close
Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ဖားကန့်မှာစာသင်ကျောင်းပေါ် လက်နက်ကြီးကျ က​လေးငယ်အချို့ဒဏ်ရာရ

KIA၊KPDF ပူးပေါင်းတပ်နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မြို့နယ်မှာ စာသင်ကျောင်းပေါ် လက်နက်ကြီးကျရောက်
ပေါက်ကွဲလို့ ကလေးငယ်တချို့ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

စာသင်​ကျောင်း​ပေါ်လက်နက်ကြီးကျပြီး​နောက်မြင်ကွင်း နဲ့ ဒဏ်ရာရ က​လေးငယ်နှစ်ဦးကို​တွေ့ရ စဥ်။ ။ဓါတ်ပုံ- Lung Jung La N's FB

​ဖေ​ဖော်ဝါရီ-၂၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

KIA၊KPDF ပူးပေါင်းတပ်နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မြို့နယ်မှာ စာသင်ကျောင်းပေါ် လက်နက်ကြီးကျရောက်
ပေါက်ကွဲလို့ ကလေးငယ်တချို့ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖားကန့်မြို့၊ ငှက်ပျော်တောရပ်ကွက်ထဲက အထက(၁)ကျောင်းပေါ် ဒီနေ့မနက် ၁၀ နာရီခန့်မှာလက်နက်ကြီးကျရောက်ပေါက်ကွဲတာပါ။

ဖားကန့်မှာစစ်ကောင်စီကရွေးကောက်ပွဲပြုလုပ်ခဲ့တဲ့ဇန်နဝါရီလ၂၅ရက်နေ့ကတည်းကတိုက်ပွဲဖြစ်ပွားခဲ့ပြီး တစ်ရက်ထက်တစ်ရက် ပိုမိုပြင်းထန်လာတာကနေ မြို့ပေါ်ကစာသင်​ကျောင်းကိုပါ လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့အထိ စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“ KG အဆောင်နားကို ကျပြီး အပျက်အစီးအရမ်းများပါတယ်။တစ်ဦးသေဆုံးတယ်လို့ ကြားတယ်။ သတိလစ်တဲ့ကလေးတွေလည်း များတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။နောက်ထပ်သတင်းရင်းမြစ်တစ်ဦးက ကလေးငယ် နှစ်ဦး ဒဏ်ရာရတယ်လို့ ပြောပါတယ်။

တိုက်ပွဲတွေကယူမာရွာ၊ ထုံးဘိုရွာ၊ ဆန်းကြွယ်နဲ့ရှရော်ခရွာအနီးက ညောင်ပင်ကုန်း၊ မရှီကထောင်ရပ်ကွက်ပတ်ဝန်းကျင်တွေမှာဖြစ်နေပြီး စစ်တပ်က ဗျူဟာကုန်းကနေ လက်နက်ကြီးတွေမကြာခဏပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုလက်နက်ကြီးပေါက်ကွဲမှုကလည်း တိုက်ပွဲထဲမှာအထိနာနေတဲ့အတွက် စစ်တပ်က အရပ်သားပြည်သူတွေထဲကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်တာလို့ ဒေသခံတချို့ကပြောပါတယ်။ ဒါ့အပြင်စစ်တပ်စစ်ကြောင်းကမရှိကထောင်ရပ်ကွက် နဲ့ ယူမာရွာဘက်က လမ်းသွယ်တွေထဲမှာ မိုင်းတွေထောင်
ထားတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ဘယ်ဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကျတယ်ဆိုတာကို​တော့ People’s Spring ကအတည်မပြုနိုင်​သေးပါဘူး ။

တိုက်ပွဲတွေပိုမိုပြင်းထန်လာတဲ့အတွက်ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာကိုကြိုတင်ရှောင်ကြဖို့ စစ်ရေးအခြေအနေနဲ့နီးစပ်သူတချို့ကသတိပေးနေကြပါတယ်။

“ ဖားကန့် အခြေနေ မတည်ငြိမ်နေပါ။ဆိုင်းတောင်၊ ဖားကန့်မြို့ပေါ် လူတွေအခြေနေမဆိုးလာခင် ရှောင်စေချင်ပါတယ်။ဆိုင်းတောင်မှာလဲစစ်တပ်ကို နေရာ ကွက်ကြားတွေ့နေရသလို့ ယနေ့ Feb ၂ ရက် နေ့ စာသင်ကျောင်းထဲ လက်နတ်ကြီး ကျတယ်။နှစ်ဖက်ခြေနေအတော် တင်းမာလာပုံပါပဲ။
ရှောင်သင့်တဲ့ထဲ သက်ကြီးရွယ်အိုများ၊ က လေးသူငယ်များ၊ ကိုယ်ဝန် ဆောင်အမျိုး သမီးများ၊ ကလေးငယ် မိခင်များ အထူးသဖြင့်ပါ ဆက်နေချင်နေလို့ ရပါတယ်။ ဖြစ်လာမယ့် အကျိုးဆက်ကို လက်ခံနိုင်ရင်တော့ ဆက်နေပါ” လို့ ဒေသခံတစ်ဦးကလူမှုကွန်ရက်မှာအသိပေးထားပါတယ်။

ဖားကန့်မှာ စစ်တပ်ရဲ့လေကြောင်းအန္တရာယ်၊လက်
နက်ကြီးအန္တရာယ်နဲ့ တိုက်ပွဲတွေလည်းဆက်ဖြစ်နိုင်လို့လုံခြုံရေးသတိပြုနေထိုင်ကြဖို့KIA၊KPDFပူးပေါင်းတပ်က ဒေသခံတွေကိုသတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ကနေ မဲရုံစောင့် စစ်သားတွေ မိတ္ထီလာမြို့ကတပ်ရင်းအပြန် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခဲ့လို့ ထိတ်လန့်ခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မဲရုံလုပ်မယ့် တရုတ်ပိုင် ယန်စီကုမ္ပဏီဝင်းထဲက စစ်တပ်က လက်နက်ကြီးနဲ့ ပစ်နေလို့ ကျေးရွာပေါင်း ၁၀ ရွာထက်မနည်း ထွက်ပြေးနေရပြီး လက်နက်ကြီးထိလို့ စစ်ရှောင် ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

သတင်း

စစ်ကောင်စီတပ်ရဲ့ ဒရုန်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်းက ဒေသခံ ၃ ဦး သေဆုံးခဲ့ပြီး ၁ ​ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မိုးကုတ်နဲ့ မိုးမိတ်မြို့ကြားမှာ တိုက်ပွဲပြင်းထန်နေပြီး မိုးမိတ်မြို့အဝင်ကို အာဏာသိမ်းစစ်တပ်က ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။