close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ မီးရှူးမီးပန်းအလှ ပစ်ဖောက်ရာက အမှားကြုံပြီး လူတွေပေါ် မီးစတွေ ပြုတ်ကျ၊ မီးလောင်မှုတွေပါဖြစ်

တရုတ်မှာ မီးရှူးမီးပန်းတွေ ပစ်ဖောက်ရာက လူတွေ အန္တရာယ် ရှိလောက်တဲ့ အမှားအယွင်းမျိုး ဖြစ်ခဲ့တဲ့အပေါ် အလေးအနက် စုံစမ်း စစ်ဆေးနေကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - TansuYeg/qurium/ludunwayoo.com/en.html X

တရုတ်မှာ မီးရှူးမီးပန်းတွေ ပစ်ဖောက်ရာက လူတွေ အန္တရာယ် ရှိလောက်တဲ့ အမှားအယွင်းမျိုး ဖြစ်ခဲ့တဲ့အပေါ် အလေးအနက် စုံစမ်း စစ်ဆေးနေကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၂ ရက်နေ့က ဟူနန်ပြည်နယ်ရဲ့ လျူယန်းမြို့မှာ မီးရှူးမီးပန်း အလှတွေ ပစ်ဖောက်ခဲ့ရာကနေ ပြဿနာတက်ပြီး အောက်မှာရှိနေတဲ့ လူတွေပေါ်ကို မီးစတွေ တဖွဲဖွဲ ကျဆင်းတာနဲ့ ကြုံခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် လူတွေ အထိတ်တလန့် ထွက်ပြေးခဲ့ကြရပါတယ်။ နောက်ပြီး မီးစတွေက အနီးတဝိုက်မှာရှိတဲ့ အဆောက်အအုံတွေနဲ့ သစ်ပင်တွေပေါ် ကျပြီး မီးလောင်မှုတွေ ဖြစ်ခဲ့ပါသေးတယ်။

ဖြစ်စဉ်အကြောင်း ရိုက်ကူးထားတဲ့ ဗီဒီယိုတွေက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ လူမှုကွန်ရက်ပေါ် ရောက်ရှိလာပြီး လူအများကြားမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဗြိတိန် သတင်းဌာန တစ်ခုဖြစ်တဲ့ The Sunက အဲဒီ အခြေအနေဟာ ကမ္ဘာပျက်သလို ဝရုန်းသုန်းကား ဖြစ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

မျက်မြင်တချို့ကတော့ ကောင်းကင်ကနေ မီးလောင်ကျွမ်းနေတဲ့ ဥက္ကာခဲ အပိုင်းအစတွေ ကျဆင်းလာသလိုမျိုး ကြုံတွေ့ခဲ့ရတာလို့ ပြောပြခဲ့ကြပါတယ်။ ကံအားလျော်စွာနဲ့ပဲ မီးသတ်ဝန်ထမ်းတွေက နေရာအနှံ့ လောင်ကျွမ်းနေတဲ့ မီးတွေကို အရမ်း ပမာဏ ကြီးထွားမလာခင် ထိန်းချုပ် ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပိုင်းမှာတော့ အာဏာပိုင်တွေက မီးရှူးမီးပန်း အလှပြ ပစ်ခတ်မှုကနေ အမှားအယွင်း ကြုံခဲ့တယ် ဆိုတာကို ဝန်ခံခဲ့ပေမယ့် ဖြစ်စဉ်မှာ ဒဏ်ရာရသူတွေတော့ မရှိခဲ့ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ လူ့အသက်တွေကို ထိခိုက် ခြိမ်းခြောက်နိုင်လောက်အောင် အန္တရာယ် များခဲ့တယ်လို့တော့ တာဝန်ရှိသူတွေက ဝန်ခံခဲ့ပါတယ်။

ကောင်းကင်ပေါ်ကနေ မီးပွင့်တွေ တဖွားဖွား ကျဆင်းလာနေခဲ့တာကြောင့် တစ်မိုင်ပတ်လည် ဧရိယာလောက်ကို အရေးပေါ် ရွှေ့ပြောင်းစေခဲ့ပြီး အနီးတဝိုက် မြို့နယ်တွေက မီးသတ်ဝန်ထမ်းတွေကိုပါ အားဖြည့် ခေါ်ယူခဲ့ရပါတယ်။ October: The Sound of Blooming Flowersလို့ နာမည်ပေးထားတဲ့ မီးရှူးမီးပန်း ပစ်ဖောက်မှု အစီအစဉ်မှာ ပြဿနာ ကြုံခဲ့တဲ့နောက် အာဏာပိုင်တွေက အလားတူ ပွဲတွေ ပြုလုပ်တဲ့အခါ လုံခြုံရေး ဆန်းစစ်မှုတွေကို ပိုမို အာရုံစိုက်ကြဖို့ သတိပေးထားပါတယ်။

လာရောက် ကြည့်ရှုသူတွေအပေါ် မီးပွားတွေ အများအပြား ကျဆင်းခဲ့တဲ့ ချွတ်ချော်မှုမျိုး ဘယ်လိုကနေ ပေါ်လာသလဲ ဆိုတာကို မသိရသေးပေမယ့် တာဝန်ရှိသူတွေကတော့ ရာသီဥတု ခြောက်သွေ့ ပူပြင်းမှုနဲ့ ဆက်စပ်နိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ လူမှုကွန်ရက် သုံးစွဲသူတွေကတော့ ဒီကိစ္စမျိုးဟာ လူတွေကိုယ်တိုင် ဖန်တီးမိတဲ့ ကပ်ဘေးတစ်ခု ဖြစ်သွားနိုင်တယ်လို့ ဝေဖန်နေကြပါတယ်။

လျူယန်းမြို့ရဲ့ ယဉ်ကျေးမှုနဲ့ ကမ္ဘာလှည့် ခရီးသွား ဌာနက အခုမတော်တဆမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး လူတွေရဲ့ ပေါ့ဆမှု၊ တာဝန်ပျက်ကွက်မှု တစ်ခုခု ပတ်သက် ပါဝင်နေရင် ထိထိရောက်ရောက် အရေးယူမယ်လို့ ပြောကြားထားပါတယ်။

လျူယန်းဟာ မီးရှူးမီးပန်းအလှ ပစ်ဖောက်မှုတွေကို နှစ်စဉ် ကျင်းပလို့ လူသိများတဲ့ မြို့တစ်မြို့ ဖြစ်ပေမယ့် အခုကိစ္စအပြီး လုံခြုံရေး ရှုူထောင့်ကနေ ငြင်းခုံမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

ကိုးကား: The Sun

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ် ပိုင်ဆိုင်တဲ့ အာကာသ နည်းပညာ လုပ်ငန်းစုကြီး SpaceXဟာ တရုတ် ရင်းနှီးမြှုပ်နှံသူတွေဆီက ငွေကြေး လက်ခံယူပြီး ရှယ်ယာတွေ ရောင်းချထားဖွယ်ရှိကြောင်း အချက်အလက်တွေ ထွက်ပေါ်လာပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ တိုက်ပွဲတွေဟာ မြို့နဲ့ပိုနီးလာပြီး ပြင်းထန်နေသလို မြို့​ပေါ်က ဌာနဆိုင်ရာအ​ဆောက်အအုံတချို့မီး​လောင်​နေတယ်လို့ ​သိရပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ နောက်ဆုံး မျိုးဆက် တိုက်လေယာဉ်အသစ် J-35ရဲ့ ရေဒါရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် (stealth) စွမ်းရည်ဟာ အံ့မခန်း အဆင့်မျိုးကို ရောက်ရှိနေပြီလို့ တရုတ် အစိုးရ မီဒီယာက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာပေါ်မှာ အမြင့်ဆုံးအဖြစ် စံချိန်တင်မယ့် တံတားအသစ်ကို တရုတ်နိုင်ငံမှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။

Facebook