close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆီးရီးယားက ထွက်ပြေးဖို့ ကြိုစီစဉ်ထားခဲ့တာ မဟုတ်ဘူးလို့ အာဆတ်ဆို

သူဟာ နိုင်ငံကနေ ထွက်ပြေးဖို့ ကြိုတင် စီစဉ်ထားတာ မရှိခဲ့ကြောင်း တော်လှန်ရေး တပ်တွေရဲ့ ဖယ်ရှားခြင်းကို ခံခဲ့ရသူ ဆီးရီးယား သမ္မတဟောင်း ဘာရှာ အယ်လ်အာဆတ်က ဆိုပါတယ်။

သူဟာ နိုင်ငံကနေ ထွက်ပြေးဖို့ ကြိုတင် စီစဉ်ထားတာ မရှိခဲ့ကြောင်း တော်လှန်ရေး တပ်တွေရဲ့ ဖယ်ရှားခြင်းကို ခံခဲ့ရသူ ဆီးရီးယား သမ္မတဟောင်း ဘာရှာ အယ်လ်အာဆတ်က ဆိုပါတယ်။

ဒီဇင်ဘာ ၈ ရက်နေ့မှာ တော်လှန်ရေး တပ်တွေက မြို့တော် ဒမတ်စကက်ကို သိမ်းယူလိုက်တဲ့နောက် အာဆတ်နဲ့ မိသားစုဟာ မော်စကိုမြို့တော်ဆီ လေယာဉ်နဲ့ ကတိုက်ကရိုက် ထွက်ပြေး တိမ်းရှောင်သွားခဲ့ပါတယ်။ သူ့ဖခင် လက်ထက် ကတည်းက ဆီးရီးယားကို ကြီးစိုးခဲ့တဲ့ အာဆတ် မိသားစုရဲ့ အာဏာစက်ဟာလည်း အဲဒီအချိန်မှာ အဆုံးသတ်သွားခဲ့ပါတယ်။

အာဆတ်ဟာ နိုင်ငံကနေ ထွက်ပြေးသွားပြီးချိန် ကတည်းက အသံတိတ်နေခဲ့ရာက တစ်ပတ်လောက် အကြာ၊ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ သူ့ဆီက ပထမဆုံး ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဆီးရီးယား သမ္မတရဲ့ Telegram အကောင့်ကနေ ထုတ်ပြန်ခဲ့တဲ့ အဲဒီ ကြေညာချက်ဟာ ဆီးရီးယား အစိုးရ ပြုတ်ကျပြီးနောက်ပိုင်း အာဆတ်ဆီက ပထမဆုံး သဘောထား မှတ်ချက်လို့လည်း ဆိုနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

အာဆတ်က သူဟာ ဆီးရီးယားကနေ စွန့်ခွာသွားဖို့ ကြိုပြင်မထားခဲ့ကြောင်း၊ တချို့တွေ ပြောဆိုနေသလို တိုက်ပွဲတွေ ဖြစ်ပွားနေချိန် ကတည်းက ထွက်ပြေးသွားတာလည်း မဟုတ်ကြောင်း၊ သူဟာ ဒီဇင်ဘာ ၈ ရက် မနက်အစောပိုင်းထိ သမ္မတ လုပ်ငန်း တာဝန်တွေကို ဆက်လက် ထမ်းဆောင်နေခဲ့ကြောင်း အဲဒီ ကြေညာချက်မှာ ပြောကြားထားပါတယ်။

ကြေညာချက်မှာ ဖော်ပြထားချက်အရ အာဆတ်ဟာ ဆီးရီးယားမှာ ရုရှားတပ်တွေ ဖြန့်ကျက်ထားတဲ့ မိမ်မင် လေတပ်စခန်းဆီ ရွှေ့ပြောင်းခဲ့ပြီး အဲဒီ စခန်းပါ တိုက်ခိုက် ခံလာရတဲ့ အချိန်မှာ သူ့ကို ရွှေ့ပြောင်းထွက်ခွာဖို့ ရုရှားတွေက တိုက်တွန်းခဲ့တာလို့ သိရပါတယ်။ ချက်ချင်း ထွက်ခွာနိုင်ဖို့ အတွက်လည်း ရုရှား အခြေစိုက် စခန်းရဲ့ ကွပ်ကဲရေး အရာရှိတွေကပဲ စီစဉ်ခဲ့တာလို့ ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။

အဲဒီ အချိန်ထိ သူဟာ ရာထူးကနေ နုတ်ထွက်ပေးဖို့၊ ဒါမှမဟုတ် ပြည်ပမှာ သွားရောက် ခိုလှုံဖို့ စဉ်းစားထားခဲ့တာ မရှိဘူးလို့လည်း အာဆတ်က ဆိုပါတယ်။ သူက တော်လှန်ရေး တပ်တွေကိုလည်း အကြမ်းဖက်သမားတွေလို့ ရည်ညွှန်း သုံးနှုန်းသွားခဲ့ပြီး နိုင်ငံဟာ အကြမ်းဖက်ဝါဒ လက်အောက်ကို ကျရောက်သွားခဲ့တာလို့ ပြောဆိုထားခဲ့ပါတယ်။

ရုရှားအစိုးရ အရာရှိတွေကတော့ ဒီဇင်ဘာ ၈ ရက်နေ့ ကတည်းက အာဆတ်နဲ့ မိသားစုဟာ မော်စကိုမှာ လူသားချင်း စာနာမှုအရ ခိုလှုံနေထိုင်ခွင့် ရရှိထားခဲ့ကြောင်း ပြောကြားထားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆီးရီးယားမှာ အာဏာရှင် သမ္မတ ဘာရှာ အယ်လ်အာဆတ်ရဲ့ အစိုးရ ပြိုလဲသွားပြီးတဲ့နောက် သီတင်းတစ်ပတ်အတွင်း မဟာမိတ် ရုရှားဟာ မြို့တော် ဒမတ်စကက်မှာရှိတဲ့ ရာနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကို ရွှေ့ပြောင်း ခေါ်ထုတ်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ဆီးရီးယား ပြည်သူတွေဟာ လူ့အခွင့်အရေးအတွက် ကြိုးစား တိုက်ပွဲဝင်ရင်း ဆီးရီးယားကို တခြားနိုင်ငံတွေနဲ့ ရင်ဘောင်တန်း ပြန်လည် ရပ်တည်လာနိုင်အောင် အချင်းချင်း ရိုင်းပင်းဖေးမ ကူညီကြရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

နိုင်ငံတကာ

ဆီးရီးယား တော်လှန်ရေး တပ်တွေဟာ ကွယ်လွန်သူ အာဏာရှင်ဟောင်း ဟာဖက်ဇ် အယ်လ် အာဆတ်ရဲ့ ဂူသင်္ချိုင်းကို မီးရှို့ ဖျက်ဆီးပစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဆီးရီးယား ရေတပ် သင်္ဘောတွေကို တိုက်ခိုက် ဖျက်ဆီးပစ်ခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF)က အတည်ပြု ပြောကြားခဲ့ပါတယ်။