close
Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်း ၅ နှစ်ပြည့်မှာ စစ်ကောင်စီက ကပ်ကျော်ဘုရားကိုသွားလှူ

အာဏာသိမ်း ၅ နှစ်ပြည့်တဲ့နေ့မှာ မန္တလေးတိုင်း အမရပူရမြို့က သံသေကပ်ကျော်ဘုရားကို စစ်ကောင်စီက သွားရောက်လှူဒါန်းသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သံသေကပ်ကျော်ဘုရား ဂန္ဓကုဋိတိုက် စံကျောင်းတော် ပန္နက်တင် အခမ်းအနားမှာ စစ်ကောင်စီ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်စစ်တပ်လက်အောက် ခံများအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

ဖေဖော်ဝါရီ-၂၊၂၀၂၆။ဇေအောင်/People’s Spring

အာဏာသိမ်း ၅ နှစ်ပြည့်တဲ့နေ့မှာ မန္တလေးတိုင်း အမရပူရမြို့က သံသေကပ်ကျော်ဘုရားကို စစ်ကောင်စီက သွားရောက်လှူဒါန်းသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က မန္တလေးမြို့မှာ ဘုရားစေတီတွေ အများအပြား ပျက်စီးခဲ့ကြတဲ့အနက်အမရပူရမြို့နယ်ကသံသေကပ်ကျော်
ဘုရားကိုတော့ အာဏာသိမ်းစစ်တပ်က ဦးစားပေး ပြင်ဆင်စေခဲ့ကြောင်းဒေသခံများကပြောပါတယ်။

အဲဒီနောက်ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်း ၅ နှစ်ပြည့်တဲ့နေ့မှာပဲစစ်ကောင်စီကသံသေကပ်ကျော်ဘုရားမှာ ဂန္ဓကုဋိတိုက် စံကျောင်းတော်ကြီးကို အသစ်ပြန်လည်တည်ဆောက်ခြင်းနဲ့ ရတနာပန္နက်တင် မင်္ဂလာအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။အဲဒီပွဲကို အာဏာသိမ်းစစ်တပ်ကခန့်ထားတဲ့မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင် တက်ရောက်လှူဒါန်းခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ ကပ်ကျော်ဘုရား မင်းအောင်လှိုင်လာမယ်ဆိုပြီး လမ်းဘေးစျေးသည်တွေအကုန်လုံးကို ပိတ်ခိုင်းတာ” လို့ အမရပူရမြို့ခံ အမျိုးသမီးတစ်ဦးက​ပြောပါတယ်။

ဒါ့အပြင် သံသေကပ်ကျော်ဘုရားအနီး ပတ်ပတ်လည်မှာလည်းစစ်တပ်နဲ့ရဲတွေလုံခြုံရေးတွေတင်းကြပ်စွာ ချထားခဲ့ကြောင်း မြို့ခံတွေဆီက သိရပါတယ်။

သံသေကပ်ကျော်ဘုရားမှာ ကပ်တွေကို ကျော်လွှားဖို့အတွက် လာရောက်ဆုတောင်းသူတွေ ရှိနေပြီးစစ်ကောင်စီကလည်း ကပ်ကျော်ဘုရားကို ယတြာသဘောနဲ့ ဦးစားပေး ပြန်လည်ဆောက်လုပ်စေခဲ့တာဖြစ်နိုင်ကြောင်း မြို့ခံတွေက ယူဆနေကြပါတယ်။

သံသေကပ်ကျော်ဘုရားဟာ အမရပူရမြိုတည်နန်းတည် ဘိုးတော် ဗဒုံမင်းက သက္ကရာဇ် ၁၁၇၇ ခုနှစ်မှာဗားမဲ့ဆရာတော်ဘုရားကြီးရဲ့ သံသေဓာတ်လုံး ၂၇ လုံးနဲ့ သွန်းလုပ်ပူဇော်ခဲ့တာလို့ သိရပါတယ်။

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင် နဲ့ စစ်အုပ်စုဟာ ​​ဗေဒင်ယတြာ​တွေကို ယုံကြည်ကြပြီးမန္တ​လေးမြို့ကို ယတြာအတွက်မကြာခဏသွား​ရောက်​လေ့ရှိတယ်လို့ ​​ဗေဒင်ဆရာ​တွေနဲ့နီးစပ်သူအချို့က​ပြောပါတယ် ။ မင်း​အောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ​ဗေဒင်ယတြာ​တွေမှာ သူအား
ထားတဲ့ ဝစီပိတ် ကိုယ်​တော်ဆီကိုလည်းသွား​ရောက်ခဲ့ပါတယ် ။ ဇန်နဝါရီ ၂၇ ရက်က မင်း​အောင်လှိုင်ဟာ မန္တ​လေးနန်းတွင်းကိုလာပြီး ပြည်​တော်ဝင်ယတြာ​ချေဖို့ သတင်းရလို့ ​Brave Warriors for Myanmar တော်လှန်ရေးတပ်ဖွဲ့ကဦးဆောင်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေး နန်းတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးပစ်ခတ်ခဲ့ပြီး ၃ လုံးက ပစ်မှတ်ကို ထိမှန်ခဲ့တယ်လို့BWM အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ် ။ ​

ဇန်နဝါရီ ၂၇ရက်မနက်အ​စောပိုင်းမှာ ​ပေါက်ကွဲသံသုံးကြိမ်ကြားရတာကို မန္တ​လေးမြို့က​ဒေသခံအချို့ကအတည်ပြုပါတယ် ။ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ထိခိုက်မှု​တွေရှိတယ်လို့ BWMကသတင်းထုတ်ပြန်ထား​ပေမယ့် People’s Spring က​သီးခြားအတည်မပြုနိုင်ပါဘူး ။ဒါ​ပေ
မယ့် အာဏာသိမ်း​ခေါင်း​ဆောင်ဟာ ဇန်နဝါရီ ၂၆ ရက်မှာ ထိုင်းသံအမတ်ကိုတွေ့ဆုံတဲ့သတင်းထုတ်ပြန်မှုနောက်ပိုင်း ဇန်နဝါရီ ၂၇ ရက်က​နေ စစ်တပ်ဝါဒဖြန့် မီဒီယာ အားလုံးမှာပါ သတင်းမ​ဖော်ပြ​တော့ပဲ လူမြင်ကွင်းက​ပျောက်​နေတာ အခုသတင်း​ရေးသားချိန်အချိန်အထိ ၆ ရက်​ကျော် ရှိ​နေပြီဖြစ်ပါတယ်။စစ်တပ်စိတ်တိုင်းကျ စီစဥ်ထားတဲ့​ရွေး​ကောက်ပွဲအပြီး မင်း​အောင်လှိုင် ဘာ​ကြောင့် လူမြင်ကွင်းက​ပျောက်​နေတာလဲဆိုတာကို​တော့ မသိရ​သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ အထောင်မြို့မှာ စစ်ကောင်စီ စီစဉ်ကျင်းပတဲ့ လောင်းကစားနဲ့ ဖျော်ဖြေရေးပွဲတော်(အာဝါဒေးပွဲ)မှာ မျက်လှည့်ပြရင်း ကလေးငယ်တစ်ဦး မီးလောင်ဒဏ်ရာအပြင်းအထန် ရသွားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က ဆွန်းတလာရွာနဲ့ ခွန်းလီကျေးရွာတွေကို အာဏာသိမ်းစစ်ကောင်စီက မနေ့နဲ့ ဒီကနေ့ (ဇန်နဝါရီ ၂၉ရက်)မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ကို တိုက်ခိုက်တာတွေ အခွင့်အရေးရတာနဲ့ ထပ်မံပြုလုပ်မှာဖြစ်လို့ ပြည်သူတွေအနေနနဲ့ စစ်ကောင်စီတပ်စွဲရာ နေရာတွေနဲ့ အနီးတဝိုက်မှာ နေထိုင်ခြင်းမပြုဖို့ ထပ်မံအသိပေးကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အထူးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ မြဝတီမြို့တောင်ဘက် ဖလူးကြီးကျေးရွာအနီးကို စစ်ကောင်စီက ဒီကနေ့(ဇန်နဝါရီ ၂၈ရက်) မနက်ပိုင်းမှာ လေကြောင်းကနေ လေးကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။