close
Connect with us

Hi, what are you looking for?

သတင်း

PDFတွေလုံခြုံရေးယူပေးတဲ့အလှူမှာ ဖျော်ဖြေခဲ့တယ်ဆိုပြီး လမင်းကဗျာ ဖမ်းဆီးခံရ

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေ လုံခြုံရေးယူပေးထားတဲ့ အလှူပွဲမှာ ဖျော်ဖြေခဲ့တဲ့ သရုပ်ဆောင်လမင်းကဗျာကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

မတ်-၁၀၊၂၀၂၆။ရောင်နီ/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေ လုံခြုံရေးယူပေးထားတဲ့ အလှူပွဲမှာ ဖျော်ဖြေခဲ့တဲ့ သရုပ်ဆောင်လမင်းကဗျာကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

လမင်းကဗျာကို မတ်၉ရက် မနက်က သူမနေထိုင်တဲ့ လှိုင်မြို့နယ် (၁၆)ရပ်ကွက် ဦးဖိုးမှန်လမ်းက နေအိမ်မှာ စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ရန်ကုန်မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Rangoon Scout Network ကအတည်ပြုပါတယ်။

လမင်းကဗျာရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာတော့ “ လမင်းအိမ်မှာရှိပါတယ်ရှင့် ၊ဝိုင်းပြီးစိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်” လို့ မတ်လ ၉ရက် ညနေက ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

မကွေးတိုင်း၊ မြိုင်မြို့နယ်က ကျေးရွာတစ်ရွာက အလှူပွဲမှာ သွားရောက်ဖျော်ဖြေတဲ့ လမင်းကဗျာကို PDF ရဲဘော်တွေက လုံခြုံရေးယူပေးနေတဲ့ ဗီဒီယိုဖိုင်တွေ အွန်လိုင်းမှာ ပြန့်လာပြီးနောက်လစစ်ကောင်စီ ထောက်ခံသူတွေက လမင်းကဗျာကို ဖမ်းဆီးဖို့ လှုံ့ဆော်ခဲ့ကြတာပါ။

လမင်းကဗျာကို စစ်ကြောရေးမှာ စစ်ဆေးနေပြီး ရဲစခန်းဘက်ကိုတော့ လွှဲပြောင်းတာမရှိသေးဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင် တပ်ရင်း(၁)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် လေ့ကျင့်ရေးနည်းပြများအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းကို ဖေဖော်ဝါရီအတွင်း အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY PDF) (အထူးလှုပ်ရှားတပ်မ)ရဲ့ (၅)နှစ်ပြည့် တပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျဆုံးစစ်သည်ရဲဘော်အပေါင်းကို ရည်စူးပြီး ဆွမ်းကပ် အမျှဝေခဲ့ကြောင်း မန္တလေး PDFက ဒီကနေ့ ဖေဖော်ဝါရီ ၂၆ရက် ညနေမှာ ထုတ်ပြန်ပါတယ်။

သတင်း

‌စစ်‌ကောင်စီထံ ဗိုလ်နဂါး လက်နက်ချပူးပေါင်းသွားပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ ပကဖတွေ ထိန်းသိမ်းထားတဲ့ BNRAအဖွဲ့ဝင်တွေထဲက ထိပ်ပိုင်းတာဝန်ရှိသူ ၅ဦးကို ယင်းမာပင်ခရိုင် ပကဖနဲ့ အမှတ်(၁)စစ်ဒေသက စစ်ဆေးနေပါတယ်။

Facebook