ဖေဖော်ဝါရီ-၄၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်က စစ်တပ်တပ်စွဲရာ နေရာ ၂ခုကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ကြောင်း ပြည့်သူ့ကာကွယ်ရေး Drone အဖွဲ့ (ရွှေဘိုခရိုင်)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်က ရေဦးမြို့ရှိ စစ်တပ် တပ်စွဲထားတဲ့ တိုင်းရင်းဆေးရုံနဲ့ ည ၇ နာရီခန့်မှာ ကြာဖူးအဝိုင်း စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံး ၃ကြိမ်စီချကာ တိုက်ခိုက်ခဲ့ကြောင်း ပြည့်သူ့ကာကွယ်ရေး Drone အဖွဲ့ (ရွှေဘိုခရိုင်)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ တိုင်းရင်းဆေးရုံက အာဏာသိမ်းတည်းက စစ်တပ် ပျူစောထီးတွေ ပူးပေါင်းတပ်စွဲထားတာပါ။အပြင်လူမရှိပါဘူး။ တိုင်းရင်းက အင်အား အတိအကျမရှိဘူး။ တိုးလိုက် ဆုတ်လိုက်ပဲ။ ကြာဖူးက ၃၀ဝန်းကျင်ပါ။ ထိခိုက်မှုက တိုင်းရင်းက သူတို့သီးသန့်ပဲဆိုတော့ မသိရဘူး။ ကြာဖူးဂိတ်ကလည်း ညဘက်ချတာဆိုတော့ နစ်ခုလုံး အထိအခိုက်သေဆုံး မသိရဘူ ထိခိုက် သေဆုံးမှု ရှိနိုင်တယ်” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
တိုက်ခိုက်ခံရမှုကြောင့် ရေဦးတိုင်းရင်းဆေးရုံက စစ်တပ်က လက်နက်ကြီးနဲ့ သုံးကြိမ်ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး လက်နက်ငယ်နဲ့လည်း အကြိမ်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေဦးမြို့နဲ့ ပြည့်သူ့ကာကွယ်ရေး Drone အဖွဲ့ (ရွှေဘိုခရိုင်)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ရက်ကလည်း ရေဦးမြို့၊ ကြာဖူးအဝိုင်းက စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ပြည့်သူ့ကာကွယ်ရေး Droneအဖွဲ့ (ရွှေဘိုခရိုင်)က ထုတ်ပြန်ပါတယ်။

















































