အိမ်သွင်/People’s Spring
ကချင်ပြည်နယ် ပူတာအိုမြို့နယ်၊မူလာဒီကျေးရွာတွင် ဒေသခံ ငါးဦးအားရန်ပြုသတ်ဖြတ်ခဲ့သော မှုံယိုနေသည့်ဆင်ကိုယနေ့ (ဧပြီလ ၂၁ရက်)မွန်းလွဲပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ပြီးဖြစ်သည်။
ဒေသခံပြည်သူ့စစ်အဖွဲ့များက မူလာဒီကျေးရွာအနီးတွင်ပင် ပစ်ခတ်ခြင်းဖြစ်ပြီး ဆင်ရန်ကြောင့်ထွက်ပြေးတိမ်းရှောင်နေသူများ ရွာသို့ပြန်ဝင်လာပြီဟု သတင်းရရှိသည်။
အဆိုပါဆင်သည်မူလကကုမ္ပဏီတစ်ခုကပိုင်ဆိုင်ပြီးနောက်ပိုင်းတွင် ဒေသခံတဦးကပြန်ဝယ်ယူထားစဉ် မှုံယိုပြီး စိတ်ရိုင်းဝင်သွားခြင်းဟု ဒေသခံတဦးကပြောသည်။

Public Service Announcement
ထိုဆင်မှာ မှုံယိုပြီးဧပြီလ ၁၆ရက်နှင့် ၁၇ရက်တွင်လာဒီကျေးရွာသို့ဝင်ရောက်တိုက်ခိုက်ရာ မွေးကင်းစကလေးငယ်အပါအဝင်ငါးဦးသေဆုံးခဲ့သည်။
