မတ်-၂၃၊၂၀၂၆-ရှိန်း/People’s Spring
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းu မင်းကုန်းရွာအနီးမှာ ဒီနေ့မတ်လ၂၃ရက်က စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်တပ်က အနည်းဆုံး၂၀ကျော် သေဆုံးကာ အလောင်းနဲ့ လက်နက်တွေရခဲ့တယ်လို့ ဒေသခံနဲ့ တော်လှန်ရေးတပ် ရဲဘော်တွေက ပြောပါတယ်။
သစ်ဆိမ့်ကျေးရွာကို တပ်စွဲထားတဲ့ စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီး မတ်လ၂၁ ရက်ကတည်းက တိုက်ပွဲတွေ ထပ်မံပြင်းထန်နေတာလို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ ပွိုင့်ဖိုက် သေနတ်တင်ကား
၂စီးပါဝင်ပြီး အင်အား၂၀၀ ခန့်ရှိကာ ရေချိုအိုင်ရွာနဲ့ မင်းကုန်းကျေးရွာကြားမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement
အဲဒီစစ်ကြောင်းဟာ ထပ်တိုးလာတာမို့ ဒီနေ့ မနက်၅နာရီကျော်မှာ ထပ်မံတိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။
“ မနက်၅နာရီက စပြီးတိုက်ပွဲဖြစ်တာ။အလောင်း၂၀ လောက်နဲ့ တခြားရတာတွေရှိတယ်” လို့ တော်လှန် ရေးတပ်ဖွဲ့ ဝင်တစ်ဦးက ပြောပါတယ်။
နောက်ထပ် ဒေသခံတစ်ဦးကတော့ တိုက်ပွဲအကြီးကျယ်ပြင်းထန်ခဲ့ပြီး စစ်တပ်က အကျဆုံးများကာပြန်ဆုတ်သွားတယ်လို့ ပြောပါတယ်။
“ ပွိုင့်-5ကား ရခါနီး လုံးတဲ့အချိန်မှာ ကိုယ့်ဘက်ကလည်း အကျတချို့ရှိသွားတယ်။စကစကတော့ ရေဖြူလမ်းဆုံကိုပြန်ဆုတ်သွားပြီ” လို့ တခြားတော်လှန် ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော် ၂ ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်က အထိနာပြီး ရေဖြူလမ်းဆုံအထိ ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။
သစ်ဆိမ့်ကျေးရွာကို ဖေဖော်ဝါရီ ၁၁ရက်က စစ်တပ် တပ်စွဲလိုက်ပြီးနောက် ထပ်မံစစ် ကြောင်းထိုးဖို့ကြိုးစားနေရာ တစ်လကျော်အကြာတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့တာပါ။




















































