close
Connect with us

Hi, what are you looking for?

သတင်း

တောင်သာမှာ စက်တပ်လေထီးနဲ့ တိုက်ခိုက်ခံရလို့ တစ်လနီးပါးအတွင်းအရပ်သား ၅ ဦးသေဆုံး

မန္တလေးတိုင်း ၊ မိတ္ထီလာမြို့ လေတပ်စခန်းကနေ မိုင် ၅၀ ပတ်လည်အတွင်းမှာရှိတဲ့တောင်သာမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီ တပ်က လူလိုက်ပါတဲ့ စက်တပ်လေထီး ( Paramotor) နဲ့ တိုက်ခိုက်ရာမှာ ၂၇ ရက်အတွင်း အရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ နယ်မြေခံ တော်လှန်ရေးအင်အားစုတွေထံကသိရပါတယ်။

ဓာတ်ပုံ - တောင်သာလူထုလှုပ်ရှားမှုကော်မတီ

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ မိတ္ထီလာမြို့ လေတပ်စခန်းကနေ မိုင် ၅၀ ပတ်လည်အတွင်းမှာရှိတဲ့တောင်သာမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီ တပ်က လူလိုက်ပါတဲ့ စက်တပ်လေထီး ( Paramotor) နဲ့ တိုက်ခိုက်ရာမှာ ၂၇ ရက်အတွင်း အရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ နယ်မြေခံ တော်လှန်ရေးအင်အားစုတွေထံကသိရပါတယ်။

တိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်ကနေ ဒီနေ့ ဇန်နဝါရီလ ၂၁ ရက်အထိ ပြုလုပ်ထားတာဖြစ်ပြီး အမျိုးသား ၂​ဦး ၊အမျိုးသမီး ၃ ဦးသေဆုံးထားတာပါ။

အဲဒီစက်တပ်လေထီးတွေဟာ မိတ္ထီလာ လေယာဥ်မောင်းသင်တန်းကျောင်း ကနေ တက်လာတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ မနက် ၅ နာရီ မိနစ် ၄၀ ခန့်က တောင်သာမြို့ ၊ ကျွန်းရွာလေးအရှေ့ဘက် နဲ့ ညောင်တိုရွာ ဘုန်းကြီးကျောင်း တဝိုက် စက်တပ်လေထီးနဲ့ ဗုံးချခံရလို့ နေအိမ် ၂ လုံးပျက်စီးခဲ့ရပါသေးတယ်။

တောင်သာမှာ စက်တပ်လေထီးနဲ့တိုက်ခိုက်တာတွေကို ဇန်နဝါရီလ အစောပိုင်းကစတင်ပြုလုပ်လာတာပါ ။

ဇန်နဝါရီလ ၅ ရက် ရုံးဇင်လေး ရွာကို စက်တပ်လေထီးနဲ့ဗုံးချခဲ့ရာ ၅၇နှစ်အရွယ်အမျိုးသမီးနေရာမှာတင်သေဆုံးပြီး ၁၂နှစ်သားအရွယ်ကလေး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဇန်နဝါရီလ ၁၈ ရက် မနက် အစောပိုင်း ၁ နာရီခွဲခန့်မှာလည်း တောင်သာမြို့ ၊ ညောင်ကုန်းရွာကို စက်တပ်လေထီးနဲ့ ဗုံး ချရာမှာ အမျိုးသမီးကြီး ၂ ဦး ၊ အမျိုးသား ၁ဦး သေဆုံးခဲ့ရပါတယ်။

ဓာတ်ပုံ – တောင်သာလူထုလှုပ်ရှားမှုကော်မတီ

အမျိုးသား တစ်ဦးလည်း နောက်ရက်မှာ ထပ်မံ သေဆုံးခဲ့ရတယ်လို့သိရပါတယ်။

လူလိုက်ပါတဲ့ စက်တပ်လေထီးနဲ့တိုက်ခိုက်မှုတွေကို အလင်းရောင်မပွင့်မှီ အချိန်တွေမှာ ပြုလုပ်တာလို့ သိရပါတယ်။

” နေ့ခင်းကျ တော်လှန်ရေးအဖွဲ့တွေဘက်က ပြန်တိုက်ခိုက်မှာကြောက်တာလည်းပါတယ်”လို့ တောင်သာမြို့အခြေစိုက်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ညအချိန် လူအများအိပ်မောကျနေချိန်မှာ နေအိမ်တွေပေါ်ဗုံးသီးချခံနေရတဲ့အတွက် တောင်သာမြို့နယ်အတွင်းက ကျေးရွာအချို့မှာ ဒေသခံတွေ တိမ်းရှောင်နေရတာတွေလည်းရှိလာပါတယ်။

အချို့လည်း ဗုံးခိုကျင်းတူးတာတွေပါလုပ်ဆောင်နေကြရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် ဘက်က ပြည်သူကို အချိန်မရွေး ပစ်မှတ်ထားတိုက်ခိုက်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့လည်း ခိုင်ခံ့တဲ့ဗုံးခိုကျင်းတွေတူးထားကြဖို့ တော်လှန်ရေးအဖွဲ့တွေက အသိပေးနှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းကို စစ်ကောင်စီက ယနေ့(ဇန်နဝါရီ ၂၁ရက်) မွန်းလွဲပိုင်း ၂နာရီခွဲတွင် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

သတင်း

စစ်ကောင်စီသည် အာဏာလက်မလွှတ်ရရေးအတွက် မည်သူ့ကိုမဆိုကျွန်ခံရန် သဘောထားရှိနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မြို့သိမ်း စစ်ဆင်ရေးဆင်နွှဲနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခုခံလျက်ရှိဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့စက်မှုဇုံအနီး အိမ်စီးကားဖြင့် ကင်းပတ်လာသည့် စစ်ကောင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ်(၂၂)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။