close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သူ့နိုင်ငံနဲ့ စစ်ဖြစ်ချင်လို့ အမေရိကန်က ပြဿနာ ရှာနေတယ်လို့ ဗင်နီဇွဲလား သမ္မတ စွပ်စွဲ

အမေရိကန်ဟာ သူ့နိုင်ငံနဲ့ စစ်ဖြစ်ချင်လို့ တမင်ပြဿနာ ရှာနေတယ်လို့ ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

အမေရိကန်ဟာ သူ့နိုင်ငံနဲ့ စစ်ဖြစ်ချင်လို့ တမင်ပြဿနာ ရှာနေတယ်လို့ ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အကြီးဆုံး စစ်သင်္ဘောဖြစ်တဲ့ USS Gerald R Ford လေယာဉ်တင် သင်္ဘောကြီးကို အမေရိကန်က ကာရေဘီယန် ပင်လယ်ဆီ စေလွှတ်လိုက်တဲ့နောက် မာဒူရိုဖက်က အခုလို အသံထွက်လာတာပါ။ အမေရိကန်ဟာ ဗင်နီဇွဲလားကမ်းလွန် ကာရေဘီယန် ပင်လယ်ထဲမှာ စစ်အင်အား စုဝေးဖြန့်ကျက်နေခြင်းက မာဒူရိုရဲ့ အစိုးရအပေါ် အကြီးအကျယ် ခြိမ်းခြောက်နေပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အမေရိကန် စစ်တပ်ဟာ ဗင်နီဇွဲလား ရေယာဉ်တချို့ကို မူးယစ်မှောင်ခို ဂိုဏ်းတွေရဲ့ လှေတွေလို့ စွပ်စွဲပြီး ပစ်ခတ် နှစ်မြှုပ်ခဲ့ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ ဒါဟာ မူးယစ်မှောင်ခိုဂိုဏ်းတွေအပေါ် စစ်ဆင်ရေး ဆင်နွှဲခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့မှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က USS Gerald R Ford လေယာဉ်တင် သင်္ဘောကြီးကို မြေထဲပင်လယ်ကနေ စတင်ထွက်ခွာစေပြီး ကာရေဘီယန်ဖက် စေလွှတ်ထားကြောင်း အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

USS Gerald Fordဟာ အမေရိကန်ရဲ့ အကြီးဆုံး လေယာဉ်တင် သင်္ဘောအမျိုးအစားဖြစ်ပြီး လေယာဉ် အစီး ၉၀ လောက် တင်ဆောင်နိုင်ပါတယ်။

မဆုံးနိုင်တဲ့ နောက်ထပ်စစ်ပွဲ တစ်ခုကို ဖန်တီးဖို့ အမေရိကန်က အကြောင်းရှာနေပြီလို့ မာဒူရိုက သတင်းထောက်တွေကို ပြောပါတယ်။ အမေရိကန်က နောက်ထပ် စစ်ပွဲတစ်ခုမှာ ဝင်မပတ်သက်တော့ပါဘူးလို့ ကတိပေးခဲ့ပေမယ့် အခုတော့ စစ်တိုက်ဖို့ အကြောင်းပြချက်တွေ ရှာနေပြန်ပြီလို့ သူက ဆိုပါတယ်။

အမေရိကန်ဟာ မာဒူရိုကို မူးယစ်မှောင်ခို ဂိုဏ်းခေါင်းဆောင် တစ်ဦးအဖြစ် စွပ်စွဲပြီး ဆုငွေ ဒေါ်လာ သန်း ၅၀ ထုတ်ထားပါတယ်။ အမေရိကန်ရဲ့ မြေထဲပင်လယ်က လက်ရှိ စစ်ရေး အစီအမံတွေဟာ မာဒူရို အစိုးရကို ဖြုတ်ချဖို့ ခြေလှမ်း အစပျိုးနေတာဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပေမယ့် ထရမ့်ကတော့ ဗင်နီဇွဲလားမှာ အစိုးရ အပြောင်းအလဲလုပ်ဖို့ ကြံစည်နေတယ် ဆိုတာကို ငြင်းဆိုထားပါတယ်။

လေယာဉ်တင်သင်္ဘောကြီး မစေလွှတ်ခင် ကတည်းက ကာရေဘီယန် ပင်လယ်ပြင်ဆီ အမေရိကန်က စစ်သင်္ဘောတွေ၊ နျူကလီးယား ရေငုပ်သင်္ဘောတစ်စီးနဲ့ F-35 တိုက်လေယာဉ်တွေ စေလွှတ်ထားပြီး ဖြစ်ပါတယ်။ အဲဒီ ဖြန့်ကျက်မှုဟာ အမေရိကန်ဆီ ဦးတည်နေတဲ့ မူးယစ်ဆေးဝါး မှောင်ခို လှုပ်ရှားမှုတွေကို ဖျက်ဆီးဖို့သာ ဖြစ်တယ်လို့ ထရမ့်က ပြောပါတယ်။

အမေရိကန်က ဗင်နီဇွဲလား လှေတွေကို စစ်ရေးပစ်မှတ်တွေအဖြစ် တိုက်ခိုက် ဖျက်ဆီးနေတာနဲ့ ပတ်သက်ပြီး လုပ်ပိုင်ခွင့်ဆိုင်ရာ တရားဝင်မှုတွေကို ဝေဖန် မေးခွန်းထုတ်တာတွေလည်း ရှိနေပါတယ်။ ထရမ့်ကတော့ အမေရိကန် အစိုးရဟာ မူးယစ်ဆေးဝါး မှောင်ခို လုပ်ငန်းတွေကို တိုက်ခိုက်နေတာသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပြီး မာဒူရိုရဲ့ အစိုးရကို မတည်ငြိမ်အောင် တမင် ဖိအားပေးနေတယ်ဆိုတဲ့ အချက်ကို ပယ်ချထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အနောက်ဖက် ကမ်းခြေဒေသကိုသာ သိမ်းယူမယ်ဆိုရင် အစ္စရေးကို ထောက်ပံ့ ရပ်တည်နေမှုအားလုံး ရုပ်သိမ်းမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သူ့နိုင်ငံဟာ ရုရှားလုပ် လေယာဉ်ပစ် ဒုံးကျည် အစင်း ၅၀၀၀ လောက် ပိုင်ဆိုင်ထားကြောင်း ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုကို ခံခဲ့ရတဲ့ ရုရှား ကုမ္ပဏီတွေဆီက ရေနံ ဝယ်ယူမှုတွေကို တရုတ် အစိုးရပိုင် ရေနံလုပ်ငန်းတွေက ရပ်ဆိုင်းထားလိုက်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မဟာမိတ် အမေရိကန် အစိုးရက ကန့်ကွက်ထားတဲ့တိုင်အောင် ပါလက်စတိုင်း နယ်မြေတစ်ခုဖြစ်တဲ့ အနောက်ဖက် ကမ်းခြေ ဒေသရဲ့ အစိတ်အပိုင်း တချို့ကို ပိုင်နက်အဖြစ် သိမ်းသွင်းမယ့် အစီအစဉ်ကို အစ္စရေး လွှတ်တော်က ရှေ့ဆက် အကောင်အထည် ဖော်နေပါတယ်။

Trending

Facebook