close
Connect with us

Hi, what are you looking for?

သတင်း

မှော်ဘီလေတပ်ကို ရှော့တိုက်ဒုန်းနှစ်လုံးဖြင့်ပစ်ခတ်တိုက်ခိုက်

ဒေါက်တာဇော်မြင့်မောင် နှင့် မတရားဖမ်း‌‌ဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားရဲဘော်များအတွက် လက်တုံ့ပြန်သည့်အနေဖြင့် ရန်ကုန်မြို့ရှိ စစ်ကောင်စီလက်အောက်ခံမှော်ဘီလေတပ်ကို ရှော့တိုက်ဒုန်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Civilian Military -SRDF အထူးစစ်ဆင်ရေးစစ်ကြောင်း မှတာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

(မှော်ဘီ​လေတပ်ကို Google Map တွင်​တွေ့ရပုံ

သတိုး / People’s Spring

ဒေါက်တာဇော်မြင့်မောင် နှင့် မတရားဖမ်း‌‌ဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားရဲဘော်များအတွက် လက်တုံ့ပြန်သည့်အနေဖြင့် ရန်ကုန်မြို့ရှိ စစ်ကောင်စီလက်အောက်ခံမှော်ဘီလေတပ်ကို ရှော့တိုက်ဒုန်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Civilian Military -SRDF အထူးစစ်ဆင်ရေးစစ်ကြောင်း မှတာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

“လေတပ် အရှေ့မြောက်စည်းရိုးတစ်လုံးကျတယ် K8W Training Jetတွေပြုပြင်ထိန်းသိမ်းတဲ့ဂိုထောင်ထိတယ်လို့ကနဦးသိရပါတယ်” ဟု ၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

​​လေတပ်ထိခိုက်မှုအ​ခြေအ​နေကို လူထု​နွေဦးကသီးခြားအတည်မပြုနိုင်ပါ။

အောက်တိုဘာ ၉ရက် ည ၇ နာရီအချိန်ခန့်တွင် Civilian Military -SRDF အထူးစစ်ဆင်ရေး စစ်ကြောင်း နှင့် ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းတို့ပူးပေါင်း၍ မှော်ဘီလေတပ်ကို Type 63 ရှော့တိုက်ဒုန်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“၆၀မမ ကောင်တာ တချက်ပြန်တယ် ရဲဘော်တွေကိုမထိခဲ့ပါဘူး။ဘေးကင်းကြပါတယ်။” ဟု ၎င်းကဆက်ပြောသည်။

အဆိုပါမစ်ရှင်ကို အကျဉ်းထောင်အတွင်းမှ မတရားဖမ်းဆီးခံထားရသူများနှင့် အတူရှိနေကြောင်းပြသသည့်အနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အဖွဲ့အနေဖြင့် ဖိနှပ်ခံပြည်သူနှင့်အတူ စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းသည်အထိတိုက်ပွဲဝင်မည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ရှိ စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုန်း ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

နိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည့် စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်းကို (၁၀၇)မမ ခုနစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar-BWM အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

မေလ ၁၀ ရက် နံနက် ၄နာရီ ၁၅မိနစ် အချိန်တွင် တောင်ငူလေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀လုံးပစ်ခတ်ခဲ့ရာ ပစ်မှတ်သို့ ၇ လုံးအောင်မြင်စွာ ထိမှန်ခဲ့သည်ဟု ဆိုသည်။