ကဖေး/People’s Spring
ဒုတိယလူ အဖြစ် နာမည်ကြီးတဲ့ အာဆင်နယ်အသင်းက မန်စီးတီးအသင်းကို ခါရာဘောင်ဖလားဖိုင်နယ်မှာရှုံးနိမ့်ခဲ့ပေမယ့် နောက်ထပ်ဖလားသုံးလုံးလမ်းကြောင်းကို ဆက်လက်ချီတက်နေပါတယ်။ ဒါပေမယ့် လူပုံအလယ် လက်သီးပုန်းအထိုးခံရတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စ်ိုးဝင်းကတော့ နေပြည်တော်က စစ်ရုံးချုပ်ထဲမှာ လမ်းပျောက်နေပါပြီ။
အာဆင်နယ်ဆိုတာက အာဆင်ဝင်းဂါးလက်ထက်ကနေ လက်ရှိနည်းပြ အာတီတာအထိ လှပတဲ့ကစားဟန်နဲ့ မြန်မာအပါအဝင် ကမ္ဘာ့ဘောလုံးပရိတ်သတ်တွေကိုဖျော်ဖြေမှုပေးနိုင်တဲ့အသင်း။
ပရီးမီးယားလိဂ်မှာဒီရာသီမတိုင်ခင်သုံးရာသီဆက် ဒုတိယနေရာနဲ့ပဲ နှစ်သိမ့်ခဲ့ရသလို ၊ဖလားလုပွဲတွေမှာလည်း ဒီဘက်နှစ်ပိုင်း ဒုတိယဆုနဲ့ပဲစခန်းသွားနေရတာပါ။အာဏာအတူတူသိမ်းခဲ့တာတောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကတော့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ရဲ့နယ်ရုပ်တစ်ရုပ်အဖြစ် ဒုတပ်ချုပ်နေရာမှာပဲ ၁၅ နှစ်ကြာရှိနေခဲ့သူ။

Public Service Announcement
၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့ချင်သလိုဖွဲ့ခဲ့တဲ့ ကော်မတီတွေ၊ကော်မရှင်တွေမှာလည်း စိုးဝင်းကပါခဲ့ရင် မင်းအောင်လှိုင်နောက်က ဒုတိယလူပါ။ ဒါပေမယ့် မြန်မာပြည်သူတွေအပေါ် သူတို့ ၂ ယောက်က ရက်စက်ကြမ်းကြုတ်တာတွေမှာတော့ လက်တွဲညီလှပါတယ်။အာဆင်နယ်က ပရီးမီးယားလိဂ်သမိုင်းမှာ ဒုတိယနေရာရဲ့ အရှင်သခင်ဆိုရင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကလည်း စစ်တပ်သမိုင်းမှာ ဒုတိယနေရာမှာပဲ နှစ်ပေါင်းများစွာချောင်ပိတ်နေခဲ့သူ။
ဒါပေမယ့် ၂၀၂၆ ရဲ့ နွေနေ့ရက်တွေမှာတော့ အာဆင်နယ်က ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးက အမှတ်ဖြတ်ပြီးဦးဆောင်နေသလို ချန်ပီယံလိဂ်နဲ့ FA Cup ဖလားမှာလည်း အခြေနေကောင်းနေပါတယ်။ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကတော့ စစ်ဗိုလ်ချုပ်တွေနဲ့လူပုံအလယ်မှာတိုင်းသိပြည်
သိ အရှက်ခွဲခံရခြင်းနှင့်အတူ အနာဂါတ်ဟာလည်း မရေရာမှုတွေနဲ့ ဝေဝါးဝါးပါ ။
●စစ်တပ်မှာဒုတိယတပ်မတော်
ကာကွယ်ရေးဦးစီးချုပ်နေရာကနေ ဟန်ကျပန်ကျရှိနေခဲ့တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ မတ်လ ၁၃ရက်နေ့မှာတော့ လူပုံအလယ် အရှက်ခွဲခံလိုက်ရပါတယ်။ အဲ့ဒီနေ့က နေပြည်တော်မှာ
မင်းအောင်လှိုင်က ၂၀၁၁ ကနေ ၂၀၂၅ ခုနှစ်အတွင်း “ ခေတ်မီ တပ်မတော်ဖြစ်စေရေးဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးမှာ ကြားခြင်း” ဆိုတဲ့ခေါင်းစဥ်နဲ့လုပ်တဲ့
ပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်စားတဲ့ မျက်နှာပေးနဲ့ ချိုးနှ်ိမ် ဆက်ဆံပြခဲ့တာပါ။အဲဒီအခမ်းအနားက စစ်တပ်အာဏာသိမ်းပြီး ပြည်သူသန်းပေါင်းများစွာကို သတ်ဖြတ်အကြမ်းဖက် ဘဝပျက်စေခဲ့တဲ့ စစ်တပ်အရာရှိတွေအားလုံးနီးပါးလူကိုယ်တိုင် နဲ့ အွန်လိုင်းကတက်ခဲ့ကြ
တာပါ။
“ ကျေးဇူးတင်စကားလေးပေါ့” လို့ အစချီပြီး “ မတ်တပ်ထပါ” ဆိုပြီး စင်ပေါ်ကနေ အမိန့်ပေး
လိုက်ပါတယ်။ အဲ့ဒီအချိန်မှာ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းရဲ့ မျက်နှာပေးဟာ သုန်မှုန်နေပါတယ်။ အ
သက်ရှုပုံက ပုံမှန်ဟုတ်မနေဘဲ စစ်ယူနီဖောင်းအောက်က ရင်ဘတ်ဟာ သိသိသာသာ နိမ့်တခါမြင့်တလှည့်ဖြစ်နေပါတယ်။ မတ်တပ်ထခိုင်းချိန်မှာ မြန်မြန်ဆန်ဆန်အလေးပြုပြီး စက္ကန့်ပိုင်းအ
တွင်း ပြန်ထိုင်ချပစ်လိုက်ပါတယ်။
အဖြစ်အပျက်တွေဟာ မြန်ဆန်ပါတယ်။ ချီးကျူးစကားစတင်တာကနေ မတ်တပ်ထဖို့ အမိန့်ပေးတဲ့အထိ ၁၅ စက္ကန့်ပဲကြာပါတယ်။ ဒါပေမယ့် စစ်တပ်ရဲ့ ဒုတိယအဆင့်မြင့်ဆုံးရာထူးမှာ ၁၅ နှစ်လုံးလုံး ဟန်တစ်လုံးနဲ့နေခဲ့တဲ့ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အရှက်ကွဲသွားပါတယ်။ စစ်ခေါင်းဆောင်အမိန့်ပေးလိုက်တဲ့အချိန်ဟာ ပုံမှန်အချိန်မဟုတ်ပါဘူး။ ဖိုရမ်မှာ ကြည်း၊ရေ၊လေထိပ်ပိုင်းခေါင်း
ဆောင်တွေအပြင် စစ်အုပ်စုတသိုက်ရှိနေပြီး တပ်မတော် တစ်ရပ်လုံးကို အမှာစကားပြောမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့မေးခွန်းပြောကြားစဉ်မှာ စစ်ခေါင်းဆောင်က ကြားဖြတ်လုပ်ဆောင်သွားတာဖြစ်ပါတယ်။ဒီအဖြစ်အပျက်ကိုလည်း စစ်တပ်ဝါဒဖြန့်မီဒီယာတွေက ဝေဝေဆာဆာဖော်ပြခဲ့ကြပါတယ်။
စစ်တပ်ဝါဒဖြန့်ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းလည်း ချက်ချင်းထွက်လာပြီး ဒါဟာ ဒုတပ်ချုပ်ကို တပ်ချုပ်က ခမ်းနားကြီးကျယ်စွာချီးကျူးတာ ၊ရဲဘော်ရဲဘက်စိတ်ပြတာဆိုပြီး ဇွတ်လိုက်ဖာပါတော့တယ်။
ရွေးကောက်ခံအရပ်သားအစိုးရကို လက်နက်အားကိုနဲ့ ဖမ်းဆီးထောင်ချပြီးနိုင်ငံတော်အာဏာကိုသိမ်းယူခဲ့တဲ့နောက်ပိုင်း လူထုရဲ့ ခုခံတော်လှန်စစ်နဲ့အတူ စစ်ခေါင်းဆောင်တစ်ယောက် အရူးမီးဝိုင်းဖြစ်နေတာပါ။ သမ္မတလည်းဖြစ်ချင်၊ တပ်ချုပ်ရာထူးလည်း လက်မလွှတ်ရဲဖြစ်နေပါတယ်။သမ္မတရာထူးယူဖို့အစီအစဉ်ရှိနေပေမယ့်တရုတ်အစိုးရဖိအားကြောင့် စစ်တပ်ရဲ့အာဏလက်လွှတ်
ရမှာမို့ ဘယ်သူ့ကိုမှမယုံကြည်ရဲဘဲ ကြောက်လန့်နေတယ်လို့ နိုင်ငံရေးအကဲခတ်တွေကရှုမြင်ပါတယ်။
” ဒုတပ်ချုပ်ကို တပ်ချုပ်ရာထူးပေးမှာပါ။ မြင်လား၊ မင်းတို့ရဲ့ တပ်ချုပ်ကို ငါ ဒီလိုနိုင်တယ်။ ဒီကောင်က ငါ့လက်ခုပ်ထဲက ရေလို့ တပ်အသိုင်းအ
ဝိုင်းကို ပြသွားတာ” လို့ စစ်တပ်အသိုင်းအဝိုင်းမှာရှိနေတဲ့ နေပြည်တော်သတင်းရင်းမြစ်ကပြောပါတယ်။
အမှန်တကယ်တော့ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတစ်ယောက်ဒုတပ်ချုပ်ရာထူးနဲ့အတူ စိတ်ကင်ဆာရစေမယ့်အဖြစ်အပျက်တွေက ရှေးပဝေဏသီကတည်းက ရှိနေခဲ့တာပါ။သူက ဒုတိယတပ်မ
တော်ကာကွယ်ရေးဦးစီးချုပ်ရာထူးအပြင် ကာ
ကွယ်ရေးဦးစီးချုပ် (ကြည်း)ရာထူးလည်း နှစ်ပေါင်းများစွာ လက်ဝယ်ရယူထားခဲ့သူပါ။ မတ်လဆန်းမှာတော့ စစ်ခေါင်းဆောင်က သူ့ကိုကာကွယ်
ရေးဦးစီးချုပ် (ကြည်း)ရာထူးကနေဖယ်ရှားလိုက်ပါတယ်။လူယုံဖြစ်တဲ့စစ်ဘက်လုံခြုံရေးအ
ရာရှိချုပ်(စရဖ) ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ခန့်အပ်လိုက်ပါတယ်။ ဒီအပေါ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းရော တပ်တွင်းမှာပါ မကျေလည်မှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
အဲ့ဒီဖြစ်ရပ်မတိုင်မီ စစ်ခေါင်းဆောင်နှစ်ဦးကြား အဖုအထစ်တွေလည်း ရှိခဲ့ဖူးပါတယ်။သိသာထင်
ရှားခဲ့တာကတော့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ မြို့တွေ၊ တိုင်းစစ်ဌာနချုပ်တွေ ဆုံးရှုံးပြီး အရှက်ကွဲနေချိန် စစ်တပ်ထောက်ခံသူတွေက စစ်ခေါင်းဆောင်အနေနဲ့ တပ်ချုပ်ရာထူးကနေ ဆင်းပေးပြီး ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို အစားထိုးပေးဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
နောက်ဖြစ်ရပ်တစ်ခုကတော့ မြန်မာပြည်တွင်းကအခြေအနေတွေကြောင့် သူ့အကျိုးစီးပွားတွေထိခိုက်လာတဲ့ တရုတ်အစိုးရက စစ်ခေါင်းဆောင်ကို ရာထူးကနေဆင်းခိုင်းနေတယ်လို့ သတင်းတွေထွက်နေချိန်မှာဖြစ်ခဲ့တာပါ။ ရန်ကုန်မြို့မှာ ဖေဖော်
ဝါရီလ ၁၄ရက်နေ့က ကျင်းပခဲ့တဲ့ တရုတ်နှစ်သစ်ကူးပွဲကို စစ်ခေါင်းဆောင် မတက်ဘဲ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းတက်ခဲ့ပါတယ်။ အာဏာဆက်နိုင်အောင် ကမ္ဘာ့နိုင်ငံရေးစင်မြင့်ပေါ်မှာ အခိုင်အမာထောက်ကန်ပေးထားတဲ့ တရုတ်အစိုးရကို စစ်ခေါင်းဆောင်က ခခယယ ဆက်ဆံရတာပါ။ တော်
လှန်ရေးအဖွဲ့တွေကို စစ်ရှုံးနေချိန်ဆိုရင် စစ်ပွဲရပ်ခိုင်းပေးဖို့ တရုတ်အစိုးရဆီ အပူကပ်ရတာကို “ တစ်ခုခုကို အဖေကိုပြေး ပြေးတိုင်တာပဲ” လို့ လှောင်ပြောင်ခံရတဲ့အထိ တရုတ်ကို ကြောက်ရပါတယ်။ ဒါပေမယ့် သူ့ကိုထိုင်ခုံပေါ်ကနေ ဖယ်ရှားပစ်မယ့်အရိပ်အယောင်ပြလာတဲ့အခါ စစ်ခေါင်း
ဆောင်က စိတ်ကောက်သွားပါတယ်။ နှစ်စဉ် မရ
မကတက်နေကြ တရုတ်နှစ်သစ်ကူးပွဲကို ပထမဆုံးအကြိမ်အဖြစ်မတက်ဘဲသပိတ်မှောက်ခဲ့ပါတယ်။
တရုတ်ရဲ့ နေရာပေးခြင်းခံရတဲ့ဒုဗိုလ်ချုပ်မှူးကြီး
စိုးဝင်းကလည်း သူ့ကိုယ်သူ စင်ပေါ်ရောက်ပြီလို့ ယုံကြည်လိုက်ပုံပါ။ မြန်မာက တရုတ်စီမံကိန်းတွေကို ဆက်အကောင်အထည်ဖော်နေပြီးမကြာခင်အသစ်ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့အနေနဲ့လည်း တရုတ်အစိုးရနဲ့ ပိုပြီးပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။ တရုတ်သံအမတ်ကလည်း နှစ်နိုင်ငံခေါင်းဆောင်တွေ သဘောတူထားတဲ့ အရေးကြီးအချက်အ
လက်တွေကို အရှိန်မြှင့်အကောင်အထည်ဖော်ကြဖို့ ပြောသွားပါတယ်။ရန်ကုန်လမ်းမပေါ်မှာ တရုတ်သံတမံတွေနဲ့ အဖွဲ့ကျနေတဲ့ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို နေပြည်တော် ထီးရိပ်အောက်ကနေ စစ်ခေါင်း
ဆောင်က မျက်စိစပါးမွှေးစူးခဲ့ပါတယ်။
” ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို တရုတ်ဘက်က လို
လားတယ်။ဒါကိုသိတဲ့တပ်ချုပ်ကအစာမကျေဘူး။ မကျေနပ်ဘူး။ နေပြည်တော်ခမ်းမထဲမှာ လူပုံအလယ် မတ်တပ်ရပ်ခိုင်းတာက အရှက်ခွဲပစ်တာ။ အစွယ်ထုတ်ပစ်တာ” လို့ စစ်တပ်သတင်းရင်းမြစ်ကပြောပါတယ်။
ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ အာဏာရှင်ဟောင်း
ဦးသန်းရွှေအလွန်မှာ တပ်ချုပ်ဖြစ်လာတဲ့ စစ်ခေါင်းဆောင်ရဲ့လက်တွဲဖက်အနေနဲ့ နှစ်ပေါင်းများစွာရှိနေခဲ့သူပါ။ စစ်ခေါင်းဆောင်က ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ တပ်ချုပ်ဖြစ်တော့ သူက
ဒုတပ်ချုပ်ဖြစ်ခဲ့ပြီး ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာလည်း ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်မှာလည်း ဒုတိယဥက္ကဋ္ဌအဖြစ် အသုံးတော်ခံခဲ့တာပါ။
စစ်တပ်က ပြည်သူလူထုအပေါ်တာ ဓားမိုးပြီး ပြု
လုပ်ခဲ့တဲ့ရွေးကောက်ပွဲအလွန် အစိုးရဖွဲ့ချိန်ကျမှ လူသိရှင်ကြားအရှက်ခွဲခံရခြင်းနဲ့အတူ လမ်းပျောက်နေတာပါ။စစ်တပ်လွှတ်တော်က မတ်လ ၃၀ ရက်နေ့မှာသမ္မတနေရာ ရွေးချယ်မယ်လို့ ကြေညာထားပါပြီ။ကြိုရေးထားတဲ့ဇတ်ညွှန်းအတိုင်း စစ်ခေါင်းဆောင်ကို သမ္မတနေရာတင်ပါလိမ့်မယ်။ ဒါဆိုရင် ဒုတပ်ချုပ်က ဘာဖြစ်လာမှာလဲဆိုတဲ့ မေးခွန်းရှ်ိလာပါတယ်။ အဖြေကို ဒုတပ်ချုပ်ကိုယ်တိုင်ရော ဘယ်သူကမှ တပ်အပ်မပြောနိုင်ပါဘူး။
အာဆင်နယ်ဟာ မနေ့ကညကယှဥ်ပြိုင်တဲ့ ခါရာဘောင်ဖလားဖိုင်နယ်မှာရှုံးနိမ့်ခဲ့ပေမယ့် အဓိကဖလားသုံးလုံးကို သိမ်းပိုက်နိုင်မယ့်လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။သူ့ကို နှစ်စဉ်ခြောက်လှန့်နေတဲ့ ပရီးမီးယားလိဂ်ဒုတိယနေရာကို ဒီနှစ်ကျော်ဖြတ်ပြီး ပြိုင်ဖက်တွေကို အပြတ်အသတ်အသာစီးရယူထားပါပြီ။
၁၅နှစ်တိုင် ဒုတိယအဆင့်နဲ့ ချွေးသိပ်ခံခဲ့ရတဲ့ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကတော့ ပြည်သူတွေအပေါ် ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုမှတ်တမ်းတွေနဲ့အတူ အိပ်မက်ဆိုးတွေမက်နေမလား။
တပ်ချုပ်သာဖြစ်လာရင် သူ့ကို လူပုံအလယ်အရှက်ခွဲတဲ့ အာဏာသိမ်းခေါင်းဆောင်ကို လက်
စားချေမယ်လို့တွေးနေမလား ဒါမှမဟုတ် မင်းအောင်လှိုင်ရဲ့ လူယုံတပည်တွေပဲ တပ်ချုပ်ဖြစ်ပြီး ဒီတစ်ခါလည်းဒုတိယလူအဖြစ်ဇာတ်သိမ်းမလားဆိုတာတွေကတော့ အာဆင်နယ် ချန်ပီယံမဖြစ်ခင်မြင်တွေ့ရဖို့ရှိနိုင်ပါတယ် ။




















































