close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျားဖြန့် ဂိုဏ်းတွေရဲ့ ကိုယ်တွင်းအင်္ဂါ ထုတ်ယူ ရောင်းစားတာ ခံရတဲ့ မိန်းကလေးက ထိုင်းမှာ ပြန်ပေးဆွဲ ခံခဲ့ရတာ မဟုတ်ဘူးလို့ ထိုင်းအာဏာပိုင်တွေငြင်းဆို

မြန်မာနိုင်ငံအခြေစိုက်ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကလူမှောင်ခိုကူး သတ် ဖြတ်ပြီး ကိုယ်တွင်းအင်္ဂါတွေ ရောင်းစားတာ ခံခဲ့ရကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့ ဘီလားရုစ် အဆိုတော် ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဗျူရိုက ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာ – ၂၁ ၊၂၀၂၅

မြန်မာနိုင်ငံအခြေစိုက်ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကလူမှောင်ခိုကူး သတ် ဖြတ်ပြီး ကိုယ်တွင်းအင်္ဂါတွေ ရောင်းစားတာ ခံခဲ့ရကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့ ဘီလားရုစ် အဆိုတော် ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဗျူရိုက ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ကြေညာချက်ထဲမှာတော့ အသက် ၂၆ နှစ်အရွယ် ဗီရာ ခရော့ဆိုဗာကို မော်ဒယ် တစ်ဦးအဖြစ် ရည်ညွှန်းထားပြီး သူဟာ စက်တင်ဘာ ၂၀ ရက်နေ့တုန်းက ထိုင်းနိုင်ငံကနေ ရန်ကုန်မြို့ဆီ ကိုယ်ပိုင် သဘောဆန္ဒအတိုင်း ထွက်ခွာသွားခဲ့ပြီး ပြန်ပေးဆွဲခံရ၊ အဓမ္မ ခေါ်ဆောင်ခံရတဲ့ ဘာအထောက်အထားမှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ခရတ်ဆိုဗာဟာ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေရဲ့ လှည့်စား လူမှောင်ခိုကူးပြီး ပြန်ပေးဆွဲ ခံရတဲ့နောက် ငွေလိမ်တဲ့ လုပ်ငန်းတွေမှာ အဓမ္မ ခိုင်းစေခံရကြောင်း၊ နောက်တော့ သူ့ကို ဒုစရိုက် ဂိုဏ်းသားတွေက သတ်ဖြတ်ပစ်ခဲ့ပြီး ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်းတွေကို ထုတ်ယူခဲ့သလို အလောင်းကို မီးရှို့ ဖျောက်ဖျက်ခဲ့ကြောင်း မိသားစုက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗြိတိန် သတင်းဌာန Daily Mailရဲ့ သတင်းမှာတော့ ခရော့ဆိုဗာဟာ ထိုင်းနိုင်ငံဆီ အလုပ်ကိစ္စ ကမ်းလှမ်းမှုကြောင့် ရောက်ရှိခဲ့ပြီး အဲဒီကနေတဆင့် ကျားဖြန့်ဂိုဏ်းတွေရဲ့ လှည့်စား လူကုန်ကူးခြင်းကို ခံခဲ့ရတာလို့ ဖော်ပြထားခဲ့ပါတယ်။

ဗီရာဟာ စက်တင်ဘာလမှာ ဘန်ကောက်ကို မော်ဒယ် အလုပ်တစ်ခု ကမ်းလှမ်းမှုရလို့ ရောက်လာခဲ့ကြောင်း၊ ဒါပေမဲ့ မြန်မာနိုင်ငံဖက်ခြမ်းကို လှည့်စား လူကုန်ကူး ခံခဲ့ရပြီး သူ့ရဲ့ ပတ်စ်ပို့တ်နဲ့ ဖုန်းကို ကျားဖြန့် ဂိုဏ်းက သိမ်းထားခဲ့ကြောင်း၊ နောက်တော့ ခရော့ဆိုဗာဟာ dating ဝက်ဘ်ဆိုက်တွေမှာ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံခြားသားတွေကို လှည့်စားပြီး ငွေလိမ်ဖို့ အဓမ္မ ခိုင်းစေခံခဲ့ရကြောင်း Daily Mailက ဆိုပါတယ်။

ဒါပေမဲ့ မိန်းကလေးဟာ သူ့အတွက် သတ်မှတ်ထားတဲ့ ငွေပမာဏ ပြည့်မီအောင် မလိမ်နိုင်တဲ့အခါ ရိုက်နှက် နှိပ်စက်တာ ခံရပြီး အောက်တိုဘာ ၄ ရက်နေ့ ကတည်းက ပျောက်ဆုံးသွားခဲ့တယ်လို့ Daily Mailမှာ ရေးသားထားခဲ့ပါတယ်။

နောက်တော့ သူဟာ အသတ်ခံရပြီး ကိုယ်တွင်း အင်္ဂါတွေကို လူ့ခန္ဓာကိုယ် အစိတ်အပိုင်း မှောင်ခိုရောင်းဝယ်တဲ့ အဖွဲ့အစည်း တစ်ခုဆီ ရောင်းချတာ ခံခဲ့ရကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အလောင်းကိုလည်း မီးရှို့ပြီး ဖျောက်ဖျက်ပစ်ခဲ့တာလို့ သတင်းတွေ ပျံ့နှံ့လာပါတယ်။

ခရော့ဆိုဗာ သေဆုံးသွားပြီ ဆိုတာကို ကျားဖြန့်ဂိုဏ်းက မိသားစုဆီ ဆက်သွယ် အသိပေးခဲ့ပြီး အလောင်းကို ပြန်လိုချင်ရင် ဒေါ်လာ ၅ သိန်း ပေးရမယ်လို့ တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ မိသားစုဆီ အဆက်အသွယ် ဖြတ်သွားခဲ့ပါတယ်။

မိန်းကလေးရဲ့ မိခင်ကတော့ သူ့သမီးရဲ့ အရိုးပြာတွေကို ပြန်ပေးဖို့ တောင်းဆိုထားပြီး နာရေးကိစ္စအတွက် မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ ဘီလားရုစ် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း သေဆုံးသူရဲ့ မိသားစုကို အတတ်နိုင်ဆုံး ကူညီပေးဖို့ မြန်မာဖက်ကို သံတမန်ရေးအရ တောင်းဆိုထားကြောင်း သိရပါတယ်။

ဒီဖြစ်ရပ်မှာထိုင်းနိုင်ငံကလည်းပါဝင်ပတ်သက်နေတဲ့နောက် အောက်တို ဘာ ၂၁ ရက်နေ့မှာတော့ ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဗျူရိုရဲ့ ဒုတိယ ကော်မရှင်နာ ရဲချုပ် ချန်ဂရွန် ရင်ဖာဒီက ပြန်လည် ဖြေရှင်းခဲ့ပါတယ်။ သူက ထိုင်းနိုင်ငံမှာ ခရော့ဆိုဗာ ရှိနေခဲ့စဉ် အတောအတွင်း ခရီးသွားလာခဲ့တဲ့ လမ်းကြောင်း မှတ်တမ်းတွေကို သေချာ စစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။

စုံထောက်တွေကခရော့ဆိုဗာဟာ စက်တင်ဘာ ၁၂ ရက်နေ့မှာ ဘန်ကောက်ရဲ့ သုဝဏ္ဏဘူမိ လေဆိပ်ဆီ ရောက်ရှိခဲ့ပြီး စက်တင်ဘာ ၂၀ ရက်နေ့မှာတော့ ထိုင်းလေကြောင်းပိုင် ခရီးစဉ်အမှတ် TG301 လေယာဉ်နဲ့အတူ ရန်ကုန်ကို ထွက်ခွာသွားတယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ဇီဝ မှတ်တမ်းတင် အချက်အလက်တွေအရ ရန်ကုန်ကို ထွက်ခွာသွားတာဟာ အဲဒီမိန်းကလေးဖြစ်တယ် ဆိုတာကို အတည်ပြုနိုင်ကြောင်း၊ သူဟာ Automatic Channel (ABC Gate)ကို ဝန်ထမ်းတွေရဲ့ အကူအညီ မလိုအပ်ဘဲ ဖြတ်သန်းသွားခဲ့ကြောင်း၊ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေ အရလည်းမိန်းကလေးဟာလေယာဉ်ပေါ် ပါမသွားခင်ထိ တစ်ယောက် ယောက်က အတင်းအကျပ် ခိုင်းစေတာမျိုး ခံရတဲ့ ဘာအထောက်အထားမှ မရှိခဲ့ကြောင်း ထိုင်းဖက်က ဆိုပါတယ်။

မြန်မာနိုင်ငံဖက်ခြမ်းကို ရောက်သွားပြီးမှ ဖြစ်လာတဲ့ နောက်ဆက်တွဲ ကိစ္စတွေကတော့ ထိုင်းနဲ့ မဆိုင်တော့ဘူးလို့ ချန်ဂရွန်က မှတ်ချက်ပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံကို ခရော့ဆိုဗာ ဝင်ရောက်လာတာ၊ ပြန်လည်ထွက်ခွာသွားတာရဲ့ မှတ်တမ်း ပုံရိပ်တွေကိုလည်း ဘန်ကောက်မှာရှိတဲ့ ဘီလားရုစ် ကောင်စစ်ဝန်ရုံးဆီ လွှဲပေးထားပြီး ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အဓိက ဖြေရှင်းလိုတဲ့ အချက်က အဲဒီ မိန်းကလေးဟာ ထိုင်းနိုင်ငံမှာ ပြန်ပေးဆွဲ ခံရပြီး မြန်မာဖက်ခြမ်း နယ်စပ်ကို အဓမ္မ ဖမ်းဆီးသွားတာ ခံရတယ်ဆိုတဲ့ သတင်းတွေ မမှန်ကန်ဘူး ဆိုတာဖြစ်တယ်လို့ ချန်ဂရွန်က ပြောကြားသွားပါတယ်။

ကိုးကား – The Nation

ဆက်စပ်သတင်းများ

သတင်း

ဘီလားရုစ် နိုင်ငံက အဆိုတော် မိန်းကလေး တစ်ဦးဟာ မြန်မာနိုင်ငံက ငွေကြေး လိမ်လည်မှု (ကျားဖြန့်) ဒုစရိုက် ဂိုဏ်းတွေလက်ထဲ ရောက်သွားတဲ့နောက် အသတ်ခံရပြီး ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေ ထုတ်ယူ ခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

သတင်း

မြန်မာနိုင်ငံက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေက Starlink အင်တာနက် ကွန်ရက် သုံးစွဲနေမှုတွေနဲ့ ပတ်သက်လို့ အမေရိကန် လွှတ်တော်က စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ဘီလားရုစ် နိုင်ငံနဲ့ ပူးပေါင်း စစ်ရေး လေ့ကျင့်နေတာကို ထုတ်ပြန်တဲ့ ရုရှားရဲ့ ဝါဒဖြန့် ဗီဒီယိုထဲမှာ လေလျော့နေတဲ့ တိုက်လေယာဉ် တစ်စီးရဲ့ပုံ ပါလာလို့ လှောင်ပြောင် ခံနေရပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ နယ်မြေထဲ ရုရှားဒရုန်းတွေ နယ်ကျွံလာလို့ ပစ်ချတာ ခံခဲ့ရတဲ့ ဖြစ်စဉ်အပြီး မကြာခင်မှာပဲ ရုရှားနဲ့ ဘီလားရုစ် ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှု စတင်ခဲ့ပါတယ်။