close
Connect with us

Hi, what are you looking for?

ကဗျာ

သမိုင်းသစ် စတော့ တစ်​နယ်​တစ်​ကျေးမှာ ​ခရီးလွန်နေတဲ့ က​​လေးမ​​လေးဟာ ကိုယ့်မြို့ ကိုယ့်အရပ်ကို ပြန်ချင်လွန်းလို့ တောင်ပံ​တွေကို ချင်ခြင်းတက်မိတာ လွန်ခဲ့တဲ့ ​လေးနှစ်က။

ရသ

ခြောက်အိပ်မက်တွေကပဲ ဆိုးသလား၊ မအိပ်ဘဲမက်တဲ့ အိပ်မက်တွေကပဲ ဆိုးသလား ကျမ မဝေခွဲတတ်ဘူး။ တကယ်တမ်းက ကျမတို့ နေ့စဥ်နဲ့အမျှ အိပ်မက်ဆိုးတွေနဲ့ မိနစ်တိုင်းစက္ကန့်တိုင်း ဖြတ်သန်းနေရတယ်။

ကဗျာ

အသက်ရှင်ရခြင်းမှာ ဒုက္ခပန်းတွေ အဆုပ်လိုက် အခိုင်လိုက်ပွင့်တဲ့ နှစ်ကာလတွေ။ အသိဉာဏ်ရှိသလောက် အမှန်ကိုချစ်ခဲ့တယ်။

ဝတ္ထုတို

လက်ဖက်ရည်ဆိုင် တဆိုင်မှာ အချိန်အကြာကြီးထိုင်ဖူးခဲ့တယ်။ ခဏခဏလဲ သွားထိုင်ဖြစ်တဲ့ဆိုင်ပါ။ နေတဲ့အဆောင်နဲ့ နီးလို့ မကြာခဏရောက်ဖြစ်တဲ့ ဆိုင်ဆိုလည်း မမှားပါဘူး။ ကိုယ်နေတဲ့နေရာနဲ့နီးလို့ လက်ဖက်ရည်သောက်ချင်လာတဲ့အခါ သွားထိုင်ဖြစ်တာလဲ ရှိတယ်။ တနေရာက မိတ်ဆွေအပေါင်းအသင်းတွေ လာရင်လဲ အဲ့ဒီလက်ဖက်ရည်ဆိုင်မှာပဲ ဧည့်ခံဖြစ်တယ်။

ကဗျာ

◼️ရိုးငှက်အိမ်ဟာနွေးထွေးတဲ့အသိုက်အမြုံဖြစ်ကြောင်းငါတို့အားပါးတရပြောချင်စိတ်ဖြစ်တော့ငါတို့ဟာအိမ်နဲ့မိုင်ပေါင်းအဝေးကြီးမှာဒုက္ခတရားအပြည့်နဲ့ .. ။ လမ်းမကြီးကိုကြောက်ရွံ့‌မုန်းတီးရင်းကိုယ်နဲ့မဆိုင်တဲ့နယ်ပယ်မှာငြီးငွေ့ရင်းကိုယ့်ကိုယ်ကိုတောင်မေ့လျော့လာရင်းနဲ့အိမ်ကိုပိုတမ်းတဖြစ်လာတယ် ။ ညတွေရဲ့ခပ်စိပ်စိပ်ကယောက်ကယက်အိပ်မက်တွေထဲမှာအိမ်အကြောင်းပဲအပ်ကြောင်းထပ်ရင်းမိုးလင်းမှာကို ကြောက်နေရတယ် ။ အိမ်ပြန်ချင်စိတ်ကြီးစိုးတဲ့ညတွေမှာဆိုစွန့်စားခဲ့ရတဲ့ ရည်မှန်းချက်ကြီးကိုပစ်ထားခဲ့ချင်ပြန်တယ် ။ ညဉ့်နက်နက်ရဲ့အမှောင်ထုထဲကိုဗလာမျက်လုံးနဲ့ငေးနေရင်းအိမ်ရဲ့ပုံရိပ်တွေမြင်မိတဲ့အခါဆိုစီးကရက်မီးခိုးတွေနဲ့ပုလင်းလွတ်တွေဟာဘေးနားမှာ ငိုချင်းချလို့ ။ ‌ဒါပေမယ့်လေပြန်စရာအိမ်တွေပြာဖြစ်သွားတဲ့လူတွေအကြောင်းရပ်ရွာတွေရှေ့က ကြယ်ဖြူနဲ့အုတ်ဂူတွေအကြောင်းခေါင်းထဲဝင်လာပြန်တော့တောက်ခေါက်သံပြင်းပြင်းနဲ့အံကြိတ်အားတင်းရပြန်တယ်။ ဒီလိုနဲ့ပဲ..မကျွမ်းကျင်မှုနယ်ပယ်မှာအသားကျအောင်နေဒုက္ခဆိုတာ‌တော့ငယ်ပေါင်းကြီးဖော်လိုပေါ့ ။ အတွေ့အကြုံအခြေအနေအရမာကြောကျွပ်ဆပ်နေတဲ့ကိုယ်ဟာအိမ်အကြောင်းတွေးမိတော့နှလုံးသားဟာဖန်သားပြင်လိုပဲမာပေမယ့်ကြည်လင်နေသေးတာတော့ကိုယ်တအံ့တဩ ။ အခိုက်အတန့်တစ်ခုမှာစိတ်ပါလက်ပါပြုံးမိတာတွေကမိသားစုထမင်းဝိုင်းတစ်ခုကရယ်သံလေးတွေကိုပြန်ပြောင်းမြင်ယောင်မိတာရဲ့တစ်ဝက်ပဲနွေးထွေးစေတာပါ။ ရည်မှန်းချက်တွေပြီးသွားလို့အိမ်ပြန်ရောက်တဲ့အခါအားလုံးရဲ့အပြုံးမျက်နှာတွေကိုအားပါးတရငေးရင်းအိမ်ကိုဘယ်လောက်လွမ်းကြောင်းမာကျောတဲ့ကိုယ်ဟာ မျက်ရည်ကျခဲ့မိကြောင်း‌ပြောပြမိမှာပါလေ ။...

ရသစာတမ်းငယ်

လေနှင်ရာ လွင့်နေတဲ့ တိမ်တွေကို ငေးကြည့်နေရင်းမှာပဲ နှစ်ကာလဟာ အလယ်တည့်တည့်ကနေထက်ပိုင်းကျိုးကျသွားတယ်။ ခြောက်လတာဆိုတဲ့ ကာလဟာ ကိုယ်အမှန်တကယ် ပိုင်ဆိုင်ခွင့်ရတဲ့ အချိန်မဟုတ်သလိုပဲ အားတက်သရော ဖြတ်သန်းရမှာကိုလည်း မေ့ခဲ့။ သတိရလို့ နောက်ပြန်လှည့်ကြည့်လိုက်တော့ ခြစားခံလိုက်ရတဲ့ စာရွက်တွေလို ဘာအခန်းမှာ ဘာအမှတ်တရကို ချရေးမိခဲ့တာလဲဆိုတာ ခြေရာလက်ရာ ရှာမရတော့။

ကဗျာ

လင်းလင်းနိုင် (ပခုက္ကူ) အရောင်စုံအသွေးစုံလွယ်အိတ်လေးတွေရယ်ပါ။ နိုင်ငံတော် သီချင်းကို လည်းမဆိုနိုင်ကြတော့ဘူး။

ရသစာတမ်းငယ်

ကျမ အသက် ၄ နှစ်မှာ ငှက်တွေရဲ့ပျံဝဲပုံတွေကို သဘောကျနှစ်သက်စွာ ကြည့်လာတတ်ခဲ့ပြီ။ သူတို့ရဲ့အတောင်ပံလေးတွေလို ကျမရဲ့ လက်တွေကို ဖြန့်ကားတယ်၊ ရိုက်ခတ်တယ်။ ကျမ လေထဲပျံတက်မသွားနိုင်ပေမယ့် သဘောကျတယ်။ ကျမ အသက် ၆ နှစ်မှာ လေယာဥ်ပျံကြီးတွေကို ပြောင်းလဲသဘောကျလာတယ်။ သူတို့က ငှက်တွေထက်လည်းကြီးတယ်။ တောင်ပံတွေကိုရိုက်ခတ်စရာမလိုဘူး။...

Short Story

ကျမ အဲ့ဒီ့ရဲဘော်နဲ့ စသိတာက ဖေ့စ်ဘုတ်မှာ။ အဲ့ဒီ့ရဲဘော်တို့ ဒေသဘက်က သတင်း မေးမြန်းရင်းနဲ့ပေါ့။ ကျမနဲ့ဆို ငါးနှစ်လောက်ကွာတဲ့ ကျမမောင်လေးအရွယ်ပေါ့။ လေးစားသမှုနဲ့ သူ့နာမည်ရှေ့ကနေ "ကို" တပ်ပြီး ခေါ်တယ်၊ ပြောတယ်။

ကဗျာ

မေရီသော် ၊ ရွက်စိမ်း မွန်းစတား ဘယ်နှကောင်ကို သတ်နိုင်ရင် ဟီးရိုးဖြစ်ပြီလဲလို့ ကောင်လေးက တွေးမိတယ်။ဒီနေ့မနက် သူကျောင်းသွားတဲ့လမ်းမှာ ဓားတစ်ချောင်း ကောက်ရခဲ့တာ။ ဒီနေ့မိုးလေဝသ ခန့်မှန်းချက်အတိုင်းပဲ မရေတွက်နိုင်တဲ့ဓားမိုးတွေရွာပြီး မြို့လေးဟာ စုတ်ပြတ်ပျက်ဆီးသွားပါတယ်။ ဒါပေမဲ့အဆောက်အဦးတစ်ခုထဲမှာ skin careနေတဲ့အမျိူးသမီးတစ်ယောက်ရှိပြီး သူ့အိမ်ကတော့ ဓားမိုးလွှဲတပ်ထားလို့ ဓားမိုးရွာတာကိုမခံစားရတာ။ ငှက်တွေဟာ...

ရသ

ကျနော် ၆ တန်းနှစ်က နာရေးတခု လိုက်ပို့ဖူးတယ်။ အတန်းဖော်သူငယ်ချင်းရဲ့အမေ့နာရေးပါ။ သုဿန်က တမြို့လုံးနီးပါး အသုံးပြုနေတဲ့ သုဿန် ကျနော်တို့မြို့မှာတော့ နာမည်ကြီးပေါ့။ ၂၀၀၈ ဝန်းကျင်ဆိုတော့ သန့်ရှင်းမှုမရှိ သပ်ရပ်မှုမရှိဘဲ တကယ့်ကို စိတ်ခြောက်ခြားစရာရသ အပြည့်ပေးပါတယ်။

ကဗျာ

ပြည်သူ့သွေးသား တို့ညီနောင်များ တွဲလက်အတူ တစ်ဦးအပူ တစ်ဦးမျှလို့ တူခံစားစို့။

ကဗျာ

‘ကောက်ရိုးမီးဖြစ်ဖြစ် ဖွဲမီးဖြစ်ဖြစ် လောင်တာပဲ မစ္စတာဂေါ့ဒ်’

Facebook