close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

NATO လေပိုင်နက်နား ရုရှားလေယာဉ်တွေ ချဉ်းကပ်လာလို့ ဟန်ဂေရီ တိုက်လေယာဉ်တွေ ကြားဖြတ် စောင့်ကြည့်ခဲ့

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ လေပိုင်နက်နား ချဉ်းကပ်လာတဲ့ ရုရှား စစ်လေယာဉ်တွေကို ကြားဖြတ် ဟန့်တားဖို့ ဟန်ဂေရီ လေတပ် တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်ခဲ့ရကြောင်း သိရပါတယ်။

ဓာတ်ပုံ - NATO Allied Air Command

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ လေပိုင်နက်နား ချဉ်းကပ်လာတဲ့ ရုရှား စစ်လေယာဉ်တွေကို ကြားဖြတ် ဟန့်တားဖို့ ဟန်ဂေရီ လေတပ် တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်ခဲ့ရကြောင်း သိရပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့တုန်းက ရုရှားတိုက်လေယာဉ်တွေကို ရေဒါမှာ ထောက်လှမ်း တွေ့ရှိခဲ့တဲ့နောက် လစ်သူယေးနီးယား နိုင်ငံရဲ့ ဆီယူလိုင်ယီမြို့မှာ အခြေစိုက်ထားတဲ့ ဟန်ဂေရီလေတပ်ရဲ့ Gripen တိုက်လေယာဉ်တွေက ချက်ချင်း ပျံတက်ခဲ့ရတာလို့ NATOရဲ့ စုပေါင်းလေတပ်က လူမှုကွန်ရက်မှ ရေးသား အတည်ပြုထားခဲ့ပါတယ်။

ရုရှားရဲ့ တိုက်လေယာဉ် စုစုပေါင်း ၅ စီးဟာ နိုင်ငံတကာ လေကြောင်းပျံသန်းမှု လုံခြုံရေး စည်းမျဉ်းတွေကို မလိုက်နာဘဲ NATO အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ လတ်ဗီးယားရဲ့ လေပိုင်နက်နားထိ ချဉ်းကပ် ပျံသန်းခဲ့ကြောင်း NATOက စွပ်စွဲထားပါတယ်။

ဟန်ဂေရီ တိုက်လေယာဉ်တွေဟာ ရုရှား လေယာဉ်တွေက NATO လေပိုင်နက်ရဲ့ အဝေးထိ ရောက်သွားတာ သေချာအောင် စောင့်ကြည့်ပြီးတဲ့နောက် အခြေစိုက် စခန်းဆီ ပြန်ရောက်လာခဲ့တယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

NATO စုပေါင်းလေတပ်က အဖွဲ့ဝင် နိုင်ငံတွေရဲ့ လေပိုင်နက်ကို တစ်လက်မမှ ကျူးကျော်မခံရအောင် စက္ကန့်မလပ် အချိန်ပြည့် စောင့်ကြည့် ကာကွယ်နေမယ်လို့လည်း ကြေညာခဲ့ပါတယ်။ အဲဒီ ရုရှား တိုက်လေယာဉ်တွေဟာ NATO လေပိုင်နက်ထဲ ဝင်ရောက်ခဲ့တယ်လို့တော့ NATO စုပေါင်းလေတပ်က စွပ်စွဲခဲ့ခြင်း မရှိပါဘူး။

အခုလထဲမှာ NATO အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ရုရှား၊ ရိုမေးနီးယားနဲ့ အက်စ်တိုးနီးယားတို့ဟာ ရုရှား ဒရုန်းတွေနဲ့ တိုက်လေယာဉ်တွေရဲ့ ပိုင်နက်ကျူးကျော် ပျံသန်းမှုတွေနဲ့ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ အက်စ်တိုးနီးယားကို ရုရှား တိုက်လေယာဉ် ၃ စီးက ၁၂ မိနစ်လောက်ကြာအောင် နယ်ကျော် ပျံသန်းခဲ့တဲ့ ဖြစ်စဉ် အပြီးမှာတော့ NATOက နောက်တစ်ကြိမ် အလားတူ ထပ်ဖြစ်လာရင် အင်အားသုံး ပစ်ချတာမျိုး အပါအဝင် လိုအပ်တဲ့ နည်းလမ်းအားလုံးကို အသုံးပြုပြီး တုံ့ပြန်မယ်လို့ ရုရှားဆီ သတိပေးထားပါတယ်။

ရုရှားကတော့ NATOရဲ့ လေပိုင်နက်ကို ရန်စ ကျူးကျော်ခဲ့တယ် ဆိုတာကို ငြင်းဆိုပြီး မဟုတ်မမှန် စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

ကိုးကား: NATO Allied Air Command

ဆက်စပ်သတင်းများ

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ လေပိုင်နက်ကို ရုရှားလေယာဉ်တွေက တစ်ပတ်အတွင်း နှစ်ကြိမ်ထိ ချဉ်းကပ် ပျံသန်းခဲ့တာကြောင့် တိုက်လေယာဉ်တွေ စေလွှတ်ပြီး စောင့်ကြည့်ခဲ့ရတယ်လို့ ဗြိတိန် တော်ဝင်လေတပ် (RAF)က ပြောပါတယ်။