close
Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်စဆောက်

ပြည်တွင်းမှာ စက်သုံးဆီကိစ္စအပါအဝင် ပြည်သူတွေ ဒုက္ခမျိုးစုံကြုံနေရပေမယ့် စစ်ကောင်စီက သင်္ကြန်ပွဲတော်အတွက် ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်ကို စတင်တည်ဆောက်နေပြီဖြစ်ပါတယ်။

မတ်-၂၃၊၂၀၂၆။ရောင်နီ/People’s Spring

ပြည်တွင်းမှာ စက်သုံးဆီကိစ္စအပါအဝင် ပြည်သူတွေ ဒုက္ခမျိုးစုံကြုံနေရပေမယ့် စစ်ကောင်စီက သင်္ကြန်ပွဲတော်အတွက် ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်ကို စတင်တည်ဆောက်နေပြီဖြစ်ပါတယ်။

အရင်နှစ်တွေက မြို့တော်ဝန်မဏ္ဍပ်ကို သင်္ကြန်မတိုင်မီ ဧပြလဆန်းမှသာ ဆောက်လုပ်တာဖြစ်ပေမယ့် ဒီနှစ်မှာတော့ မတ်လ ၂၀ ရက်ကတည်းက ဆောက်လုပ်နေတာဖြစ်ပါတယ်။

ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်အပြင် မဟာဗန္ဓုလပန်းခြံလမ်းမှာလည်း လမ်းလျှောက်သင်္ကြန်အတွက် ပြင်ဆင်မှုတွေ စတင်ပြုလုပ်နေတာပါ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် ပြည်သူအပေါ် အကြမ်းဖက်မှုတွေ နေ့စဉ်ကျူးလွန်နေပြီး သူတို့ရဲ့လုပ်ရပ်တွေကို ဖုံးပေးနိုင်ဖို့ ပွဲလမ်းသဘင်တွေကို စဉ်ဆက်မပြတ်ပြုလုပ်နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ စစ်တပ်က ရပ်ကွက်တစ်ခုကို လူ ၁၀ ဦး ပေါ်တာဆွဲခေါ်ဆောင်ပေးဖို့ အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားထားတယ်လို့ အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စစ်တပ်က လမ်းမပေါ်ကနေ ဖမ်းဆီးတာများပြားနေပြီး အခုမတ်လအတွင်းမှာ ဖမ်းဆီးခံရသူ ၄၀ကျော်သွားပြီလို့ မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Rangoon Scout Network ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ သာကေတမြို့နယ်က ရပ်ကွက်အချို့မှာ မတ်လ ၁၃ရက်ညပိုင်းက စစ်တပ်ပူးပေါင်းအဖွဲ့က ဧည့်စာရင်းလိုက်လံစစ်ရာ ဧည့်စာရင်းမတိုင်လို့ဆိုပြီး လူငယ်အချို့ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စစ်ကောင်စီက စက်သုံးဆီရောင်းရမယ့် ပမာဏကို သတ်မှတ်လိုက်တယ်လို့ ဆီဆိုင်ဝန်ထမ်းအချို့က ပြောပါတယ်။

Facebook