှန်ရေးတပ်များအား လက်နက်စွန့်ခိုင်းပြီး နိုင်ငံရေးဆွေးနွေးရန် ဖိတ်ခေါ်ချက် စသည့် နည်းလမ်းများသည် အလုပ်မဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ဒုဥက္ကဋ္ဌ ဒေါက်တာရွှေခါရ်းက ပြောကြားလိုက်ပြီး တော်လှန်ရေးအင်အားစုများ၏ ဆွေးနွေးရေးနှင့်ပတ်သက်သည့်ဘုံရပ်တည်ချက် ကို ထပ်လောင်းအသိပေးခဲ့သည်။

နိုဝင်ဘာ ၁ရက်တွင် ချင်းအမျိုးသား တပ်ဦး (CNF) ဒုဥက္ကဋ္ဌ(၂) ဒေါက်တာရွှေခါးရ်က ပြည်သူများသို့ ပြောကြားသည့် ပန်ကြားချက်ကို Chinland Information Centerက ဖော်ပြခဲ့သည်။

အကြပ်အတည်းမျိုးစုံကို ကျော်လွှားနိုင်ရန် မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပခြင်း ၊ တွေ့ဆုံဆွေးနွေးခြင်း ကြိုးပမ်းနေသည်ကိုတွေ့ရကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရန် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးကြိုးပမ်းနေသော်လည်း ပြည့်စုံတိကျသည့် သန်းခေါင်စာရင်း ကောက်ယူနိုင်မည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင်ကျင်းပမည့် ရွေးကောက်ပွဲကိုလည်း အသိအမှတ်ပြုမည်မဟုတ်ကြောင်း နိုင်ငံအချို့က ယခုကတည်းက ထုတ်ဖော်ပြောကြားထားသည်ဟု ဒေါက်တာရွှေခါရ်းက ပြောပြသည်။

“ယနေ့ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံရေးပြဿနာဟာ ရွေးကောက်ပွဲကျင်းပခြင်းဖြင့် ဖြေရှင်းနိုင်မည်မဟုတ်သည့်အပြင် ရွေးကောက်ပွဲကြောင့်ပဲ ပြဿနာ ပိုမိုကြီးထွားလာစေမှာ ဖြစ်ပါတယ်။” ဟု ၎င်းက ပြောသည်။

မင်းအောင်လှိုင်သည် လက်ရှိကြုံနေရသည့် ပြဿနာကို ဖြေရှင်းနိုင်ရေး အတိုက်အခံ အင်အားစုများဖြင့် အထူးသဖြင့်လက်နက်ကိုင်အင်အားစုများဖြင့် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းထားကြောင်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်အတွက်ဟုမင်းအောင်လှိုင်က ပြောဆိုထားကြောင်း ဒေါက်တာရွှေခါရ်းက ပြောသည်။

“မင်းအောင်လှိုင်ရဲ့အမြင်မှာ နိုင်ငံရေးပြဿနာဆိုသည်မှာ စစ်အာဏာသိမ်းခြင်းကို လက်မခံနိုင်သဖြင့် လက်နက်စွဲကိုင်တော်လှန်ခြင်းသာဖြစ်တယ် ဆိုပြီးတော့ ဒီနိုင်ငံရေးပြဿနာကို အဲဒီလိုသာ ရှုမြင်ထားတာကို ကျနော်တို့ တွေ့ရပါတယ်။ ဒါကြောင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီးတော့ နိုင်ငံရေးပါတီ ထူထောင်ပြီးရွေးကောက်ပွဲ ဝင်ရန်ကိုသာ ပြောဆိုခဲ့တာကို တွေ့ရပါတယ်။ အချုပ်အားဖြင့်ပြောရမယ်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမူဘောင်အောက်မှာပဲ ဆွေးနွေးဖို့ ကမ်းလှမ်းချက်သာဖြစ်ပါတယ်” ဟု ဒေါက်တာရွှေခါရ်းက ပြောသည်။

ယနေ့ နိုင်ငံရေးပြဿနာသည် စစ်အာဏာရှင်၏ အကျိုးစီးပွားကို ကာကွယ်ပေးနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသာဖြစ်သည်ဟုလည်း ဒေါက်တာရွှေခါရ်းက ပြောသည်။

” အဲဒါကြောင့်ပဲ ချင်းအမျိုးသားတပ်ဦး အပါအဝင် NUG၊ K3Cနဲ့ အခြား အတိုက်အခံ အင်အားစုများကတော့ လက်မခံဘဲနဲ့တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီးတော့ ခိုင်မာတဲ့ ရပ်တည်ချက်ရှိပါတယ်။”ဟု ဒေါက်တာရွှေခါရ်းက ပြောကြားသည်။ K3C ဆိုသည်မှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)စသည့် စစ်ကောင်စီကို တိုက်ခိုက် နေသည့် တော်လှန်ရေးတပ်ဖွဲ့ အင်အားစုကို ရည်ညွှန်းခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးရေးနှင့်ပတ်သက်သည့် တော်လှန်ရေးအင်အားစုများ၏ ဘုံရပ်တည်ချက် မှာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး အကြမ်းဖက်မှုကို ချုပ်ငြိမ်းစေရန်၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပယ်ဖျက်ပြီးဖက်ဒရယ် ဒီမိုကရေစီစနစ် ထူထောင်နိုင်ရေးဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရန်၊ စစ်တပ် နိုင်ငံရေးတွင် လုံး၀ ပါဝင်ပတ်သက်မှုမရှိဘဲ ပြည်သူ့အုပ်ချုပ်ရေးအောက်၌ လုံးလုံးလျားလျားထားရှိရန်၊ အသွင်ကူးပြောင်းရေးတရားမျှတမှုကို ဖော်ဆောင်ရန်၊ တွေ့ဆုံဆွေးနွေးပွဲကိုနိုင်ငံတကာ တတိယအင်အားစုရှေ့မှောက်၌ ပြုလုပ်ရန် တို့ဖြစ်သည်ဟု ဒေါက်တာရွှေခါရ်းက ပြောပြသည်။

ရည်မှန်းချက်ပန်းတိုင်များရောက်ရှိရေး ဆက်လက်တော်လှန်တိုက်ပွဲဝင်ရမည်ဖြစ်၍ ပြည်သူများအနေဖြင့် လူအင်အား ဓနအင်အားဖြင့် ဖြစ်စေ တက်နိုင်သည့်ဘက်မှ ပါဝင်ကြရန်လည်း ဒေါက်တာရွှေခါရ်းက ပန်ကြားသည်။

တော်လှန်ရေးအင်အားစုများ၏ ဘုံရပ်တည်ချက် ကို ယခုနှစ် ဇန်နဝါရီ ၃၁ရက်တွင် ထုတ်ပြန်ခဲ့ရာ အဆိုပါ ရပ်တည်ချက် နှင့်ပတ်သက်ပြီး တိုးတက်မှု၊ ဖော်ဆောင်နိုင်မှု အခြေအနေများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၅ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာထားသည်။ သတင်းစာရှင်းလင်းမှုကို NUG၊ KNU၊ KNPP၊ CNF တို့အတူပူးပေါင်းလုပ်ဆောင်မည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဘိရှော့ဟာ ဧပြီလမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရာထူးကို လက်ခံယူခဲ့တာ ဖြစ်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပေးသည့် ဂုဏ်ပြုလွှာလက်ခံစဉ် ဖိနပ်ချွတ်၍ လူသိရှင်ကြားအရိုအသေပေးခဲ့သည့် ဇာတ်မင်းသားဖိုးချစ်အား စစ်ကောင်စီအမာခံ ပြည်ခိုင်ဖြိုးပါတီဝင်များ ကိုယ်တိုင်ကပါလှောင်ပြောင်သရော်နေကြသည်။

ဆောင်းပါး

စစ်​ကောင်စီ၏ ​​ထောင်​ချောက်ဆင်မှုတဝက် ၊သွေးခွဲမှုတစ်ဝက်ဖြင့် လက်နက်စွန့် ​​ပါတီ​ထောင်​ရွေး​ကောက်ပွဲဝင်ရန် ကမ်းလှမ်းမှုကို တော်လှန်​ရေးအင်အားစုများက တညီတညွတ်တည်းငြင်းပယ်လိုက်သည်။

သတင်း

နိုင်ငံတဝန်း ဒေသအသီးသီး၌ စစ်ရှုံးနေသကဲ့သို့ ပြည်သူလူထုနေထိုင်ရာနေရာများကိုဗုံးပတ်ကြဲ သည့် စစ်ကောင်စီက ယမန်နေ့ စက်တင်ဘာ ၂၆ ရက်တွင် နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းလိုကြောင်း ဖိတ်ခေါ်သည့်ကြေညာချက်ထုတ်ပြန်ခဲ့ရာ အဆိုပါဖိတ်ခေါ်မှုကို အယုံအကြည်မရှိ၊ စိတ်မဝင်စားကြောင်း တော်လှန်ရေးအဖွဲ့များကတုံ့ပြန်သည်။

Facebook