close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုတွေသတိထားဖို့ ဗျူဟာ (၂၂)တာဝန်ခံ ပြော

တော်လှန်ရေးအတွက် စစ်ရှိန်မြှင့်ဖို့ လိုအပ် လုပ်ဆောင်နေချိန်မှာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုတွေကို သတိထားဖို့၊ တိုက်ပွဲမဖြစ်ဘဲ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အထူးဂရုစိုက်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၂၂)တာဝန်ခံ ရဲဘော် စောဂျိမ်းစ်က ပြောပါတယ်။

ပဲခူးတိုင်း ဇီးကုန်းမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်အပြီးတွေ့ရတဲ့ ဗျူဟာ(၂၂)က ရဲဘော်တွေ။ ဓာတ်ပုံ - ဗျူဟာ၂၂

မတ်-၂၄၊၂၀၂၆။ ထားမြတ်/People’s Spring

တော်လှန်ရေးအတွက် စစ်ရှိန်မြှင့်ဖို့ လိုအပ် လုပ်ဆောင်နေချိန်မှာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုတွေကို သတိထားဖို့၊ တိုက်ပွဲမဖြစ်ဘဲ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အထူးဂရုစိုက်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၂၂)တာဝန်ခံ ရဲဘော် စောဂျိမ်းစ်က ပြောပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းကို ဗျူဟာ (၂၂) တပ်ရင်းတပ်ဖွဲ့တွေက မတ်လ ၂၂ရက်မှာ တိုက်ခိုက်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒေသ စစ်ရေး အခြေအနေတွေကို မေးမြန်းရာမှာ ရဲဘော်စောဂျိမ်းစ်က အခုလို ပြောကြားခဲ့တာပါ။

ဒေသတွင်း စစ်ရေးဆိုင်ရာတွေနဲ့ပတ်သက်ပြီး လတ်တလော ပြောဆိုဖို့ မရှိပေမယ့် ဗျူဟာ(၂၂) အနေနဲ့ကတော့ အကောင်းဆုံးပြင်ဆင်စုဖွဲ့မှုတွေ လုပ်ဆောင်ကာ ရှေ့ကာလအတွက် အကောင်းဆုံးပြင်ဆင်နေကြောင်း ဗျူဟာ (၂၂)တာဝန်ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” ပြည်သူတွေ အနေနဲ့ကတော့ ရန်သူ စကစ ဘက်က တိုက်ပွဲမဖြစ်လည်း လက်နက်ကြီးပစ် ဒရုန်းချ၊ လေယာဉ်ပစ်တာတွေရှိနေတော့ အထူးဂရုစိုက်ကြပါ။ အိမ်ပြန်လမ်းတွေထက်မှာ ရောက်နေပြီမို့ အဆုံးထိ ဆက်သွားကြမယ်။ စကစရဲ့ ဆိုက်ဝါးထည့် ဝါဒဖြန့်နေတာတွေကို သတိထားကြဖို့ပါပဲ”လို့လည်း ရဲဘော် စောဂျိမ်းစ်က ပြောပါတယ်။

စစ်ကောင်စီဟာ လတ်တလောမှာ ပဲခူးတိုင်းအပါအဝင် နိုင်ငံတဝန်းမှာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ အရပ်သား ပြည်သူသေဆုံးထိခိုက်တာတွေ ဆက်တိုက်ရှိနေသလို တဖက်မှာလည်း စစ်ကောင်စီဟာ PDF တွေ အများအပြား အလင်းဝင်ရောက်တယ်ဆိုတဲ့ ဝါဒဖြန့်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂)စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်း စစ်ဌာန ကွပ်ကဲမှုအောက်ရှိတဲ့ ဗျူဟာ(၂၂)အနေနဲ့ စစ်ရေးအရှိန်မြှင့်တင်နိုင်ရေး လုပ်ဆောင်လျက်ရှိရာ စစ်ဆင်ရေးတွေအတွက် လက်နက်ခဲယမ်းတွေဖြည့်တင်းရသလို တဖက်မှာလည်း ရိက္ခာနဲ့ ဆေးဝါးတွေ ဖြည့်တင်းနေရကြောင်း ဗျူဟာ ၂၂ တာဝန်ခံက ပြောပါတယ်။ အဲဒီလို ဖြည့်တင်းနိုင်ဖို့ ရိုးမမှသည်မြို့ပြဆီသို့ ဆိုတဲ့ ကမ်ပိန်းကို ပြုလုပ်နေရာ ပြည်သူတွေ ဝိုင်းဝန်းပါဝင်ကြဖို့လည်း နှိုးဆော်ထားပါတယ်။

အဲဒီကမ်ပိန်းဟာ ဗျူဟာ(၂၂)ရှေ့တန်းရဲဘော်တွေရဲ့ စစ်ရေးဆိုင်ရာ ကိစ္စတွေ၊ ဆေးဝါး ရိက္ခာတွေ အုပ်ချုပ်ထောက်ပံ့ပေးဖို့ ပြုလုပ်နေတာဖြစ်ပြီး မတ်လ ၁၂ရက်ကနေ ဧပြီ ၃၀ရက်အတွင်း ကျသိန်း ၁၅၀၀ ရရှိဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ပါဝင်လိုသူတွေအနေနဲ့ တက်နိုင်တဲ့ ပမာဏနဲ့ နည်းများမဆို ပါဝင်ကူညီ အားဖြည့်နိုင်ကြောင်း ရိုးမမှသည် မြို့ပြဆီသို့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှ တဆင့် အသိပေးထားပါတယ်။

ဗျူဟာ(၂၂)ဟာ ပဲခူးတိုင်း သာယာ၀တီခရိုင် တပ်ရင်း ၃ရင်း၊ ပဲခူးခရိုင် တပ်ရင်း ၁ရင်း ပါဝင်ဖွဲ့စည်းထားတဲ့ ဗျူဟာဖြစ်ညပီး စစ်ကောင်စီတပ်အထိနာအောင် တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးများစွာ ဖော်ဆောင်ခဲ့သလို စစ်ရှိန်မြှင့်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဗျူဟာ (၂၂)အနေနဲ့ မြို့နယ် တိုက်ခိုက်ရေး၊ ပကဖ တိုက်ခိုက်ရေး၊ ခရိုင် ပကဖ တိုက်ခိုက်ရေး တပ်ဖွဲ့များ ပါဝင်စုဖွဲ့ ပြီး စစ်ဆင်ရေး ဖော်ဆောင်လျက်ရှိရာ ရန်ကုန် -ပြည်လမ်း စစ်ဆင်ရေး ၊ ရန်ကုန်-မန္တလေး လမ်း စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့သလို ပဲခူးရိုးမ တောင်ခြေတွေရှိ ဗျူဟာလမ်းတွေပေါ်က စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း အသိပေးပါတယ်။ ပဲခူးအနောက်ခြမ်း မြို့နယ်တွေမှာလည်း စစ်ဆင်ရေးဖော်ဆောင်နေကြောင်း ဗျူဟာ (၂၂) တာဝန်ခံက ပြောပါတယ်။

မတ်လ ၂၂ရက်မှာဆိုရင် ဇီးကုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ် ယာဉ်တန်းကို ဗျူဟာ ၂၂ တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၈ဦးသေဆုံးပြီး လက်နက် ၅လက်ထက်မနည်း သိမ်းရခဲ့ပါတယ်။

ရိုးမမှသည် မြို့ပြဆီသို့ ကမ်ပိန်း စာမျက်နှာကလည်း ဗျူဟာ (၂၂)ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အသိပေးထားရာ ရန်ကုန်ပြည် အမြန်လမ်းမပေါ်တက်ရောက် စစ်ရေးလှုပ်ရှားတာ၊ မင်းလှမြို့နယ် ဇရစ်မြောင်ကျေးရွာမှာ အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်တာ၊ နတ်တလင်းမြို့အရှေ့ဘက် ဒမငယ်ရဲကင်းစခန်းဝင်စီးတာ၊ ပဲခူးအရှေ့ဘောနက်ကြီး ဇောင်းတူ ၊ တိုက်ကြီးမြို့ ဇီးတောရွာ ရန်သူရှေ့တန်းကာကင်းစခန်းကိုတိုက်ခိုက်တာ၊ အုတ်ဖိုမြို့နယ် ပဲခူးရိုးမအစပ် ထန်းပင်ကုန်းကျေးရွာမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်တာစတဲ့ စစ်ကောင်စီ အထိနာအောင် တိုက်ပွဲတွေ ဆင်နွှဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မင်းလှမြို့နယ် ဆင်အိုင်ချောင်း ပေါက်ရွာ ခလရ (၁)တပ်ရင်း လက်အောက်ခံစစ်ကြောင်းနဲ့ ထိတွေ့မှု ဖြစ်တာ၊ မင်းလှမြို့နယ် တောင်ပြတ်ကျေးရွာ မှာ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်တာ၊ ဖြူးဆည် ကွင်းချောင်းဆည်တဝိုက်ထိတွေ့မှုဖြစ်တာ၊ လက်ပံတန်းမြို့နယ် ၊ သရက်ချောင်းကျေးရွာမှာ တိုက်ပွဲဖြစ်တာ၊ လက်ပံတန်းမြို့ ဆင်တလင်းကျေးရွာ ရန်သူ့အထိုင်စခန်းကိုဝင်ရောက်တိုက်ခိုက်တာ၊ နတ်တလင်း ၊ ဇီးကုန်း၊ မင်းလှ ၃ မြို့နယ် တပြိုင်နက် စစ်ဆင်ရေးဖော်ဆောင်တာ၊ အုတ်တွင်းမြို့ ပြောင်ချောင်းကျေးရွာ ရန်သူအင်အား ၁၅၀ခန့်နဲ့ တိုက်ပွဲဖြစ်တာ စတဲ့ စစ်ဆင်ရေးတွေမှာလည်း ဗျူဟာ (၂၂ )တပ်ဖွဲ့တွေ ပါဝင်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ သေဆုံးထိခိုက်များပြားခဲ့သလို လက်နက်ခဲယမ်းတွေ သိမ်းရခဲ့တာတွေကိုလည်း စစ်ဆင်ရေးမှတ်တမ်းတွေအရ သိရပါတယ်။ တိုက်ပွဲအတွင်း PDF ရဲဘော်အချို့ ကျဆုံးထိခိုက်မှုတွေလည်းရှိခဲ့ပါတယ်။ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သုံ့ပန်းအဖြစ် ဖမ်းမိတာတွေလည်း ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီအစိုးရအဖွဲ့ အလိုမရှိကြောင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း လူထုလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

တရားသူကြီးတွေ လာဘ်စားမှုပိုဆိုးလာမယ်လို့ တရားရေးလောက သုံးသပ်

သတင်း

ရွှေထည်ဝယ်ယူရင် ပစ္စည်းတန်ဖိုးရဲ့ ထက်ဝက်နီးပါးကို အလျော့တွက်လက်ခပေးဖို့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA) က သတ်မှတ်လိုက်ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြန်မာသံရုံးရှေ့နဲ့ တရုတ်သံအမတ်အိမ်ရှေ့တို့မှာ ပြည်ပရောက် မြန်မာတွေစုပေါင်းပြီး ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော်နေ့အဖြစ် ဆန္ဒပြဆုတောင်းပွဲကို ဒီကနေ့ (မတ်လ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook