close
Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်တောင်ပိုင်း စစ်တပ်စစ်ကြောင်းထိုးလာလို့ ဒေသခံထောင်ချီ စစ်ဘေးရှောင်နေရ

​မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေစစ်ကြောင်းထိုးလာလို့ ဒေသခံပြည်သူ ထောင်ချီနဲ့ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ရှောင်ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ပေါက်လူသားစာနာဌာန

​မတ်-၂၃၊ ၂၀၂၆။ဟာနာဆန်/People’s Spring

​မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေစစ်ကြောင်းထိုးလာလို့ ဒေသခံပြည်သူ ထောင်ချီနဲ့ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မနေ့က မတ်လ ၂၂ ရက်က ပေါက်မြို့ပေါ်နဲ့ အမှတ်(၂၄) ကာကွယ်ရေးပစ္စ​ည်းစက်ရုံ(ကပစ-၂၄) ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာတွေက ပျူစောထီးတွေနဲ့ ပေါင်းပြီး အင်အားအများအပြားနဲ့ ပေါက်မြို့နယ် တောင်ပိုင်းကျေးရွာတွေကို စစ်ကြောင်းထိုးကာ ဒရုန်းတွေပါဝဲပြီး လက်နက်ကြီးတွေနဲ့ပါ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း ပေါက်မြို့နယ် လူသားစာနာဌာနက ပြောပါတယ်။

“ လက်ရှိ ပေါက်မြို့နဲ့အနီး ပေါက်တောင်ပိုင်းက ၂၂ ရက်နေ့ ညနေကတည်းက ကျေးရွာ ၁၄ ရွာ ယာယီ စစ်ဘေးရှောင်နေရတာပါ” လို့ ပေါက်မြို့နယ် လူသားစာနာဌာနရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ကြောင်းကြောင့် ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာ (၁၄)ရွာက အိမ်ထောင်စုနှစ်ထောင်နီးပါး၊ ပြည်သူတစ်သောင်းခန့်ဟာ နီးစပ်ရာကျေးရွာတွေနဲ့ တောထဲတောင်ထဲမှာ ယာယီစစ်ဘေးရှောင်နေရကြောင်း ပေါက်မြို့နယ် လူသားစာနာဌာနက အသိပေးပါတယ်။

စစ်ရှောင်ပြည်သူတွေအနေနဲ့ လေကြောင်းရန်နဲ့ လက်နက်ကြီးရန်ပါ အထူးဂရုစိုက်ကြဖို့၊ ပြည်တွင်း ပြည်ပက အလှူရှင်တွေအနေနဲ့လည်း စစ်ရှောင်တွေကို ကူညီပေးဖို့ ပေါက်မြို့နယ် လူသားစာနာဌာနက အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒဏ်ရာရသူ​တွေကို ကသာမြို့အမှတ် ၂ ရဲစခန်း ကို စစ်တပ်က​ခေါ်သွား

သတင်း

​နေပြည်​တော်မှာ စစ်တပ်လွှတ်​တော်​တွေလုပ်​နေတာ ၅ ရက်​မြောက်​နေ့မှာပဲ ကသာမြို့ကစစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်း ကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်မှာ MNDAA နဲ့ TNLAတိုက်ပွဲအတွင်း အရပ်သား သေဆုံးမှုအချို့ရှိနေပြီး ရွာ၂၀ခန့်က ဒေသခံပြည်သူတွေဘေးလွတ်ရာကိုထွက်​ပြေးတိမ်းရှောင်နေကြပါတယ်။

သတင်း

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲလို့ စစ်ရှောင်မိသားစုဝင်နှစ်ဦးသေဆုံးပြီး တစ်ဦးစိုးရိမ်ရတယ်လို့ ဖြစ်စဥ်ကိုသိရှိသူအချို့က ပြောပါတယ်။

Facebook