close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယား တာဝေးပစ် ဒုံးကျည်အသစ် တီထွင်မှုက နောက်ဆုံးအဆင့် ရောက်နေပြီလို့ တောင်ကိုရီးယားပြော

မြောက်ကိုရီးယားရဲ့ တာဝေးပစ် ဒုံးကျည်အသစ်ဟာ နောက်ဆုံးအဆင့် လက်စသတ်တဲ့ အခြေအနေထိ ရောက်နေပြီလို့ တောင်ကိုရီးယား သမ္မတက ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ တာဝေးပစ် ဒုံးကျည်အသစ်ဟာ နောက်ဆုံးအဆင့် လက်စသတ်တဲ့ အခြေအနေထိ ရောက်နေပြီလို့ တောင်ကိုရီးယား သမ္မတက ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ဖို့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ကို ရောက်ရှိနေချိန် အတောအတွင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က မြောက်ပိုင်း ကွန်မြူနစ် ပြိုင်ဘက် နိုင်ငံရဲ့ လက်နက် ကဏ္ဍနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးသွားခဲ့တာ ဖြစ်ပါတယ်။

နယူးယောက် စတော့စျေးကွက် အိတ်ချိန်းကို သွားရောက် လည်ပတ်ခဲ့တဲ့ အတောအတွင်း လီက တောင်ကိုရီးယားနဲ့ အနောက်မဟာမိတ် နိုင်ငံတွေဟာ မြောက်ကိုရီးယားရဲ့ လက်နက် စီမံကိန်းတွေကို ထိထိရောက်ရောက် တားဆီးနိုင်စွမ်း ကင်းမဲ့ခဲ့ကြောင်း၊ ပြီးတော့ မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်တိုက်ကို ဘယ်တော့မှ စွန့်လွှတ်တော့မှာ မဟုတ်ကြောင်း ဝန်ခံ မှတ်ချက်ပေးသွားပါတယ်။

အခုဆိုရင် မြောက်ကိုရီးယားရဲ့ တာဝေးပစ် ဒုံးကျည်အသစ်ဟာ တည်ဆောက်မှု နောက်ဆုံး အဆင့်တွေကို ဖြတ်သန်းနေပြီလို့လည်း သူက ဆိုပါတယ်။ အဲဒီ ဒုံးကျည်ဟာ နျူကလီးယား ထိပ်ဖူးတွေကို တပ်ဆင်နိုင်ပြီး အမေရိကန် နိုင်ငံရဲ့ ဘယ်အစိတ်အပိုင်းကိုမဆို ချိန်ရွယ် ပစ်ခတ်နိုင်လိမ့်မယ်လို့ လီက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်နဲ့ ဆွေးနွေးမှုတွေ ရှိလာရင် အသာစီး အနေအထားကို ရယူဖို့ အတွက်ရော၊ ကိုယ်တိုင်ရဲ့ ရှင်သန် ရပ်တည်ရေး အာမခံချက်အတွက်ပါ ရည်ရွယ်ပြီး မြောက်ကိုရီးယား အစိုးရဟာ တာဝေးပစ် မဟာဗျူဟာ တိုက်ချင်းပစ် ဒုံးကျည် (ICBM)တွေ ပိုင်ဆိုင်ရေးကို အပူတပြင်း ဆက်လက် အကောင်အထည် ဖော်နေဆဲလို့လည်း လီက ဆိုပါတယ်။

နောက်ဆုံးပေါ် တာဝေးပစ် ICBM ဒုံးကျည်ဟာ မြောက်ကိုရီးယားမှာ ရာနှုန်းပြည့် အောင်မြင်တဲ့ အခြေအနေထိ မရောက်သေးပေမယ့် နောက်ဆုံးအဆင့်ကို ဖြတ်သန်းနေကြောင်း၊ ဒုံးကျည်ကို လွှတ်တင်ပြီးတဲ့နောက် ကမ္ဘာ့လေထုထဲ ပြန်ကျလာမယ့် နည်းပညာပိုင်းမှာ အထစ်အငေါ့ ရှိနေသေးပေမယ့် သိပ်မကြာခင် ကျော်လွှားနိုင်မယ်လို့ သူယူဆကြောင်း တောင်ကိုရီးယား သမ္မတက မှတ်ချက်ပေးသွားပါတယ်။

သူက တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ခ်ယော လက်ထက်မှာ ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေး ခါးသီး အေးစက်ခဲ့ပေမယ့် အဲဒီ အခြေအနေကို ကုစားပြင်ဆင်နိုင်ဖို့ ရည်ရွယ်ထားကြောင်းလည်း အခိုင်အမာ ဆိုပါတယ်။

တောင်ကိုရီးယား အနေနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ အပြီးတိုင် စွန့်လွှတ်ရေး ကိစ္စကို တောင်းဆိုဖို့ ဆိုတာက လက်တွေ့ မကျမှန်း အရှိအတိုင်း လက်ခံပြီး လောလောဆယ်မှာတော့ လက်နက် အသစ်တွေ ထုတ်လုပ်မှုနဲ့ သုတေသနပြုမှုတွေ ရပ်တန့်နိုင်ရေး သဘောတူညီချက် ရရှိလာဖို့သာ ပိုမို အာရုံစိုက်သင့်ကြောင်းလည်း လီက ပြောကြားသွားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်၊ ကနေဒါ၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ပြည်ပရောက်မြန်မာများစုပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းအားထောက်ခံပွဲနှင့် မြန်မာ့အရေးစွက်ဖက်နေသည့်တရုတ်အစိုးရကန့်ကွက်ပွဲတို့ကို ယနေ့ (စက်တင်ဘာ ၂၁) ပြုလုပ်ခဲ့သည်။

နိုင်ငံတကာ

ဉာဏ်ရည်တု (AI) နည်းပညာပါတဲ့ တိုက်ခိုက်ရေး ဒရုန်း အသစ် စမ်းသပ်မှုကို ကွပ်ကဲစောင့်ကြည့်ခဲ့တဲ့နောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ အဲဒီ စစ်လက်နက် နည်းပညာအပေါ် အရမ်း သဘောကျသွားတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

အမေရိကန် နိုင်ငံက Hyundai ကားစက်ရုံထဲမှာ လူဝင်မှု ကြီးကြပ်ရေး တာဝန်ရှိသူတွေ ဖမ်းဆီးတာ ခံခဲ့ရတဲ့ နိုင်ငံသားတွေကို လက်ထိတ်မခတ်ဘဲ ပြန်လည် ခေါ်ဆောင်ခွင့်ပြုဖို့ တောင်ကိုရီးယား အစိုးရက ညှိနှိုင်းနေပါတယ်။

နိုင်ငံတကာ

နည်းပညာသစ်နဲ့ တည်ဆောက်ထားတဲ့ ဒုံးကျည် အင်ဂျင်တစ်ခုကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားက ကြေညာခဲ့ပါတယ်။