close
Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါမှာ သတင်းထောက်လှမ်းတဲ့ ပျူစောထီးနှစ်ဦးကို တော်လှန်ရေးတပ်တွေ ဖမ်းမိ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ သတင်းထောက်လှမ်းတဲ့ ပျူစောထီးနှစ်ဦးကို တော်လှန်ရေးတပ်တွေက ဖမ်းမိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

တော်လှန်ရေးတပ်တွေ ဖမ်းဆီးရတဲ့ သတင်းပေး ၂ဦး။ ဓာတ်ပုံ - Black Dragon Force

ဖေဖော်ဝါရီ- ၅၊၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ သတင်းထောက်လှမ်းတဲ့ ပျူစောထီးနှစ်ဦးကို တော်လှန်ရေးတပ်တွေက ဖမ်းမိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

အဲဒီပျူစောထီး နှစ်ဦးဟာ ဂန့်ဂေါမြို့အခြေစိုက် ခလရ(၅၀)တပ်ရင်း တပ်တွင်းက ဖြစ်ပြီး ထောက်လှမ်းရရှိတဲ့သတင်းတွေကို ဗိုလ်ကြီးသက်ပိုင်စိုးထံ အစီရင်ခံရတယ်လို့ ဆိုပါတယ်။

“ မနေ့က(ဖေဖော်ဝါရီ ၄ ရက်)က မနက်ပိုင်းက မိတာ။ပြည်သူတွေရယ်၊ ပကဖ အဖွဲ့ရယ်၊ Black Dragon Force အဖွဲ့ရယ် ဝိုင်းဖမ်းကြတာ။လေကြောင်းရန်နဲ့ လုံခြုံရေးအရနေရာတိကျတော့ ပြောခွင့်မရှိဘူး” လို့ ဂန့်ဂေါအခြေစိုက်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုတကြိမ်အပါအဝင် ဂန့်ဂေါမြို့နယ်ထဲမှာ စစ်တပ်သတင်းပေးတွေ ဖမ်းဆီးရရှိတာ သုံးကြိမ်ခန့်ရှိတယ်လို့လည်း သိရပါတယ်။

“ စျေးသည်ပုံစံ၊ ဆံပင်ကျွတ်ဝယ်တဲ့ ပုံစံ၊တောင်သူသုံးပစ္စည်းရောင်းတဲ့ပုံစံ အစရှိသဖြင့် ပုံစံမျိုးစုံပဲ” လို့ ဂန့်ဂေါမြို့နယ်စစ်ရေးသတင်းရင်းမြစ်က စစ်တပ်အတွက်သတင်းထောက်လှမ်းသူတွေ ရဲ့ အခြေအနေကို ပြောပါတယ်။

ဖမ်းမိတဲ့ စစ်တပ်သတင်းထောက်လှမ်းသူ နှစ်ဦးနဲ့ပတ်သက်တဲ့ အသေးစိတ်အခြေအနေကို Black Dragon Forceထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

လက်ရှိမှာ တော်လှန်ရေးတပ်တွေက ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ စစ်တပ်အခြေစိုက်ရွာတွေကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ စစ်ဆင်ရေး ဖော်ဆောင်နေပါတယ်။

တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်စွဲထားတဲ့ ပျူစောထီး ကျေးရွာ နှစ်ရွာသိမ်းပိုက်ပြီး စစ်အုပ်စုဘက်က ၄၀ ကျော်သေကာ လက်နက်ရှစ်လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနက ဇန်နဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ယောဒေသဖြစ်တဲ့ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျော၊လောင်းရှည်မြို့တွေက ချင်းပြည်နယ်ရဲ့ အဓိကဝင်ပေါက်၊ထွက်ပေါက်တစ်ခုဖြစ်သလို စစ်ကိုင်းတိုင်းနဲ့ ထိစပ်နယ်မြေဖြစ်ပါတယ်။

ဒါကြောင့် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာတွေ၊ စစ်ကြောင်းထိုးတာတွေ နဲ့ လက်နက်ကြီးပစ် ခတ်တာတွေကြောင့် စစ်ရှောင်စခန်းက အရပ်သားတချို့ထိခိုက်သေဆုံးတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်က ဇန်နဝါရီလအတွင်း အလုပ်သွားအလုပ်ပြန်တွေနဲ့ ခရီးသွားလူငယ် ၆၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးပြီး အမှတ်(၈)လေ့ကျင့်ရေးတပ်ကို ချက်ချင်း ပို့ဆောင်တယ်လို့ အဖမ်းခံရသူရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

သတင်း

ပေါက်ကိုယ်တော်ကိုဆဲကာ တပည့်ဖြစ်သူပျူစောထီးတစ်ဦးကို ဖမ်းဆီးလိုက်တဲ့ မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ် အမှတ်(၁၀)ရဲစခန်းက ရဲတပ်သားတစ်ဦး ဖမ်းဆီးနှိပ်စက်ခံထားရတယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက သိရပါတယ်။

သတင်း

စစ်ကောင်စီရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မန္တလေးမြို့က မြို့နယ်အချို့မှာ စစ်ကောင်စီရဲ့အောက်ခြေ ရပ်ကျေး အုပ်ချုပ်ရေးမှုး တွေက ပျုစောထီးတွေနဲ့ ပေါင်းပြီး ငွေညှစ်တာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ပျူစောထီးတွေက အမျိုးသားတစ်ဦးကို ရိုက်နှက်သတ်​ဖြတ်ပြီး ရုပ်အလောင်းကို အမှိုက်ပုံလာပစ်သွားကြောင်း သတင်းရရှိပါတယ်။