close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြီးကြောင့် နေပြည်တော်၊ ပျဉ်းမနားတွင်ပင် သေဆုံးသူ ၈၀ ကျော်လာ

​မြေငလျင်ကြီးကြောင့် နေပြည်တော်၊ ပျဉ်းမနားတွင် သေဆုံးသူ၈၀ဦးကျော်လာပြီဖြစ်ကြောင်း ယနေ့ည ၉ နာရီအထိ အခြေအနေကိုဒေသခံများနှင့် လူမှုရေးအဖွဲ့များထံမှသတင်းရရှိသည်။

​မြေငလျင် လှုပ်ပြီး အပျက်အစီးများကို ပျဥ်းမနားမြို့တွင်​တွေ့ရစဥ်။ဓါတ်ပုံ-CJ

ကဖေး/People’s Spring

​မြေငလျင်ကြီးကြောင့် နေပြည်တော်၊ ပျဉ်းမနားတွင် သေဆုံးသူ၈၀ဦးကျော်လာပြီဖြစ်ကြောင်း ယနေ့ည ၉ နာရီအထိ အခြေအနေကိုဒေသခံများနှင့် လူမှုရေးအဖွဲ့များထံမှသတင်းရရှိသည်။

ပျဉ်းမနားမြို့၊ ဗိုလ်ချုပ်လမ်းတလျှောက်တွင် အပျက်အစီးအလွန်များပြားပြီး အဆောက်အဦးများစွာပြိုကျပျက်စီးနေကြောင်း မြို့ခံများကပြောသည်။

“ပြိုသွားတဲ့အိမ်တွေထဲမှာ လူတွေပိတ်မိနေတုန်းပဲ။ သေဆုံးသူတွေအရမ်းများပါတယ်။ ရေခဲတိုက်မှာ တန်းစီနေတာပဲ။ လမ်းပေါ်တွေမှာလည်း ရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

မတ် ၂၈ ရက်ည ၉နာရီအထိစာရင်းအရ ပျဉ်းမနားမြို့တွင် အင်အားကြီးငလျင်ကြီး လှုပ်ခတ်မှုကြောင့်သေဆုံးသူ ၈၀ကျော်ရှိပြီဟုကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကပြောသည်။ ​ပျဥ်းမနားတစ်ခုတည်းတွင်ပင် ​သေဆုံးသူအ​ရေအတွက်များ၍ ​နေပြည်​တော်​ကောင်စီနယ်​မြေတစ်ခုလုံးဆိုပါက ​သေဆုံး သူများစွာတိုးလာနိုင်​ကြောင်း ကယ်ဆယ်​ရေးလုပ်ကိုင်​နေသူအချို့က​ပြောသည်။

နေပြည်တော်ရှိ စစ်​ကောင်စီဝန်ထမ်းအိမ်ယာများလည်း ပြိုကျခဲ့သည်။

“ကန်ထရိုက်တိုက်တွေမခိုင်တော့တော်တော်လေးကိုအပျက်အစီးများတယ်။သေဆုံးတဲ့ကိန်းဂဏန်း ဖုန်းမနိုင်ဖိမရဖြစ်လာလိမ့်မယ်ထင်တယ်။ အခုညလည်း ဝန်ထမ်းတွေ လမ်းပေါ်တွေမှာနေကြရတယ်”ဟု ခရေဆောင်မှ ဝန်ထမ်းတစ်ဦးကပြောသည်။

ထို့အပြင်နေပြည်တော်လေဆိပ်ရှိလေကြောင်းထိန်သိမ်းရေးတာဝါကျိုးကျပြီး အမျိုးသမီးအချို့အပါအဝင် ၇ ဦးသေဆုံးကြောင်းလည်း လေဆိပ်နှင့်နီးစပ်သူတဦးကပြောသည်။ ငလျင်ကြောင့် ပြိုကျသွားသည့် နေအိမ်နှင့် အဆောက်အဦးများအတွင်း လူများပိတ်မိနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးများ လုပ်ဆောင်နေဆဲဖြစ်သည်။

ထိုအပြင် ပျဉ်းမနားစိုက်ပျိုးရေးသိပ္ပံတွင် ကျောင်းအုပ်ကြီး ရုံးခန်းပြိုကျပြီး အောက်ထပ်တွင် စာစစ်​နေ​သော ဆရာ ၊ဆရာမ များအပါအဝင် ၆ ဦး​သေဆုံးပြီး ဒဏ်ရာရသူများရှိခဲ့သည်။ အပေါ်ထပ် ရုံးခန်းမှ ဒေါ်စန္ဒာဝင်းက ဦးခေါင်းပေါက်ဒဏ်ရာရခဲ့သည်။​သေဆုံးသူများတွင် အဆောင်မှုးဒေါ်ခင်ဝင်းမြိုင်၊ ဦးသန်းလွင်၊ ဒေါ်နေခြည်လင်း တို့အပါအဝင် ၆ ဦးဖြစ်သည်။

ငလျင်ကြောင့် သေဆုံးသူ ၁၄၄ ဦးရှိပြီး၊ ထိခိုက်ဒဏ်ရာရသူ ၇၃၀ ကျော်ရှိ မြန်မာစစ်ခေါင်းဆောင်ရဲ့ မတ် ၂၈ ရက် ညပိုင်း ၈ နာရီ အချိန် မြန်မာငလျင်နဲ့ ပတ်သက်ပြီး ပြောကြားတဲ့ မိန့်ခွန်းအရ မြေငလျင်​ကြောင့် နေပြည်တော်တွင် ၉၆ ယောက် ၊ စစ်ကိုင်းမြို့တွက် ၁၈ ယောက်နှင့် ကျောက်ဆည်မြို့မှာ ၃၀ ယောက် စုစုပေါင်း ၁၄၄ ယောက် သေဆုံးပြီး ၊၇၃၂ ဦး ဒဏ်ရာရခဲ့သည်ဟု အာဏာသိမ်း​ခေါင်း​ဆောင်က မတ် ၂၈ ရက်ညတွင် ​ပြောကြားခဲ့သည်။သို့​သော် ​အာဏာသိမ်း​ခေါင်း​ဆောင်​ပြော​သောစာရင်းတွင် မြေငလျင်ကြီး​ကြောင့် ​သေဆုံးမှု ၊ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်​သော မန္တ​လေမြို့အပါအဝင် အခြား​ဒေသများမပါဝင်​ပေ။ထိုအပြင် စစ်​ကောင်စီက ​မြေငလျင်ပျက်စီးမှု​ကြောင့် ​မန္တ​လေး ၊စစ်ကိုင်း ၊​နေပြည်​တော် ၊ပဲခူး၊မ​ကွေး ၊ ရှမ်းပြည်နယ် ​မြောက်ပိုင်းကို စစ်​ကောင်စီက အ​ရေး​​ပေါ်အ​ခြေအ​နေ​ကြေညာပြီး ငလျင်လှုပ်ပြီးမှ ထို​ဒေသများထဲမှ သုံး​​ဒေသကို ​လေ​ကြောင်းမှဗုံးကြဲခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက လှုပ်ခတ်လိုက်သော ပြင်းအားရစ်ချတာစကေး ၇.၇ အဆင့်ရှိ ငလျင်ကြီးသည် မန္တလေးမြို့ကို အုတ်နီခဲဖြင့် ဒေါင်လိုက်အထုခံလိုက်ရသော ဘာဂျာတခုကဲ့သို့ ထောင်းလမောင်းကြေသွားသည်။

သတင်း

လုံခြုံရေးကြောင့် ငလျင်ဒဏ်သင့်ဒေသသို့ လူနာများသွားရောက် မခေါ်ယူနိင်သော်လည်း အရေးပေါ် ကြုံလာပါက ကူညီရန် အသင့်ပြင်ထားဟုဆို

သတင်း

မြန်မာနိုင်ငံ ငလျင်ဘေးအတွက် အမေရိကန်အနေနဲ့ကူညီဖို့အတွက် မြန်မာနိုင်ငံနဲ့ စကားပြောထားတယ်လို့ သမ္မတထရမ့်က ပြောကြားလိုက်ပါတယ်။

သတင်း

နှစ်​ပေါင်း ၁၀၀ ​ကျော်အတွင်းအင်အားအပြင်းဆုံး ငလျင်ကြီး​ကြောင့် မန္တ​လေးမြို့က မစိုးရိမ်​ကျောင်းတိုက်ပြိုကျမှု နဲ့ ​မြေငလျင်​လှုပ်​နေချိန် မြင်ကွင်း​တွေဖြစ်ပါတယ် ။

Facebook