close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လစ်ဗျား အာဏာရှင်ဟောင်း ကဒါဖီရဲ့သား လုပ်ကြံခံရမှု ရုရှား အပြင်းအထန် ရှုတ်ချ

လစ်ဗျား အာဏာရှင်ဟောင်း မူအမ်မာ ကဒါဖီရဲ့ သားဖြစ်သူ လုပ်ကြံခံရမှုကို ရုရှား အစိုးရက အပြင်းအထန် ရှုတ်ချခဲ့ ထိထိရောက်ရောက်၊ ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်း စစ်ဆေးပေးဖို့ လစ်ဗျား အစိုးရကို တောင်းဆိုလိုက်ပါတယ်။

လစ်ဗျား အာဏာရှင်ဟောင်း မူအမ်မာ ကဒါဖီရဲ့ သားဖြစ်သူ လုပ်ကြံခံရမှုကို ရုရှား အစိုးရက အပြင်းအထန် ရှုတ်ချခဲ့ ထိထိရောက်ရောက်၊ ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်း စစ်ဆေးပေးဖို့ လစ်ဗျား အစိုးရကို တောင်းဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီယာ ဇာရာခိုဗာက ရုရှားအနေနဲ့ ဒီရာဇဝတ်မှုအပေါ် အပြင်းအထန် ရှုတ်ချကြောင်း၊ ဖြစ်စဉ် တစ်ခုလုံးအတွက် စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို ဥပဒေနဲ့အညီ အရေးယူပေးဖို့ လစ်ဗျား အစိုးရကို တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးတော့ ကွယ်လွန်သူရဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ထပ်တူ ရုရှားအစိုးရက ဝမ်းနည်းပါကြောင်းလည်း သူက ဆိုပါတယ်။ အခုသီတင်းပတ် အစောပိုင်းတုန်းက ကဒါဖီရဲ့ သားဖြစ်သူ ဆိုင်ဖ် အယ်လ် အစ္စလာမ် လုပ်ကြံခံခဲ့ရကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြလာခဲ့ပါတယ်။

နောက်တော့ လစ်ဗျားအစိုးရ ရှေ့နေရုံးက ဆိုင်ဖ်ဟာ ဖေဖော်ဝါရီ ၃ ရက်နေ့တုန်းက အက်ဇင်တန်မြို့မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ သူသေဆုံးချိန်မှာ အသက် ၅၃ နှစ်အရွယ် ရှိနေပါပြီ။

Public Service Announcement

Public Service Announcement

ဆိုင်ဖ်ဟာ နေအိမ်ရဲ့ ကိုယ်ပိုင် ပန်းခြံထဲမှာ လမ်းလျှောက်နေတုန်း သေနတ်သမား ၄ ဦးရဲ့ လုပ်ကြံမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။ တရားခံတွေဟာ ကဒါဖီရဲ့ နေအိမ်မှာရှိတဲ့ လုံခြုံရေး ကင်မရာတွေကို ကြိုတင် ပိတ်ထားခဲ့သလို လုပ်ကြံမှု အပြီးမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။ သူ့ကို ဘယ်အဖွဲ့အစည်းက သတ်ဖြတ်ခဲ့သလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဆိုင်ဖ်ဟာ ၂၀၁၁ တုန်းက သေဆုံးခဲ့တဲ့ လစ်ဗျား အာဏာရှင်ဟောင်း ကဒါဖီရဲ့ ဒုတိယသား ဖြစ်ပါတယ်။ သူဟာ လက်ရှိ လစ်ဗျား အစိုးရထဲမှာ ရာထူးအခိုင်အမာ ယူမထားပေမယ့် နိုင်ငံရဲ့ ဩဇာအကြီးမားဆုံး နိုင်ငံရေးသမား တစ်ဦးအဖြစ် သတ်မှတ် ခံခဲ့ရပါတယ်။

၂၀၂၁ တုန်းက လစ်ဗျားမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ စီစဉ်ခဲ့တုန်းက သူဟာ သမ္မတ နေရာအတွက် ပါဝင်အရွေးခံမယ်လို့ ဆိုင်ဖ်က ကြေညာခဲ့ပြီး ရေပန်းအစားဆုံးလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ရွေးကောက်ပွဲတွေက ဘယ်တုန်းကမှ လက်တွေ့ ဖြစ်မြောက် မလာခဲ့ပါဘူး။

ဆိုင်ဖ်ဟာ လစ်ဗျားရဲ့ အငြင်းပွားစရာ အကောင်းဆုံး နိုင်ငံရေးသမား တစ်ဦးလို့လည်း သတ်မှတ် ခံထားရပါတယ်။ ကဒါဖီကို ဆန့်ကျင်သူတွေက သူ့အပေါ်မှာလည်း ခါးသီးတဲ့ သဘောထားမျိုး ရှိနေပြီး တစ်ဖက်မှာလည်း ဆိုင်ဖ်ဟာ သွေးကွဲနေတဲ့ နိုင်ငံကို စုစည်းပေးနိုင်မယ်လို့ ယုံကြည်သူ အများအပြား ရှိနေပါတယ်။

သူရဲ့ နိုင်ငံရေးသမား ဘဝဟာ အတက်အကျတွေ ကြမ်းခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ အဖမ်းခံခဲ့ရသလို ၂၀၁၅ ခုနှစ်မှာတော့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စွပ်စွဲချက်တွေအတွက် လစ်ဗျားတရားရုံး တစ်ခုရဲ့ သေဒဏ် ချမှတ်မှုကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီစီရင်ချက်အပြီး တစ်နှစ်အကြာမှာ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာပြီး တကျော့ပြန် နိုင်ငံရေးဩဇာကို လျင်လျင်မြန်မြန် ထူထောင်လာနိုင်ခဲ့ပါတယ်။

ဆိုင်ဖ်လုပ်ကြံခံရမှုဟာ လစ်ဗျားတစ်နိုင်ငံလုံးကို တုန်လှုပ်စေခဲ့ပြီး နောက်ဆက်တွဲ သွေးချောင်းစီး အဓိကရုဏ်းတွေ ဖြစ်ပေါ်လာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ လောလောဆယ်မှာတော့ လစ်ဗျားအစိုးရဟာ လူသတ်မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ကြေညာထားပါတယ်။

ကိုးကား: Tass

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လစ်ဗျားစစ်တပ်ရဲ့ အကြီးအကဲဟာ လေယာဉ် ပျက်ကျမှု တစ်ခုကြောင့် သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

လစ်ဗျား အာဏာရှင် ခေါင်းဆောင်ဟောင်း ဗိုလ်မှူးကြီး မူအမ်မာ ကဒါဖီဆီက တရားမဝင် ငွေကြေးတွေ ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် ပြင်သစ် သမ္မတဟောင်း နစ်ကိုလက်စ် ဆာကိုဇီဟာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခြင်း ခံခဲ့ရပါတယ်။

သတင်း

အာဖဂန်နစ္စတန်ဟာလည်း အမေရိကန်ထောက်ခံတဲ့ သမ္မတ အာရှတ်ဖ်ဂါနီ အစိုးရ ကို ဖြုတ်ချထားတဲ့ တာလီဘန် က ကုလမှာ ထိုင်ခံရဖို့ကိုယ်စားလှယ် လျှောက်ထားပါတယ်။

နိုင်ငံတကာ

ဩဂုတ် ၂၇ ရက်ကစပြီး ထရီပိုလီ မြို့ထဲက နေရာတချို့မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့သလို ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေလည်း ကြားနေခဲ့ရပါတယ်။