close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားဖက်က ပါဝင်တိုက်ခိုက်နေတဲ့ တရုတ်စစ်သား နှစ်ယောက်ကို ဖမ်းမိကြောင်း ယူကရိန်း ထုတ်ပြန်

ရုရှား စစ်တပ်ဖက်က ပါဝင်တိုက်ခိုက်နေတဲ့ တရုတ်နိုင်ငံသား နှစ်ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း ယူကရိန်း အစိုးရက ကြေညာခဲ့ပါတယ်။

ရုရှား စစ်တပ်ဖက်က ပါဝင်တိုက်ခိုက်နေတဲ့ တရုတ်နိုင်ငံသား နှစ်ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း ယူကရိန်း အစိုးရက ကြေညာခဲ့ပါတယ်။

ဧပြီ ၈ ရက်နေ့တုန်းက ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အဲဒီ တရုတ်နိုင်ငံသားတွေကို ယူကရိန်းနိုင်ငံ အရှေ့ပိုင်း၊ ဒွန်းညက်စ်ခ် ဒေသထဲမှာ ဖမ်းဆီး ရမိခဲ့တာလို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ နောက်ပြီး ယူကရိန်းရဲ့ ထောက်လှမ်းရေး သတင်း အချက်အလက်တွေအရ ရုရှားစစ်တပ်အတွက် ပါဝင်တိုက်ခိုက်ပေးနေတဲ့ တရုတ် အရေအတွက်ဟာ ၂ ဦးထက် မကဘူးလို့ နားလည်ထားကြောင်းလည်း သူက ဆိုပါတယ်။

ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး အန်ဒရီ ဆိုင်ဘီဟာက တရုတ်စစ်သားတွေကပါ ယူကရိန်း စစ်မြေပြင်မှာ ပါဝင် တိုက်ခိုက်နေတယ် ဆိုတာဟာ စစ်ပွဲနဲ့ ပတ်သက်ပြီး ဘက်မလိုက်ဝါဒ ကျင့်သုံးပါတယ်ဆိုတဲ့ တရုတ်ရဲ့ ရပ်တည်မှုကို မေးခွန်းထုတ်စရာ ဖြစ်လာစေကြောင်း ပြောကြားသွားပါတယ်။

ဒီအခြေအနေဟာ ရုရှားအတွက် တရုတ်က စစ်သားတွေ ထောက်ပံ့နေတယ် ဆိုတာကို ယူကရိန်း အစိုးရက ပထမဆုံးအကြိမ် စွပ်စွဲလာခြင်းလည်း ဖြစ်ပါတယ်။ ရုရှားနဲ့ တရုတ်တို့ကတော့ အဲဒီကိစ္စကို လတ်တလော မှတ်ချက် မပေးသေးပါဘူး။

Public Service Announcement

Public Service Announcement

လူမှုကွန်ရက် မီဒီယာ Xမှာတော့ ဇီလန်စကီးက ဒွန်းညက်စ်မှာ ဖမ်းမိခဲ့တဲ့ တရုတ် စစ်သားတွေတွေမှာ ကိုယ်ရေး အချက်အလက်တွေ ပါဝင်တဲ့ ဘဏ်ကတ်တွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားခဲ့ပါတယ်။ နောက်ပြီး ဖမ်းမိတဲ့ထဲက တစ်ဦးလို့ ယုံကြည်ရပြီး မကြာသေးခင်က တိုက်ပွဲတစ်ခု အကြောင်းကို မန်ဒရင်း တရုတ်ဘာသာနဲ့ ပြောနေတဲ့ လက်ထိတ်ခတ်လျက်သား အမျိုးသား တစ်ယောက်ရဲ့ ဗီဒီယိုကိုလည်း ဇီလန်စကီးက မျှဝေထားခဲ့ပါတယ်။

ရရှိထားတဲ့ အချက်အလက်တွေအရ ကျူးကျော်သူတွေဖက်မှာ ပါဝင်နေတဲ့ တရုတ်နိုင်ငံသားတွေဟာ ဒီနှစ်ယောက်တည်း မကဘဲ နောက်ထပ် အများကြီး ရှိသေးတယ်လို့ သဘောပေါက်ထားကြောင်းလည်း ဇီလန်စကီးက ဆိုပါတယ်။

အခုကိစ္စကို အမေရိကန်၊ ဥရောပတို့အပြင် တစ်ကမ္ဘာလုံးက ငြိမ်းချမ်းရေး လိုလားသူတွေကပါ ပါဝင်တုံ့ပြန် ပေးစေလိုတယ်လို့လည်း ဇီလန်စကီးက တောင်းဆိုသွားပါတယ်။ ဖမ်းမိထားသူတွေကို ချုပ်နှောင်ထားပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့လည်း သူက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး တမ်မီဘရုစ်က အခုသတင်းဟာ စက်ဆုပ်စရာ ကိစ္စတစ်ခုလို့ ဝေဖန်ခဲ့ပါတယ်။ သူက တရုတ်ဟာ ယူကရိန်းမှာ ရုရှားက ဆက်ပြီး စစ်တိုက်နေနိုင်အောင် နောက်ကွယ်က အဓိက ကူညီပေးနေတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး အချက်ပြ လမ်းညွှန်မြေပုံ နည်းပညာတွေ၊ ဆီမီကွန်ဒက်တာတွေ၊ ဂျက်လေယာဉ် အစိတ်အပိုင်းတွေလိုမျိုး စစ်ဘက် အရပ်ဖက် နှစ်မျိုး အသုံးပြုနိုင်တဲ့ ပစ္စည်းတွေ အလုံးအရင်း ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲသွားပါတယ်။

ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ကိယက်ဗ်မှာရှိတဲ့ တရုတ် သံရုံး အကြီးအကဲကို ဆင့်ခေါ်ထားပြီး တိကျတဲ့ ဖြေရှင်းမှုတစ်ခု တောင်းဆိုသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာလည်း ရုရှားအတွက် စစ်သည် သောင်းနဲ့ချီပြီး ပံ့ပိုးထားပေမယ့် အခြေအနေက ကွဲပြားကြောင်း ဇီလန်စကီးက ထောက်ပြခဲ့ပါတယ်။ မြောက်ကိုရီးယား တပ်တွေဟာ ရုရှားရဲ့ ကာ့စ်ခ်ဒေသထဲမှာ ယူကရိန်းနဲ့ စစ်ခင်း တိုက်ခိုက်နေတာ ဖြစ်ပေမယ့် တရုတ်စစ်သားတွေကိုတော့ ယူကရိန်း ပိုင်နက် နယ်မြေထဲမှာ ဖမ်းမိခဲ့တာလို့ ဇီလန်စကီး ပြောကြားသွားပါတယ်။

ကိုးကား: Bloomberg

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း အတော်များများ ကာလအတွင်း ရုရှားရဲ့ အကြီးမားဆုံး တပ်အင်အား ချဲ့ထွင်မှုအတွက် သမ္မတ ဗလာဒီမာ ပူတင်က တပ်သားသစ်တွေ ခေါ်ယူဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

စစ်ပွဲ ရပ်ဆိုင်းရေး ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်အပေါ် အတော်လေး စိတ်ကုန်စ ပြုလာသလို ဒေါသလည်း ထွက်နေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အခုနှစ်ထဲမှာ မြောက်ကိုရီးယားဟာ ရုရှားကို ကူညီဖို့ စစ်သား ၃၀၀၀ လောက် စေလွှတ်ပေးခဲ့တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးက ပြောပါတယ်။

သတင်း

ရုရှား၏ ပြင်ဆင်ချက်အဆို ရှုံးနိမ့်ပြီး မူလအဆိုမူကြမ်းအတိုင်း ကုလအထွေထွေညီလာခံ အတည်ပြုဆုံးဖြတ်