close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် ဆန္ဒပြပွဲတွေ ဆက်လက်ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၅) မှာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၅၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၅) မှာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကသာခရိုင်မှာ ၅/ကသာလူထုအောင်လံသပိတ်က ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး “ တော်လှန်ဒီရေမြင့်သစ်သို့” စာသားကိုင်စွဲကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဒါ့အပြင် “ ဘူးသပိတ်ကိုင်စွဲ လူထုတိုက်ပွဲ” စာသားနဲ့ စစ်တပ်ထုတ်ကုန် ပစ္စည်းတွေကို ပြည်သူတွေအနေနဲ့ မသုံးစွဲဲကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မှာလည်း ရွာပေါင်းစုံသပိတ်စစ်ကြောင်းနဲ့ သွေးမအေးတဲ့ရွှေနွယ်သွေးသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ သပိတ်ကော်မတီဝင် ကိုကျော်ဝင်းအောင် ကျဆုံးခြင်း ၁နှစ်၄လပြည့်အဖြစ် အလေးပြုအခမ်းအနားကို ပြုလုပ်ခဲ့ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွင့်မည်ရွှေရေကြည် လူထုသပိတ်ဟာ စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်ပြုလုပ်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်​ကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ စစ်အာဏာရှင်ကျရှုံးရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်က ဇန်နဝါရီလအတွင်း အလုပ်သွားအလုပ်ပြန်တွေနဲ့ ခရီးသွားလူငယ် ၆၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးပြီး အမှတ်(၈)လေ့ကျင့်ရေးတပ်ကို ချက်ချင်း ပို့ဆောင်တယ်လို့ အဖမ်းခံရသူရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်က အိမ်စီးကားတစ်စီးကို လိုက်လံပစ်ခတ်ရာ လမ်းဘေးကပြည်သူတွေပါ ထိခိုက်သေဆုံးမှုတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းတဲ့ (၅)နှစ်ပြည့်နေ့မှာမုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဦးဆောင်ပြီး စစ်ကိုင်းတိုင်းမုံရွာမြို့မှာ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်အာဏာသိမ်းမှု (၅)နှစ်ပြည့်အကြို လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၃၁)မှာ ပြုလုပ်ခဲ့ပါတယ်။