close
Connect with us

Hi, what are you looking for?

သတင်း

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ ယင်းမာပင်ခရိုင် တပ်ရင်းသုံးရင်းလည်း ပါဝင်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း ပုလဲမြို့နယ်အခြေစိုက် ယင်းမာပင်ခရိုင် တပ်ရင်း (၇)၊(၁၀)နှင့် တပ်ရင်း (၁၂)မှရဲဘော်များပါဝင်တိုက်ခိုက်ခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုဇော်ထက်က ပြောသည်။

ပင်လည်ဘူးမြို့တနေရာအား သိမ်းပိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ကိုင်းတိုင်း ပကဖ

ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း ပုလဲမြို့နယ်အခြေစိုက် ယင်းမာပင်ခရိုင် တပ်ရင်း (၇)၊(၁၀)နှင့် တပ်ရင်း (၁၂)မှရဲဘော်များပါဝင်တိုက်ခိုက်ခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုဇော်ထက်က ပြောသည်။

ပင်လည်ဘူးမြို့ကို သြဂုတ် ၁၅ရက်က စတင်တိုက် ခိုက်ခဲ့ပြီး ၅၃ရက်အကြာ တိုက်ပွဲများဆင်နွှဲပြီးနောက် အောက်တိုဘာ ၇ ရက်က တစ်မြို့လုံးကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဟု စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

“ရဲဘော်များအား အထူးပင် လေးစားဂုဏ်ယူပါတယ်။ရှေ့ဆက်ပြီးအကြမ်းဖက်စစ်ကောင်စီလုံးဝကျဆုံး သည်အထိ အောင်ပွဲများ ဆွတ်ခူးနိုင်ကြပါစေ”ဟု ကိုဇော်ထက်က ပြောသည်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲသည် စစ်ကိုင်းတိုင်း မြို့သိမ်းတိုက်ပွဲများအတွင်း အများဆုံးဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများထံမှ လက်နက် ၄၀၀ကျော် သိမ်းဆည်းရမိခဲ့ပြီး သုံ့ပန်းအမြောက်အမြားဖမ်းဆီးရမိထားကြောင်းလည်း ထုတ်ပြန်ထားသည်။ လူထုနွေဦး၏ သတင်းရင်းမြစ်က စစ်သုံ့ပန်းအဖြစ် ၃၀၀ ခန့် ဖမ်းဆီးရမိထားသည်ဟု ဆိုသည်။

သိမ်းဆည်းရမိသည့်လက်နက်များတွင် လေယာဉ်ပစ်လက်နက်တစ်လက်ပါဝင်ခဲ့သည်ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထို့အပြင် သိမ်းဆည်းရမိပစ္စည်းများတွင် ရန်သူနေ၏နောက်ဆုံးအခြေပြုရဲစခန်းအတွင်းမှ ဘိန်းဖြူခွက်ရေအမြောက်အမြား(ခန့်မှန်းခွက်ရေ ၈၀ခန့်) သိမ်းဆည်းရရှိသည်ဟုလည်း အသိပေးထားသည်။

“မြို့တွင်းရှိတဲ့ လက်နက်ကြီးပိုင်းအားလုံးရတယ်။ လာသမျှ စစ်ကြောင်းလည်း ဖြတ်တောက်နိုင်ခဲ့တယ်။ ထွက်ပြေးတဲ့ စစ်ကြောင်း ထွက်ပြေးလက်နက်ချသူက ချနဲ့ တကယ့်ကို ပြောင်မြောက်တဲ့စစ်ဆင်ရေးပဲ”ဟု ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင်ပါဝင်ခဲ့သည့် ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

အမှတ်(၁)စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် စစ်ကိုင်းတိုင်းအတွင်း ကောလင်း၊ အင်းတော်၊ ရွှေပြည်အေး၊ ခမ်းပါတ်၊ မြို့သစ်၊‌မော်လူး၊ ဒီပဲယင်း၊ ထီးချိုင့်နှင့် ပင်လည်ဘူးမြို့တို့ကို မြို့သိမ်းတိုက်ပွဲများဆင်နွှဲခဲ့သည်။

ကောလင်းမြို့ကို ၂၀၂၃ နိုဝင်ဘာတွင် သိမ်းယူနိုင်ခဲ့သော်လည်း စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်ပြီး ထိန်းချုပ်သွားခဲ့သည်။ ဒီပဲယင်းမြို့ကိုလည်း ပြီးခဲ့သည့် သြဂုတ် ၁၈ရက်က သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ကာ ပြန်လည်ထိန်းချုပ်သွားပြီး ယနေ့အထိ စစ်ရေးတင်းမာနေသည်။

အင်းတော်နှင့် ထီးချိုင့်မြို့သိမ်းတိုက်ပွဲလည်း အပြီးမသတ်သေးဘဲ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။ လက်ရှိတွင် ပင်လည်ဘူးမြို့ ရွှေပြည်အေးမြို့၊ ခမ်းပါတ်မြို့၊ မြို့သစ်မြို့နှင့်မော်လူးမြို့တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။

စစ်ကောင်စီသည် စစ်ဆင်ရေးကာလ ၅၃ရက်အတွင်း လေယာဥ်အမျိုးအစားအမျိုးမျိုးဖြင့် အကြိမ်ရေ ၁၃၀ ကျော်၊ ဗုံးအရွယ်အစားအမျိုးမျိုး ပေါင် ၅၀၀၊၃၀၀၊၂၀၀ တို့ဖြင့် အလုံးရေ ၃၀၀၀ ကျော် ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထပ်မံ အသိပေးထားသည်။

ထို့အပြင် ယခုလက်ရှိလည်း လေကြောင်းမှ ဆက်လက်ပစ်ခတ်တိုက်ခိုက်နေဆဲဟု အသိပေးထားသည်။

ယမန်နေ့က လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ ဒဏ်ရာရခဲ့ပြီး စိုးရိမ်စရာမရှိကြောင်း သိရှိရသည်။

ဆက်စပ်သတင်းများ

သတင်း

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းယူနိုင်ခဲ့သည့် လက်နက်ခဲယမ်းများမှာ စစ်ကိုင်းတိုင်း မြို့သိမ်းတိုက်ပွဲများအတွင်း အများဆုံးဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လက်နက်ချဆုတ်ခွာခွင့်တောင်းပြီး ဆုတ်ခွာသွားခြင်းဟု အသိပေး

သတင်း

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့(အောက်တိုဘာ ၈ရက်)နံနက်ပိုင်းတွင် သိမ်းယူလိုက်ပြီးနောက် စစ်ကောင်စီသည် နေ့လည်ပိုင်းကစတင်၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

Facebook