close
Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦး KIA၊KPDF ထံ လက်နက်ချအလင်းဝင်

တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်တွေ အထိနာနေတဲ့ ဖားကန့်မှာ စစ်ကောင်စီတပ်သားတချို့ KIA၊KPDF ပူးပေါင်းတပ်ထံ လက်နက်ချအလင်းဝင်လာကြပါတယ်။

(စစ်ကောင်စီတပ်ကနေ အလင်းဝင်လာသူတစ်ဦးကို တွေ့ရစဥ်)

▪️အရပ်သားထိခိုက်သေဆုံးမှု တိုးလာ

ဖေဖော်ဝါရီ-၃၊ ၂၀၂၆။ ရွှေပြည်စိုး/People’s Spring

တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်တွေ အထိနာနေတဲ့ ဖားကန့်မှာ စစ်ကောင်စီတပ်သားတချို့ KIA၊KPDF ပူးပေါင်းတပ်ထံ လက်နက်ချအလင်းဝင်လာကြပါတယ်။

ဖားကန့်မှာ ဇန်နဝါရီ ၂၄ရက်ကစပြီး တိုက်ပွဲတွေဖြစ်နေပြီး ဒီနေ့ ဖေဖော်ဝါရီ ၃ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦး ထွက်ပြေးလာပြီး အလင်းဝင်လာတယ်လို့ KIAနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

“ ခမရ ၃၈၁က ကောင်တွေ ထွက်ပြေးလာကြတာ။ သူတို့က စစ်သုံ့ပန်းမဟုတ်ဘူး။ ဘက်ပြောင်းခိုလှုံသူတွေ။ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတယ်” လို့ သူက ပြောပါတယ်။

ခမရ(၃၈၁)ဟာ မိုးကောင်းမြို့အခြေစိုက်ဖြစ်ပါတယ်။ ဖားကန့်ကို ရောက်နေတာဖြစ်ပြီး မနေ့က တိုက်ပွဲမှာ တပ်ခွဲမှူး ဗိုလ်မှူးဇာနည်အောင် သေဆုံးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဖားကန့် တိုက်ပွဲဆက်ပြင်းထန်နေပြီး မနေ့က တိုက်ပွဲမှာ စာသင်ကျောင်းပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကလေးငယ် ၂ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီနေ့လည်း တိုက်ပွဲဆက်ဖြစ်နေပြီး နေအိမ်ပေါ် လက်နက်ကြီးကျလို့ အရပ်သား ၂ဉီး သေဆုံးပြီး ၂ဦး ဒဏ်ရာရထားပါတယ်။

စစ်ကောင်စီတပ်က ဗျူဟာကုန်းကနေ လက်နက်ကြီးတွေ မကြာခဏပစ်ခတ်နေပြီး အရပ်သားပြည်သူတွေထဲကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာလို့ ဒေသခံတချို့က ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းက မရှီကထောင်ရပ်ကွက်နဲ့ ယူမာကျေးရွာဘက်က လမ်းသွယ်တွေထဲမှာ မိုင်းတွေထောင်ထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့အတွက် ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာကို ကြိုတင် ရှောင်ကြဖို့ စစ်ရေးစောင့်ကြည့်သူတချို့က သတိပေးနေကြပါတယ်။

ဖားကန့်ကို ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေမှာ ရှမ်းနီ(SNA)နဲ့ ပြည်သူ့စစ်တွေပါသလို စစ်မှုထမ်းဥပဒေအကြောင်းပြပြီးတော့ ဖမ်းဆီးထားတဲ့ စစ်သင်တန်းဆင်း ‌‌တွေလည်း ပါပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလနဲ့ နိုဝင်ဘာလဆန်းကလည်း စစ်မှုထမ်းသင်တန်းဆင်း ၄၀နီးပါးရဲ့ KIA၊KPDFထံ လက်နက်ချအလင်းဝင်ခဲ့ပါတယ်။ စစ်မှုထမ်းသင်တန်းဆင်းတွေအနေနဲ့ လက်နက်ချအလင်းဝင်ပြီး လူထုနဲ့ ပူးပေါင်းဖို့ KIA၊KPDFက တိုက်တွန်းထားပါတယ်။ လက်နက်နဲ့အတူအလင်းဝင်ရင် ဆုကြေးငွေနဲ့ ဂုဏ်ပြုမယ်လို့လည်း ကမ်းလှမ်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူတိုင်း၊ ပေါက်ခေါင်းမြို့နဲ့ အုတ်တွင်းမြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းမှာ ကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကြောင်းပျက် တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာန၊အမှတ်(၂၁)ဗျူဟာ၊ ပြည်ခရိုင် တပ်ရင်း(၂)က ဇန်နဝါရီ ၃၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီတပ်မှ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် ၄၀၀ ကျော် ယခုနှစ်အတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ကလေးခရိုင် အမှတ်(၉)တပ်ရင်း - ကလေး၀ PDF ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦး အလင်းဝင်လာကြောင်း ကလေး၀ PDFက ဩဂုတ် ၆ရက်တွင် သတင်းထုတ်ပြန်သည်။

သတင်း

ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ခေါ်ဆောင်စဥ် ပြည်သူများ၏ နာကြည်းစိတ်ကို မျက်ဝါးထင်ထင်တွေ့ရကြောင်း ပခုက္ကူခရိုင် တပ်ရင်း -၁၅ တာဝန်ရှိသူက ပြောသည်။