close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်သမ္မတဟာ ကိုယ့်ကိုယ်ကိုယ် ပြည့်တန်ဆာ ဇာတ်သွင်းနေတယ်လို့ တရုတ်ဝေဖန်

ထိုင်ဝမ်သမ္မတဟာ ကိုယ့်ကိုယ်ကိုယ် ပြည့်တန်ဆာဇာတ် ပီပီပြင်ပြင် သွင်းနေတယ်လို့ တရုတ် အစိုးရက ဝေဖန်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ထိုင်ဝမ်သမ္မတဟာ ကိုယ့်ကိုယ်ကိုယ် ပြည့်တန်ဆာဇာတ် ပီပီပြင်ပြင် သွင်းနေတယ်လို့ တရုတ် အစိုးရက ဝေဖန်ခဲ့ပါတယ်။

အင်တာဗျူး တစ်ခုထဲမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ချီးကျူးပြောဆိုထားတဲ့ ထိုင်ဝမ် သမ္မတ လိုင်ချင်တေးကို တရုတ်ဖက်က အခုလို ထိုးနှက်ခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာ ၈ ရက်နေ့မှာတော့ တရုတ်ရဲ့ ထိုင်ဝမ်ရေးရာ ဆက်ဆံရေးရုံးက ကြေညာချက်တစ်စောင် ထုတ်ပြန်ရာမှာ လိုင်ဟာ နိုင်ငံခြားသားတွေဆီ မျက်နှာရဖို့ သူ့ကိုယ်သူ ပြည့်တန်ဆာဇာတ် သွင်းနေတယ်လို့ ဖော်ပြထားခဲ့ပါတယ်။

ဒါပေမဲ့လည်း လိုင်ရဲ့ အစီအစဉ်တွေက ဆိုးဆိုးရွားရွား ကျဆုံးမှာ ဖြစ်တယ်လို့လည်း ထိုင်ဝမ်ရေးရာ ဆက်ဆံရေးရုံးက လှောင်ပြောင်ခဲ့ပါတယ်။

အခုသီတင်းပတ်ထဲမှာ ထွက်ပေါ်လာတဲ့ အင်တာဗျူးထဲမှာတော့ လိုင်က ထရမ့်ဟာ ထိုင်ဝမ်အပေါ် အင်အားမသုံးဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို စည်းရုံးနိုင်မယ်ဆိုရင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို သေချာပေါက် ရနိုင်လိမ့်မယ်လို့ ပြောကြားထားခဲ့ပါတယ်။ လိုင်က တရုတ်ရဲ့ စစ်ရေး ခြိမ်းခြောက်နိုင်မှုနဲ့ ကာကွယ်ရေး ဘတ်ဂျတ် တိုးမြှင့်မှုတွေ အကြောင်းကိုလည်း အဲဒီ အင်တာဗျူးထဲမှာ ထည့်ပြောထားခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

ထိုင်ဝမ်ရေးရာ ဆက်ဆံရေးရုံးကတော့ လိုင်ရဲ့ ပြောဆိုမှုတွေဟာ အဓိပ္ပါယ် ကင်းမဲ့ပြီး မဟုတ်တမ်းတရားတွေ ဖြန့်ဝေနေတာလို့ စွပ်စွဲခဲ့သလို ငြိမ်းချမ်းရေးကို ဖျက်လိုဖျက်ဆီးလုပ်ပြီး အရှုပ်အထွေးတွေကို ဖန်တီးချင်တဲ့ သူ့ရဲ့ သဘောထား အမှန်ကို ထင်ဟပ်စေတဲ့လို့ ဝေဖန်သွားပါတယ်။

လိုင်ဟာ နိုင်ငံခြားသားတွေနဲ့ ဆက်ဆံရာမှာ လိုက်နာရမယ့် အခြေခံ ကျင့်ဝတ် စည်းမျဉ်းတွေကိုတောင် မျက်ကွယ်ပြုနေကြောင်း၊ ထိုင်ဝမ် ပြည်သူတွေရဲ့ အသွေးအသားတွေကိုပါ ချစတေးပြီး ကိုယ်ကျိုးအတွက် နိုင်ငံအပေါ် အမြတ်ထုတ်နေကြောင်း၊ ဒါတင် မကသေးဘဲ နိုင်ငံရပ်ခြား အင်အားစုတွေဆီက မျက်နှာသာရဖို့ ကိုယ့်ကိုယ်ကိုယ်ပါ ပြည့်တန်ဆာဇာတ် သွင်းနေကြောင်း တရုတ်ဖက်က ထုတ်ပြန်ချက်မှာ ရှုတ်ချထားပါတယ်။

ထိုင်ဝမ်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်တာမျိုး မရှိသေးပါဘူး။ တရုတ်ဟာ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေ တစ်ခုလို့ သတ်မှတ်ထားပေမယ့် ဒီမိုကရေစီ ထွန်းကားတဲ့ ကျွန်းနိုင်ငံကတော့ သီးခြားရပ်တည်မှုကိုသာ လိုလားနေပါတယ်။

တရုတ်အစိုးရဟာ လိုင်အပေါ် အထူးခါးသီးတဲ့ အမြင်မျိုးရှိပြီး ခွဲထွက်ရေး ဝါဒီတစ်ဦးအဖြစ် ရည်ညွှန်း စွပ်စွဲလေ့ ရှိပါတယ်။ တရုတ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ပြည်ပအားကိုးပြီး ထိုင်ဝမ် လွတ်လပ်ရေးကို မျှော်လင့်နေတဲ့ လိုင်နဲ့ အပေါင်းအပါတွေရဲ့ စိတ်ကူးအိပ်မက်ဟာ ဆိုးဆိုးရွားရွား ကျဆုံးသွားစေမယ်လို့လည်း ကြိမ်းစားထားပါတယ်။ လိုင်နဲ့ ထိုင်ဝမ် လွတ်လပ်ရေး အင်အားစုတွေဟာ သမိုင်းကြောင်းမှာတော့ အမှိုက်ပုံးထဲရောက်ပြီး ပျောက်ကွယ်သွားကြမှာ ဖြစ်တယ်လို့ တရုတ်က ဆိုပါတယ်။

လိုင်ကတော့ ထိုင်ဝမ်ရဲ့ အနာဂတ်ကို ထိုင်ဝမ် ပြည်သူတွေကသာ ဆုံးဖြတ်ခွင့် ရှိကြောင်းနဲ့ တရုတ်နဲ့ ထိုင်ဝမ်တို့ဟာ ဘယ်သူမှ ဘယ်သူ့ရဲ့ လက်အောက်ခံ မဟုတ်ကြောင်း ပြောကြားထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

အတွေးအမြင်

တရုတ်ကိုလိုလားထောက်ခံတဲ့ဝါဒဖြန့်မှုတွေကို ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေ၊နယ်စပ်တကြောမှာ အခြေစိုက်တဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်ဂိုဏ်းတွေကထူးထူးခြားခြားဖြန့်ဝေလာနေပါတယ်။

နိုင်ငံတကာ

တရုတ်မှာ မီးရှူးမီးပန်းတွေ ပစ်ဖောက်ရာက လူတွေ အန္တရာယ် ရှိလောက်တဲ့ အမှားအယွင်းမျိုး ဖြစ်ခဲ့တဲ့အပေါ် အလေးအနက် စုံစမ်း စစ်ဆေးနေကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ် ပိုင်ဆိုင်တဲ့ အာကာသ နည်းပညာ လုပ်ငန်းစုကြီး SpaceXဟာ တရုတ် ရင်းနှီးမြှုပ်နှံသူတွေဆီက ငွေကြေး လက်ခံယူပြီး ရှယ်ယာတွေ ရောင်းချထားဖွယ်ရှိကြောင်း အချက်အလက်တွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ နောက်ဆုံး မျိုးဆက် တိုက်လေယာဉ်အသစ် J-35ရဲ့ ရေဒါရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် (stealth) စွမ်းရည်ဟာ အံ့မခန်း အဆင့်မျိုးကို ရောက်ရှိနေပြီလို့ တရုတ် အစိုးရ မီဒီယာက ကြွေးကြော်ခဲ့ပါတယ်။