close
Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးမှာ ၂၀၂၆အတွင်း စစ်တပ်စခန်း ၂ခု သိမ်းပိုက် ၊စစ်သား ၄၀ကျော် အလင်းဝင် ဟု KNU ထုတ်ပြန်

စစ်တပ် လက်ချက်ကြောင့် အရပ်သား ၃၈ ဦးသေဆုံး

၂၀၂၆ မတ်လ ၁၄ရက်က ထားဝယ်-မြိတ် အမှတ်(၈)လမ်းမှတ်ကြီး ပုလောမြို့ တောင်ယာကမ်းကျေးရွာရှိ စစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်က သိမ်းပိုက်အပြီးရရှိတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - KNU

မတ်-၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ အခု ၂၀၂၆ သုံးလတာ အတွင်း စစ်ကောင်စီတပ်စခန်း ၂ခုကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၄၁ ဦးလည်း အလင်းဝင်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။

KNU လယ်ဒိုမြို့နယ် သတင်းပြန်ကြားရေး လုပ်ငန်းကော်မတီက လယ်ဒို(ကျောက်ကြီး) ဒေသမှာ စစ်ကောင်စီရဲ့လှုပ်ရှားမှု တွေနဲ့ပတ်သက်တဲ့ကြေညာချက်ကို မတ်လ ၁၉ရက်ကထုတ်ပြန်ခဲ့ရာ KNU ဗဟိုက ဒီကနေ့ မတ်လ ၂၃ရက်မှာ အသိပေးဖော်ပြလာတာပါ။

အခု ၂၀၂၆နှစ် သုံးလတာအတွင်း စစ်ကောင်စီ စခန်း၂ ခု သိမ်းပိုက်နိုင်ခဲ့ရာ စစ်လက်နက်ပစ္စည်း အမြောက်အများ သိမ်းဆည်းနိုင်ခဲ့ကြောင်း အသိပေးပါတယ်။ သိမ်းပိုက်နိုင်ခဲ့တဲ့ တပ်စခန်း အခြေအနေတွေ အသေးစိတ်တော့ ဖော်ပြမထားပါဘူး။

Public Service Announcement

Public Service Announcement

” ပြည်သူ့ သဘောထားမပါပဲ မတရား ချမှတ်ထားသော စစ်မှုထမ်းဥပဒေကြောင့် ဖမ်းစီးကာ စစ်မှုထမ်းစေခိုင်းခြင်းခံထားရသော ပြည်သူ့စစ်မှုထမ်း တပ်သား (၄၁) ဦးအား ကေအဲန်ယူ-လယ်ဒိုမြို့နယ်သို့အလင်းဝင်လာသည့်အပေါ် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးမှ ချမှတ်ထားသည့် စစ်သုံးပန်း လုပ်ငန်းစဉ် နှင့်အညီစီမံဆောင်ရွက်လျက်ရှိပါသည်”လို့လည်း ဖော်ပြထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီက လယ်ဒိုမြို့နယ်အတွင်း ပြည်သူတွေကို ဝေဟင်၊မြေပြင် စတဲ့ နည်းပေါင်းစုံနဲ့ လူမဆန်တဲ့ လုပ်ရပ်များစွာ ကျူးလွန်လျက်ရှိရာ စစ်ကောင်စီရဲ့ ကျူးလွန်မှုကြောင့် အခုနှစ်အတွင်း အပစ်မဲ့ပြည်သူ (၃၈)ဦးသေဆုံးပြီး ၃၅ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကျေးရွာ ၁၃ရွာက လူဦးရေ ၅၈၀၀ ကျော် အိုးမဲ့၊အိမ်မဲ့ ဖြစ်ခဲ့ရလို့ လယ်ဒိုမြို့နယ် တာဝန်ရှိ ခေါင်းဆောင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ကျေးရွာတာဝန်ရှိခေါင်းဆောင်များ ပူးပေါင်းပြီး ကူညီကယ်ဆယ်ရေး လုပ်ဆောင်လျက်ရှိတယ်လို့ အသိပေးပါတယ်။

စစ်ကောင်စီတပ်ရဲ့ လူသားမဆန်တဲ့ လုပ်ရပ်ကို ဆုံးခန်းတိုင် ဆန့်ကျင်မယ်လို့ ဖော်ပြပြီး ပြည်သူတွေအနေနဲ့ KNUနဲ့အတူ မဝေးတဲ့ ရည်မှန်းချက်ပန်းတိုင်သို့ နည်းလမ်းပေါင်းစုံနဲ့ ပူးပေါင်း ပါဝင်ကြဖို့ ကြေညာချက် ထုတ်ပြန်တိုက်တွန်းထားပါတယ်။

KNU လယ်ဒိုမြို့နယ် သတင်းပြန်ကြားရေးကော်မတီရဲ့ အခုလို ထုတ်ပြန်ချက်၊ ဒေသတွင်း လတ်တလော စစ်ရေး အခြေအနေတွေနဲ့ပတ်သက်ပြီးကြေညာချက် ပြောရေးဆိုခွင့်ရှိသူ ထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

စစ်ကောင်စီဟာ လယ်ဒိုမြို့နယ်အပါအဝင် KNUအုပ်ချုပ်နယ်မြေတွေက ကျေးရွာတွေကို ပစ်မှတ်ထားပြီး လေကြောင်း လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့လို့ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲက စစ်ကောင်စီတပ်ရဲ့ကော်သွေးကျိုးစခန်းကို KNU နဲ့ ပူးပေါင်းတပ်က မတ်လ ၁၇ ရက်မှာ တိုက်ခိုက်ရာ စစ်ကောင်စီတပ်က အထိအခိုက်အကျအဆုံးများပြီး စခန်းကိုစွန့်ခွာသွားကြတယ်လို့ Rebel Bees-UAV Force က ဒီနေ့ (မတ်လ ၂၃ ရက်)မှာသတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

အာဏာသိမ်းစစ်တပ်က ဆုံးရှုံးထားတဲ့မြို့အချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ရေးဦးမော့လာချိန်မှာ မြန်မာနိုင်ငံတောင်ဘက်အစွန်ဆုံး တနင်္သာရီတိုင်းမှာတော့ တော်လှန်ရေးတပ်တွေက စစ်တပ်စခန်းတွေကို မတ်လ ဒုတိယအပါတ်မှာ ဆက်တိုက်ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပါတယ် ။

သတင်း

မန္တလေးမြို့၊အလယ်ပိုင်းတိုင်း၊စစ်ဌာနချုပ်မှာ PDF ၅၀၀ ကျော်အလင်းဝင်တယ်လို့ စစ်ကောင်စီက ဝါဒဖြန့်တဲ့အထဲမှာ စစ်တပ်နဲ့ပူး​ပေါင်းတဲ့ PDF တစ်ရာ​ဝန်းကျင်သာပါနိုင်ပြီး စစ်တပ်ကလိမ်လည်ထုတ်ပြန်တာလို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)တပ်ရင်းမှူးတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် လယ်ဒိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကလေးငယ်၂ဦး အပါအဝင် ၄ဦးသေဆုံးကာ ၃လအရွယ် ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

Facebook