close
Connect with us

Hi, what are you looking for?

သတင်း

ရွှေ​ဈေးကစားတယ်စွပ်စွဲချက်နဲ့ ​ရန်ကုန်​​ရွှေအသင်းရာထူးအကြီးဆုံးလုပ်ငန်းရှင် ၃ ဦးကိုစစ်​ကောင်စီဖမ်းဆီး

ပြည်တွင်းရွှေဈေးကွက်မတည်မငြိမ်ဖြစ်​အောင်ရွှေတုံးရွှေခဲ​တွေကို ဝယ်ယူဖြန့်ဖြူးရောင်းချနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်ရွှေအသင်းဥက္ကဌ ဦးမျိုးမြင့်အပါအဝင် အသင်းရဲ့ရာထူးအကြီးဆုံး ​ရွှေလုပ်ငန်းရှင်ကြီး သုံးဦးကို စစ်​ကောင်စီကဖမ်းဆီး ထားပါတယ်။

​ရန်ကုန်ရွှေအသင်းဥက္ကဌ ဦးမျိုးမြင့်ကို​​ဂေါက် ကွင်းမှာ​တွေ့ရစဥ်နဲ့ စစ်​ကောင်စီထုတ်ပြန်ထားပုံ။ဓါတ်ပုံ-YGEA ၊ စစ်​ကောင်စီ

■​ရွှေလုပ်ငန်းရှင်တိုင်းစစ်အုပ်စုစွပ်စွဲ​သော ပမာဏကိုအ​ရောင်းအဝယ်လုပ်ဟုလုပ်ငန်းရှင်တဦး​ပြော

​ဖေ​ဖော်ဝါရီ-၅၊၂၀၂၆။တာရာ၊ရဲ​ခေါင်/People’s Spring

ပြည်တွင်းရွှေဈေးကွက်မတည်မငြိမ်ဖြစ်​အောင်ရွှေတုံးရွှေခဲ​တွေကို ဝယ်ယူဖြန့်ဖြူးရောင်းချနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်ရွှေအသင်းဥက္ကဌ ဦးမျိုးမြင့်အပါအဝင် အသင်းရဲ့ရာထူးအကြီးဆုံး ​ရွှေလုပ်ငန်းရှင်ကြီး သုံးဦးကို စစ်​ကောင်စီကဖမ်းဆီး ထားပါတယ်။

​ရွှေ​ဈေး ၁ ကျပ်သားကျပ်သိန်း ၁၀၀ ​ကျော်အထိစံချိန်တင်တက်ပြီး ​​နောက်မှာ ရန်ကုန်တိုင်းဒေသကြီးအဖိုးတန် သတ္တု(ရွှေ)ရောင်းဝယ်သူများအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်(သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ(၁) ဦးမျိုးသူဝင်း(အကယ်ဒမီရွှေဆိုင်)နဲ့ အတွင်းရေးမှူး ဦးနေမျိုးထက်(ရွှေစင်အကယ်ဒမီရွှေဆိုင်)တို့ကို စစ်အုပ်စုက အ​ရေးယူခဲ့တာပါ ။ ၎င်းတို့ဟာရွှေဈေးနှုန်းတည်ငြိမ်စေရေး ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်သွားရန်တာဝန်ရှိသူများဖြစ်ပါရက်ကိုယ်တိုင်က ရွှေဈေးကွက်မတည်မငြိမ်ဖြစ်​အောင် ပြင်ပရွှေပေါက်ဈေးနှုန်းနဲ့ရွှေတုံးရွှေခဲ​တွေကိုဝယ်ယူ၊သိုလှောင်ပြီး အရောင်းအဝယ်​တွေပြုလုပ်ခဲ့တယ်လို့ စစ်​ကောင်စီကစွပ်စွဲ
အရေးယူထားတယ်လို့ ဒီက​နေ့ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ​ကြောင့် ၎င်းတို့ ၃ ဦးဟာလူသိများတဲ့​ရွှေဆိုင်လုပ်ငန်း​တွေပိုင်ဆိုင်တဲ့ ​ရွှေလုပ်ငန်းရှင်ကြီး​တွေလည်းဖြစ်​နေပါတယ်။

ဦးမျိုးမြင့်ဟာ ၂၀၂၆ ဇန်နဝါရီလအတွင်း ၇၀ ကျပ်သားရှိတဲ့အခေါက်ရွှေတုံး ၈ တုံးကို ပြင်ပပေါက်ဈေးနဲ့ ဝယ်ပြီး အမြတ်တင်ပြန်ရောင်းဖို့ သိုလှောင်ထားခဲ့တယ်လို့စွပ်စွဲထားပါတယ်။အလားတူ ဦးမျိုးသူဝင်းက သူရဲ့ရွှေဆိုင်​တွေက ၂၀၂၅ ဒီဇင်ဘာလနဲ့ ၂၀၂၆ ဇန်နဝါရီလမှာ အခေါက်ရွှေ ၉၇၀ ကျပ်သားအား ပြင်ပပေါက်ဈေးနှုန်းနဲ့ဝယ်ယူပြီး ရွှေ ၉၅၀ ကျပ်သားကို အမြတ်ယူဈေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့တယ်လို့စွပ်စွဲထားပါတယ်။ အလားတူ ဦးနေမျိုးထက်ရဲ့​ရွှေစင်အကယ်ဒမီရွှေဆိုင်​တွေက၂၀၂၅ ဒီဇင်ဘာလနဲ့ ၂၀၂၆ ဇန်နဝါရီလ အတွင်း အခေါက်ရွှေ ၃၁၉ ကျပ်သားကို ပြင်ပပေါက်ဈေးနဲ့ ဝယ်ပြီး၂၆၈ ကျပ်သားအား အမြတ်ရယူပြန်ရောင်းချခဲ့တယ်လို့ စစ်အုပ်စုကစွပ်စွဲထားပါတယ်။

“ ရွှေဆိုင်လုပ်ငန်းရှင်တွေမှာ ရွှေဆိုတာ အနည်းဆုံးပိဿာ ဆယ်နဲ့ချီရှိကြတာပဲ။အခုလို ဖမ်းတာက ဥက္ကဌ နဲ့ အတွင်းရေးမှူးတွေဆိုတော့ ရွှေစျေးကို ဟန့်လိုက်တာ ပါတယ်။ နောက်တစ်ခုက ရွှေစျေး သိန်း ၁၀၀ ကျော်တာကို YGEA က မထိန်းနိုင်လို့ ဖမ်းတာလို့ မြင်တယ်။ ပြီးတော့ YGEA ထဲမှာ နဂိုကတည်း ကစစ်တပ်ထောက်လှမ်းရေးက ရှိပြီးသား။ရှင်းရှင်း ပြောရရင် စစ်တပ်က အကျိုးစီးပွားနဲ့ ဒါမှမဟုတ် သူမကြိုက်တော့ရင် ဖမ်းတယ်ဆိုတာပါပဲ “ လို့ရန်ကုန်အခြေစိုက် ရွှေအရောင်းအဝယ်လုပ်နေသူတစ်ဦးက ပြောပါတယ်။

ဒါ​ကြောင့် ​ရွှေဆိုင်လုပ်ငန်းရှင်အများစု အလားတူလုပ်တာမှာရွှေအသင်းက ရာထူးအကြီးဆုံး ပုဂ္ဂိုလ်သုံးဦးတည်းကိုဘာ​ကြောင့်​ရွေးပြီးအ​ရေးယူတာလဲ ဆိုတာဟာ ​နောက်ကွယ်မှာ အခြားအ​ကြောင်းရင်း​တွေရှိနိူင်တယ်လို့ ​ရွှေ​ဈေးကွက်​စောင့်ကြည်သူအချို့က​ပြောပါတယ် ။ အာဏာသိမ်း​ခေါင်း​ဆောင်ရဲ့မိသားစုနဲ့ နီးစပ်ပြီး၊စစ်​ခေါင်း​ဆောင်မိသားစုဝင်​တွေကိုယ်တိုင်ရင်းနှီးမြှပ်နှံထားတဲ့ ​နှစ်ပိုင်းအတွင်းဆိုင်ခွဲ​တွေအများအပြဖွင့်ထားတဲ့ ​ရွှေဆိုင်​တချို့ရှိ​နေပြီး သူတို့က အခုဖြစ်စဥ်​ကြောင့် ​ရွှေအသင်းမှာ ရာထူးကြီးကြီး​တွေယူလိုက်ရင် မထူးဆန်းဘူးလို့​ရွှေ​ဈေးကွက်​စောင့်ကြည့်သူအချို့က​ပြောပါတယ် ။

ရန်ကုန်​ရွှေအသင်း(YGEA)ကပါဝင်သူ​တွေဟာစစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်တပ်စိတ်ကြိုက်လုပ်​ပေးခဲ့ကြသူ​တွေဖြစ်ပါတယ်။အသင်းဥက္ကဌ ဦးမျိုးမြင့်နဲ့ အသင်းဝင်လုပ်ငန်းရှင်​တွေဟာ နိုင်ငံမှာ စစ်တပ်ကဗုံးကြဲလို့ ၊စစ်တပ်ကကျူးလွန်လို့ လူအစုလိုက်အပြုံလိုက်​သေဆုံးတဲ့​နေ​တွေမှာ​တောင် ​ဂေါက်ရိုက်သီးမပျက်သလို ၊​ဂေါက်သီးရိုက်ပြီးရင်လည်း သူတို့ဓါတ်ပုံ​တွေကိုအသင်း​ဖေစ်ဘွလ်မှာ အမြဲတင်ခဲ့တာကို ​တွေ့ရပါတယ်။

အာဏာသိမ်းစစ်အုပ်စု​စေခိုင်းသမျှလုပ်ခဲ့​ပေမယ့်၎င်းတို့ ၃ ဦးကို စစ်​ကောင်စီက ထုတ်ပြန်ထားတဲ့ အမိန့် ကြော်ငြာစာပါတားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်တာကြောင့် တည်ဆဲဥပဒေ​တွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ဒါ​ပေမယ့် ဘယ်လိုအ​ရေးယူ​ဆောင်ရွက်မယ်ဆိုတာကို အ​သေးစိပ်မ​ဖော်ပြပါဘူး။

ဒါ့အပြင်ရွှေလုပ်ငန်းရှင်များအနေဖြင့်ရွှေဈေးကွက်တည်ငြိမ်​အောင် ဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်သွားကြဖို့ ၊ အမိန့်ညွှန်ကြားချက်​တွေကိုလိုက်ကြရန်နဲ့ မလိုက်နာတဲ့ရွှေလုပ်ငန်းရှင်​တွေကိုထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့လည်းခြိမ်း​ခြောက်ထားပါတယ်။

၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်း​ရွှေ​ဈေးစံချိန်တင်တက်ခဲ့တာဟာ ကမ္ဘာ့​ရွှေ​ဈေးကိုယ်တိုင်တက်တာ ၊​အ​မေရီကန်ဒေါ်လာအ​ပေါ်ယုံကြည်မှု​လျော့ကျပြီး နိုင်ငံကြီး​တွေကိုယ်တိုင်​ရွှေဝယ်စုတာ၊ကျပ်​ငွေတန်ဖိုးကျတာ စတာ​တွေ​ကြောင့်ဖြစ်တယ်လို့​​ဈေူကွက်ကျွမ်းကျင်သူ​တွေက​ပြောပါတယ်။စစ်တပ်က ရွှေနဲ့ ဒေါ်လာ​ဈေးတက်လာရင်လုပ်ငန်း
ရှင်​တွေကို အပစ်ပုံချပြီး ဖမ်းဆီးတဲ့နည်းနဲ့ ​ဈေးကျ​အောင်လုပ်တဲ့နည်းလမ်းကိုပဲ အစဥ်အဆက်ကျင့်သုံး​နေတာဖြစ်ပါတယ် ။

ဒါအပြင် ​ဒေါ်လာ ၊​ရွှေ ၊စားအုန်းဆီစတဲ့လုပ်ငန်းရှင်​တွေကို ဖမ်းဆီးပြီးရင် စစ်အုပ်စုက ပြစ်မှုအတိုးအ​လျှော့ ၊​ထောင်တွင်းအ​နေ​ချောင်ဖို့အ​ကြောင်းပြချက်​တွေနဲ့ လာဘ်​ငွေသိန်း​ပေါင်း​သောင်းချီရယူ ​လေ့ရှိတယ်လို့လုပ်ငန်းရှင်​တွေက​ပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီကနိုင်ငံတော်လုံခြုံရေးနဲ့ကာကွယ်ရေးခေါင်းစဉ် အောက်ကနေ မည်သူ့ကိုမဆိုဝင်ရောက် ရှာဖွေဖမ်းဆီးရာမှာသက်သေမပါဘဲ ဖမ်းနိုင်ဖို့အတွက်နိုင်လွတ်လုံလို့အသိများတဲ့ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု ကာကွယ်ပေးရေးဥပဒေကို ဖေဖော်ဝါရီလ ၃ ရက်က ပြင်ဆင်ဖြည့်စွက်လိုက်ပါတယ်။

သတင်း

ကမ္ဘာ့ရွှေစျေး စံချိန်တင်ပြီး ပြည်တွင်း ရွှေစျေးလည်းဆက်တက်နေတယ်လို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ့​ရွှေ တရှိန်ထိုးတက်နေပြီး ပြည်တွင်း ရွှေစျေးလည်း တစ်ကျပ်သား ကျပ်သိန်း ၁၀၀ အထက်ဆက်တက်နေတယ်လို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

ဆောင်းပါး

မြန်မာ့ရွှေစျေးဟာ တဖြည်းဖြည်းတက်လာလိုက်တာ အခုဇန်နဝါရီလ ၁၅ ရက်နေ့တုန်းက စံချိန်တင်စျေးနှုန်းဖြစ်သွားခဲ့ပါတယ်။ တကျပ်သားကို ကျပ် ၉၉ သိန်းခွဲထိ ရောက်ခဲ့တာပါ။ ကျပ် ၉၉ သိန်းခွဲဆိုတာ သိန်းတရာထိ ရောက်ဖို့ ကျပ်ငါးသောင်းပဲ လိုပါတော့တယ်။ ဒီစျေးဟာ မြန်မာ့ရွှေစျေးသမိုင်းမှာ အမြင့်ဆုံးစျေးဖြစ်ပါတယ်။