close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ ယာယီအပစ်ရပ်မည်ကြေညာချက်မှာ ငလျင်ဘေးအကြောင်းပြပြီး နိုင်ငံရေးအမြတ်ထုတ်လိုသော လုပ်ကြံလီဆယ်မှုဟု မန္တလေး PDF ထုတ်ပြန်

စစ်ကောင်စီ၏ ယာယီအပစ်ရပ်စဲမည်ဟူသောကြေညာချက်သည် ငလျင်ဘေးအကြောင်းပြုကာ ပြည် သူလူထုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအကြား နိုင်ငံရေးအမြတ်ထုတ်လိုသော လုပ်ကြံလီဆယ်မှုဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY PDFက ယနေ့(ဧပြီ ၈ရက်)တွင် ထုတ်ပြန်သည်။

ငလျင်ကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - မန္တလေး PDF

ဧပြီ ၈၊၂၀၂၅။တေဇ၊ရဲခေါင်/People’s Spring

စစ်ကောင်စီ၏ ယာယီအပစ်ရပ်စဲမည်ဟူသောကြေညာချက်သည် ငလျင်ဘေးအကြောင်းပြုကာ ပြည် သူလူထုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအကြား နိုင်ငံရေးအမြတ်ထုတ်လိုသော လုပ်ကြံလီဆယ်မှုဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY PDF က ယနေ့(ဧပြီ ၈ရက်)တွင် ထုတ်ပြန်သည်။

စစ်ကောင်စီက ဧပြီ ၂ ရက်မှ ဧပြီ ၂၂ရက်အထိ ယာယီအပစ်အခတ်ရပ်စဲမည်ဟု ကြေညာခဲ့သည်ကို တွေ့ရှိရသော်လည်း လက်တွေ့မြေပြင်တွင်မူ အပစ်အခတ်ရပ်စဲကြောင်းထုတ်ပြန်ပြီးနောက် အချိန်နာရီမျှ မခြားဘဲ အရပ်သား ပြည်သူများနေထိုင်ရာမြို့ရွာဒေသများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း အသိပေးသည်။

ထိုအပြင် စဉ့်ကူးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ၊မတ္တရာမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ် ၊ သပိတ်ကျင်းမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်၊မိုးကုတ်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်နှင့် နောင်ချိုမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါလေကြောင်း တိုက်ခိုက်ခဲ့မှုများကို သက်သေအထောက် အထားများနှင့်တကွ တွေ့ရှိထား​ပြီး အရပ် သားပြည်သူအချို့ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း ဖော်ပြသည်။

ထို့အပြင် စစ်ကောင်စီသည် မြေပြင်စစ်ကြောင်းထိုးမှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကိုလည်း လုံးဝ ရပ်နားခြင်းမရှိပဲ ဆက်လက်လုပ်ဆောင်နေကြောင်း မန္တလေးPDFက ပြောသည်။

ထို့ကြောင့် စစ်ကောင်စီ၏ အပစ်အခတ်ရပ်စဲမည်ဟူသော ထုတ်ပြန်ကြေညာချက်သည် ငလျင်ဘေးကို အကြောင်းပြုကာ ပြည်သူလူထုနှင့် နိုင်ငံတကာအသိုင်း အဝိုင်းအကြား ၎င်းတို့အတွက် နိုင်ငံရေးအမြတ်ထုတ်လိုသော လုပ်ကြံလီဆယ်မှုတစ်ခုသာဖြစ်ကြောင်း အသိပေးသည်။

မတ်လ ၂၈ ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ အင်အားအလွန်ပြင်းထန်သော ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အားစိုက်လုပ်ဆောင်နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန် ကြီးဌာန၏ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များအားလုံးသည် ငလျင်ဒဏ်သင့်နှင့် ဆက်စပ်ဒေသများတွင် မိမိကိုယ်ကိုယ် ခုခံကာကွယ်ခွင့်မှတပါး ထိုးစစ်အားလုံးကို မတ်လ ၃၀ ရက်မှစ၍ ယာယီရပ်နားမည်ဖြစ်ကြောင်း ​ကြေညာခဲ့သည်။

အဆိုပါ ကြေညာချက်နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည်လည်း စစ်ဆင်ရေးများကို ယာယီရပ်ဆိုင်းထားကြောင်းလည်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ-၈၊၂၀၂၅။ခွာညို/People’s Spring လေဖိအားနည်းရပ်ဝန်း နှင့် မိုးတိမ်တောင်ကြောင့် စစ်ကိုင်းငလျင်ဘေးသင့်ဒေသများတွင် မိုးသက်လေပြင်းတိုက်ခတ်နိုင်ကြောင်း MOHADMက သတိပေးထားပြီး ၊လက်ရှိရာသီဥတုအခြေအနေသည် ယာယီဘေးရှောင်စခန်းများတွင် ခိုလှုံနေသူများအတွက် နောက်ထပ်အန္တရာယ်တစ်ခု ဖြစ်ပေါ်လျက်ရှိသည်ဟု UNOCHA က သတိပေးသည်။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်ဖြစ်ပေါ်နေပြီး ငလျင်ဘေးသင့်ဒေသများဖြစ်သော စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ပဲခူးတိုင်း၊ နေပြည်တော်တို့လည်း...

သတင်း

အာဏာသိမ်းစစ်ကောင်စီက ယာယီအပစ်ရပ်ကြေညာသော်လည်း ထိုးစစ်ဆင်မှုများ၊ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့် လုပ်ရပ်မှာ စက်ဆုပ်စရာကောင်းကြောင်း ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆို ခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

သတင်း

စစ်ကိုင်းမြို့နယ်အတွင်း ဗဟိုပြုလှုပ်ခတ်ခဲ့သောငလျင်ကို မန္တလေးငလျင်ကြီးဟု သတ်မှတ်ခေါ်ဝေါ်သွားမည်ဟု စစ်ကောင်စီက ယနေ့(ဧပြီ ၇ရက်)တွင် ထုတ်ပြန်သည်။

ဆောင်းပါး

ဒါကသမိုင်းတ​လျှောက်ဖျက်အားအပြင်းဆုံးငလျင်ကြီးလှုပ်ပြီးတစ်ပတ်ကျော်အကြာကမန္တလေးမြို့တ​နေရာရဲ့ မြင်ကွင်းဖြစ်ပါတယ်။ မန္တ​လေးမြို့ရဲ့ လမ်းအားလုံးနီးပါးမှာ ငလျင်ကြီး​ကြောင့်အ​ဆောက်အအုံပျက်​ မရှိတဲ့လမ်း မ​တွေ့ရ​ပါဘူး။