close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကြိုမှန်းဆထားတဲ့ ရေအောက်ငလျင်ကြီး လှုပ်ခတ်လာရင် ထိခိုက်ပျက်စီးနိုင်ခြေ စာရင်းကို ဂျပန်ထုတ်ပြန်

နှစ်တွေနဲ့ချီ ကြိုတင် ခန့်မှန်းထားတဲ့ ဧရာမ ရေအောက် ငလျင်ကြီး ဖြစ်ပေါ်လာရင် ထိခိုက်ပျက်စီးနိုင်ခြေတွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာ အသစ် တစ်စောင်ကို ဂျပန်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နှစ်တွေနဲ့ချီ ကြိုတင် ခန့်မှန်းထားတဲ့ ဧရာမ ရေအောက် ငလျင်ကြီး ဖြစ်ပေါ်လာရင် ထိခိုက်ပျက်စီးနိုင်ခြေတွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာ အသစ် တစ်စောင်ကို ဂျပန်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အစိုးရက တာဝန်ပေးထားတဲ့ ပညာရှင် အဖွဲ့တစ်ခုက နန်ကိုင် သမုဒ္ဒရာချောက် ပြတ်ရွေ့ကြောင်းကြီးကို ဗဟိုပြု ဖြစ်ပေါ်လာနိုင်တဲ့ ရေအောက် ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းတွေကြောင့် ဂျပန်မှာ ကြုံရမယ့် ထိခိုက်ပျက်စီးမှု၊ အသေအပျောက် အခြေအနေတွေကို သိပ္ပံနည်းကျ ဆန်းစစ်လေ့လာထားတာ ဖြစ်ပါတယ်။

နန်ကိုင် သမုဒ္ဒရာချောက်ဟာ ဂျပန်နိုင်ငံ၊ ဟွန်ရှူးကျွန်းရဲ့ နန်ကိုင်ဒိုဒေသ ကမ်းရိုးတန်းအလွန် ကီလိုမီတာ ၉၀၀ လောက်အကွာ ပစိဖိတ် သမုဒ္ဒရာထဲမှာ တည်ရှိနေပါတယ်။ အဲဒီနေရာဟာ အင်မတန် အင်အားပြင်းထန်တဲ့ ရေအောက် ငလျင်တွေကို ဖြစ်ပေါ်စေတဲ့ ပင်မ အရင်းအမြစ် တစ်ခုလည်း ဖြစ်နေပါတယ်။

ဂျပန်အစိုးရဟာ နန်ကိုင် သမုဒ္ဒရာချောက်ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာနိုင်တဲ့ မဂ္ဂနီကျု ပြင်းအားအဆင့် ၈၊ ဒါမှမဟုတ် ၉ လောက်ရှိတဲ့ ငလျင်ကြီး တစ်ခုအတွက် ကြိုတင် ပြင်ဆင်မှုတွေ၊ လေ့လာဆန်းစစ်မှုတွေကို အစဉ်တစိုက် လုပ်ဆောင်ထားပါတယ်။

Public Service Announcement

Public Service Announcement

မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက်က ထုတ်ပြန်ခဲ့ဖူးတာနဲ့ ယှဉ်ရင် ဖြစ်နိုင်ခြေ အသေအပျောက်ဟာ နည်းနည်းလျော့သွားပြီး အဆိုးဆုံး အခြေအနေမှာ လူ ၂၉၈၀၀၀ လောက် သေဆုံးနိုင်တယ်လို့ ပါရှိခဲ့ပါတယ်။

အစီရင်ခံစာအရ လာမယ့် နှစ်ပေါင်း ၃၀ လောက်အတွင်း မဂ္ဂနီကျု ၈၊ ဒါမှမဟုတ် ၉ အဆင့် ငလျင်ကြီးတစ်ခု အချိန်မရွေး လှုပ်ခတ်နိုင်တယ်လို့ သိရပါတယ်။ အဲဒီ ငလျင်မျိုး အမှန်တကယ် လှုပ်ခတ်လာရင် ဂျပန်ရဲ့ တောင်ပိုင်းနဲ့ အရှေ့ပိုင်း ကမ်းရိုးတန်းတွေကို ဧရာမ ဆူနာမီ ရေလှိုင်းတွေ အမြန်ဆုံး ရောက်ရှိလာနိုင်ပြီး သန်းနဲ့ချီ များပြားတဲ့ လူတွေကို အချိန်မီ ရွှေ့ပြောင်းဖို့ အရမ်းခက်ခဲမယ်လို့ ဆိုပါတယ်။

နောက်ပြီး အဲဒီ နန်ကိုင် ငလျင်ကြီးသာ အမှန်တကယ် လှုပ်ခတ်လာရင် ထိခိုက်ပျက်စီးမှု တန်ဖိုးက ဒေါ်လာ ၁.၈ ထရီလီယံလောက်ထိ များပြားနိုင်ပြီး ဂျပန်ရဲ့ စီးပွားရေးကို အကြီးအကျယ် ယိမ်းယိုင်သွားစေနိုင်တယ်လို့လည်း အစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။ ဒေါ်လာ ၁.၈ ထရီလီယံဆိုတာ ဂျပန်ရဲ့ GDPတန်ဖိုး ထက်ဝက်နီးပါးလောက် ပမာဏ ဖြစ်ပါတယ်။

နာဂိုယာ တက္ကသိုလ် ပါမောက္ခ အီမရီတက်စ် ဖူကူဝါ နိုဘူအိုဟာ မတ်လ ၃၁ ရက်နေ့မှာ အဲဒီ အစီရင်ခံစာပါ အကြောင်းအရာတွေကို အစိုးရရဲ့ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဝန်ကြီး ဆာကိုင် မာနာဘူဆီ ပေးအပ်ခဲ့ပါတယ်။

ဝန်ကြီးက အဲဒီ အစီရင်ခံစာပါ အချက်အလက်တွေကို အခြေခံပြီး လိုအပ်တဲ့ အစီအမံတွေကို ဖြည့်တင်း အကောင်အထည် ဖော်နိုင်မယ်ဆိုရင် ထိခိုက်သေကြေမှု အခြေအနေတွေကို ပိုမို လျှော့ချနိုင်မယ်ဆိုတာ ယုံကြည်ထားကြောင်း ပြောကြားခဲ့ပြီး လက်တွေ့ အကောင်အထည် ဖော်နိုင်ဖို့လည်း အစိုးရက အစွမ်းကုန် အားထုတ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

အစီရင်ခံစာထဲမှာတော့ တကယ်တမ်း ဖြစ်ပေါ်လာမယ်ဆိုရင် ငလျင်ရဲ့ ပြင်းအားဟာ မဂ္ဂနီကျု ၉ ပတ်ချာလည်လောက်မှာ ရှိနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ ပြီးတော့ ပေ ၃၀ လောက်မြင့်တဲ့ ဆူနာမီ လှိုင်းတွေဟာ မြို့တော် တိုကျိုအပြင် ကန်တိုနဲ့ ကျူရှူးကြားက တခြားဒေသကြီး ၁၂ ခုလောက်ဆီ ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ ကိုချီနဲ့ ရှီဇူအိုကာတို့ကတော့ ပေ ၃၀ ထက် ပိုမြင့်တဲ့ ဆူနာမီ ရေလှိုင်းတွေရဲ့ဒဏ်ကို ခံစားရနိုင်တယ်လို့လည်း အစီရင်ခံစာက ခန့်မှန်းထားခဲ့ပါတယ်။

ပါမောက္ခ ဖူကူဝါက ခန့်မှန်းထားတဲ့ ဧရာမ ရေအောက်ငလျင်ကြီးကြောင့် ဖြစ်ပေါ်လာနိုင်ခြေ ထိခိုက်ပျက်စီးမှုတွေကို ထိထိရောက်ရောက် မလျှော့ချနိုင်ဘူးဆိုရင် ဂျပန်ဟာ အန္တရာယ် ကြီးကြီးမားမား ခြိမ်းခြောက် ခံနေရပြီလို့ နားလည်ထားသင့်ကြောင်း သတိပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ငလျင်ဒဏ်ကို လျှော့ချနိုင်မယ့် အစီအမံတွေကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်မယ်လို့တော့ သူ့အနေနဲ့ မျှော်လင့်ထားကြောင်းလည်း ဖူကူဝါက ပြောကြားသွားပါတယ်။

ကိုးကား: NKH

ဆက်စပ်သတင်းများ