close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့မီး နေအိမ် ၆လုံး ပြာကျ

မန္တလေးမြို့မှာ မနေ့ မတ်လ ၉ရက် ညက မီးလောင်မှုကြောင့် နေအိမ် ၆လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

(စျေးတန်းရပ် မီးလောင်ကျွမ်းမှုဖြစ်ပွားနေစဥ်။ ဓာတ်ပုံ-MFSD)

မတ်-၁၀၊ ၂၀၂၆။မေရီ/People’s Spring

မန္တလေးမြို့မှာ မနေ့ မတ်လ ၉ရက် ညက မီးလောင်မှုကြောင့် နေအိမ် ၆လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

မနေ့က မတ်လ ၉ ရက် ည ၇ နာရီခွဲခန့်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ ဈေးတန်းရပ်မှာ မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့တာပါ။

နာရီဝက်ကျော်လောင်ကျွမ်းခဲ့ရာမှာ သွပ်မိုး၊ ကျောက်ပြားကာနဲ့ ထရံကာနေအိမ် စုစုပေါင်း ၆ လုံး၊ CZI-125 အမျိုးအစား ဆိုင်ကယ် ၂စီးနဲ့ နေအိမ်အတွင်းရှိ လူသုံးကုန်ပစ္စည်းတွေ ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဌာနက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

“ မီးကတအား များတယ်။ ကြောက်စရာကြီး။ အိမ်နဲ့နည်းနည်းဝေးသေးတာကို အပူတွေကလာဟပ်တာ။ ထိန်းနိုင်သွားလို့တော်သေးတယ်” လို့ စျေးတန်းရပ်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဆိုပါမီးဟာ ​ဖယောင်းတိုင်မီးပူဇော်ရာကနေ စတင်လောင်ကျွမ်းတယ်လို့ မီးသတ်ကဆိုပါတယ်။ အဲဒီဖြစ်စဥ်ကြောင့် မီးစလောင်တဲ့နေအိမ်က အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို အမှုဖွင့်ခံရတယ်လို့ သိရပါတယ်။

မန္တလေးမြို့ဟာ နွေမပေါက်ခင်ကတည်းက မီးလောင်ကျွမ်းမှုမကြာခဏ ဖြစ်ပွားနေတာပါ။ ဒါ့အပြင် လက်တလော စက်သုံးဆီရှားပါးမှုကြောင့် နေအိမ်တွေမှာ စက်သုံးဆီတွေ သိုလှောင်နေကြတဲ့အတွက် မီးဘေးအန္တရာယ်စိုးရိမ်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံက ဓာတုပစ္စည်း စက်ရုံတစ်ခုမှာ မီးလောင်ရာက အင်အားပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

သတင်း

မွန်ပြည်နယ်၊မော်လမြိုင်မြို့မှာဒီနေ့ ( မတ်လ ၂ ရက်) မနက်အစောပိုင်းက နေအိမ် မီးလောင်မှုဖြစ်ပြီး သက်ကြီးပိုင်း အဘိုး၊အဘွား နှစ်ဦး သေဆုံးသွားတယ်လို့ လူမှုကူညီရေးအသင်းထံကသိရပါတယ်။

သတင်း

ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်များစွာပျက်စီးဆုံးရှုံးခဲ့တဲ့အပြင် ကိုယ်စိတ်နှလုံးကြေကွဲခံစားခဲ့ရတဲ့မန္တလေးငလျင်ကြီးအကြောင်း ရိုက်ကူးထားတဲ့ဇာတ်ကားကိုမန္တလေးမြို့ခံတွေကကန့်ကွက်ဝေဖန်နေကြပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်သုံးခုမှာ ဒီနေ့ (ဖေဖော်ဝါရီ၂၂) နံနက်ပိုင်းက မီးလောင်မှု ဖြစ်ခဲ့ပြီး လူ ၂ဦး သေဆုံးခဲ့ပါတယ်။

Facebook