close
Connect with us

Hi, what are you looking for?

သတင်း

သဖန်းဆိပ်ဆည်မှ တပိုင်တနိုင်​ရွှေ​မျှော​တွေကိုစစ်တပ်ဗုံးကြဲပြည်သူ ၁၃ဦးထက်မနည်း​သေဆုံး၊ ဒဏ်ရာပြင်းထန်သူ ၊​ပျောက်ဆုံး​နေသူများလည်းရှိ

ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ထဲက ဒေသခံတွေတူးဖော်နေတဲ့ တပိုင်တမိုင်ရွှေမျှောတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲတာ​ကြောင့် ဒေသခံပြည်သူ ၁၃ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာအပြင်းအထန်ရသူတွေနဲ့ ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့သတင်းရရှိပါတယ်။

စစ်တပ်က ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ဆည်ထဲကတပိုင်တနိုင်​ရွှေ​မျော​တွေကိုဗုံးကြဲပြီး​နောက်မီး​လောင်ကျွမ်းပျက်စီး​နေစဥ်။ဓါတ်ပုံ-Infinity Group

မတ်-၁၉၊၂၀၂၆။အိမ်သွင်/People’s Spring

ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ထဲက ဒေသခံတွေတူးဖော်နေတဲ့ တပိုင်တမိုင်ရွှေမျှောတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲတာ​ကြောင့် ဒေသခံပြည်သူ ၁၃ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာအပြင်းအထန်ရသူတွေနဲ့ ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့သတင်းရရှိပါတယ်။

သဖန်းဆိပ်ဆည်ထဲကရွှေမျောတွေကို မတ်လ ၁၅ ရက် ညနေ ၃ နာရီခန့်မှာ စစ်တပ်ကဂျက်ဖိုက်တာ ၂ စီးနဲ့ဗုံးကြဲပြီး ၊ လက်နက်ကြီးတွေနဲ့ပါပစ်ခတ်သွားတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ လေကြောင်းသတင်းရရုံပဲရှိသေးတယ် ပစ်တာ။ သူတို့ပြစ်တဲ့နေရာကတပိုင်တနိုင် ရွှေရှာတဲ့နေရာတွေ။ စစ်တပ်သတင်းပေးတွေက အမှားတွေပြောတာကို အမှန်ထင်ပြီး ကြဲသွားတာ” လို့ ​ဒေသခံတဦးကပြောပါတယ်။ စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်နဲ့ အ​ကောင့်​တွေက ​ကျွန်းလှမြို့နယ်ထဲကရွှေ​မျော​တွေက​နေ PDF ​တွေအခွန်​​ငွေ​တွေရတယ်ဆိုပြီး ဗုံးကြဲဖို့ ဆက်တိုက်လှုံ့​ဆော်တာကိုသူကရည်ညွှန်း​ပြောကြားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ခိုက်မှုအတွင်း မတ်လ ၁၅ရက်ညနေအထိပြည်သူ ၃ဦးသေဆုံးပြီး ၃၀ ခန့်ဒဏ်ရာရခဲ့ကာ မတ်လ ၁၆ရက်မှာတော့ သေဆုံးသူဦးရေထပ်တိုးလာတာလို့ သိရပါတယ်။

“ ဗုံးကြဲပြီး ရော့ကတ်ပါပစ်တော့ဘယ်ခံနိုင်မလဲဗျာ။ ဒဏ်ရာတွေပြင်းပြင်းထန်ထန်ရထားတာ။ ထပ်ပြီးသေဆုံးတာက ၁၀ ဦး။ ဒါတောင် ရုပ်အလောင်း ပျောက်နေသူတွေလည်းရှိတယ်။ ဆေးကုဖို့ရောစာရင်းလုပ်ဖို့ရောမလွယ်ဘူး” လို့ ကျွန်းလှမြို့ခံတဦးက People’s Spring ကိုပြောပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရတွေဟာ အမျိုးသားအများစုဖြစ်ပြီး အမျိုးသမီးအချို့လည်းပါဝင်တယ်လို့ ပြောပါတယ်။

စစ်တပ်က အဆိုပါလေကြောင်းတိုက်ခိုက်မှုကိုဟုမ္မလင်းလေတပ်ကိုအသုံးပြုပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ မတ်လ ၁၅ရက်နောက်ပိုင်းမှာလည်း မတ်လ ၁၉ရက်မနက်ပိုင်းအထိ ကျွန်းလှနဲ့တန့်ဆည်မြို့နယ်ထဲကို ဟုမ္မလင်း လေတပ်တက် ဂျက်ဖိုက်တာတွေနဲ့ ၄ကြိမ်ဗုံးထပ်မံကြဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကျွန်းလှနဲ့ တန့်ဆည်အပါအဝင် စစ်ကိုင်းတိုင်းထဲက မော်လူး၊ဗန်းမောက်၊အင်းတော်၊ဝန်းသို၊ကောလင်း၊ပင်လည်ဘူး၊ဖောင်းပြင်၊မော်လိုက်၊ ခမ်းပါတ်နဲ့တမူးမြို့နယ်တွေကို ဗုံးကြဲဖို့အတွက် စစ်‌တပ်က ဟုမ္မလင်းလေတပ်ကိုအများဆုံးအသုံးပြုနေတာဖြစ်ပါတယ်။

ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းအတွင်း မြို့တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်ရာမှာ ဟုမ္မလင်းလေတပ်ကို အဓိကအသုံးပြုနေတဲ့အတွက် လေကြောင်း အန္တရာယ်ကိုအထူးဂရုပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သတိပေးထားပါတယ်။

“ ဟုမ္မလင်းလေတပ်ကနေတက်လာတာတွေက သတိပေးချိန်နည်းပါတယ်။ဒါကြောင့် ပြည်သူတွေအနေနဲ့က ဝေဟင်သတင်းတွေ ပိုပြီးနားစွင့်နေဖို့‌ ပြောလိုပါတယ်” လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက People’s Spring ကိုပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်းက မိုးကြိုးရွာနဲ့ စိန်ပန်းကုန်းရွာကြားမှာ ဆက်ကြေးကောက်ဖို့လာတဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ရွာကို ဒရုန်းနဲ့ ဗုံးကြဲလို့ နေအိမ် ၆လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်ရေးနယ်မြေ မူတြော်(ဖာပွန်)ခရိုင်ထဲမှာမတ်လဒုတိယပတ်အတွင်း နှစ်ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရပြီး နေအိမ် ၂၀ ကျော် ပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုက မနေ့ (မတ်လ ၁၈ ရက်)မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်လွှတ်​တော်​ခေါ်တဲ့ ဒုတိယ​နေ့မှာ ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်သားတွေက ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးကိုပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ကမတ်လ ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ကြားဖြတ်တိုက်ခိုက်မှုအတွင်း လက်နက်ခဲယမ်းတွေ သိမ်းရတယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။