close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို အနုပညာရှင်တစ်ဦးအနေနဲ့နိုင်ငံတကာမှာ ဖော်ထုတ်သွားမယ်ဆိုတဲ့ မေမြတ်နိုး

နိုင်ငံတကာကိုသွားရောက်ချိန်တိုင်းမှာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေကို ဖော်ထုတ်ပြီး အာဏာရှင်စနစ်အဆုံးသတ်သည်အထိ ပါဝင်သွားမယ်လို့ တော်လှန်အနုပညာရှင် မေမြတ်နိုးက ကတိပေးလိုက်ပါတယ်။

ဖေဖော်ဝါရီ-၂၊၂၀၂၆။ဆဏ်း/People’s Spring

နိုင်ငံတကာကိုသွားရောက်ချိန်တိုင်းမှာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေကို ဖော်ထုတ်ပြီး အာဏာရှင်စနစ်အဆုံးသတ်သည်အထိ ပါဝင်သွားမယ်လို့ တော်လှန်အနုပညာရှင် မေမြတ်နိုးက ကတိပေးလိုက်ပါတယ်။

“ အနုပညာရှင်တစ်ယောက်အနေနဲ့ မြတ်နိုးမှာရှိတဲ့ အသံနဲ့ နိုင်ငံတကာ မြတ်နိုးသွားတဲ့နေရာမှာ မြန်မာနိုင်ငံကဖြစ်စဉ်တွေကို စစ်အာဏာရှင်ရဲ့ ရက်စက်တဲ့ သူတို့ရဲ့လုပ်ရပ်တွေကို အမြဲတမ်းပြောပြီးတော့ မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ဒီမိုကရေစီရအောင် မြတ်နိုးတတ်နိုင်တဲ့ ဘက်ကနေ လုပ်သွားမယ်လို့ ကတိပေးပါတယ်။” လို့ မေမြတ်နိုးကပြောပါတယ်။

မေမြတ်နိုးက ဖေဖော်ဝါရီ ၁ ရက်က ကိုရီးယားနိုင်ငံမှာ ပြုလုပ်တဲ့ အာဏာသိမ်း ငါးနှစ်ပြည့် “ အကြမ်းဖက်စစ်တပ် ဆန့်ကျင်အမြစ်ဖြတ်” ချီတက်ဆန္ဒပြပွဲမှာ ပြောခဲ့တာပါ။

Public Service Announcement

Public Service Announcement

“ ငါးနှစ်အတွင်းမှာ အရမ်းပင်ပန်းတယ်ဆိုတာ မြတ်နိုးသိပါတယ်။လက်ခံပါတယ်။ အားလုံးလည်း စိတ်ရော လူရောအားလုံး ပင်ပန်းတယ်ဆိုတာ နားလည်ပေမယ့် မြတ်နိုးတို့ မြန်မာနိုင်ငံ ပြည်သူပြည်သားတွေ အသက်တွေစတေးလိုက်ရတဲ့ သူရဲကောင်းတွေ ရှေ့တန်းကနေပြီးတော့ မြတ်နိုးတို့ မြန်မာနိုင်ငံ ဒီမိုကရေစီအတွက် တိုက်နေတဲ့သူတွေအတွက် အားတင်းထားမှ ဖြစ်မှာပါ။အားတင်းပြီးနေ့တိုင်းဆက်သွားနေမှဖြစ်မှာပါ။ တစ်ရက်မှ အားလျော့လို့မဖြစ်ပါဘူး။” လို့ ပြည်သူတွေကိုလည်း တိုက်တွန်းထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အရှေ့တောင်အာရှအပါအဝင် ကိုရီးယားနိုင်ငံက လက်မခံဘူးဆိုတာလည်း နိုင်ငံတကာက ပြည်သူတွေရဲ့ ထုတ်ဖော်ချက်တွေ ဆန္ဒပြမှုတွေရဲ့ အကျိုးဆက်ဖြစ်တယ်လို့ ဆိုပါတယ်။

“ ဒီတော်လှန်ရေးမှာ ဒီနေ့ကစပြီး မပါသေးသူတွေကို ဆက်ခေါ်ပေးပါ။ ဆက်သွားပေးပါ။ အားလုံး မြန်မာနိုင်ငံကြီး ဖက်ဒရယ်ဒီမိုကရေစီရရှိပြီးတော့ Human Right ၊Freedom ၊ Justice ရတဲ့ အထိဆက်သွားမယ်လို့ မြတ်နိုးလည်း ကတိပေးပါတယ်။” လို့ မေမြတ်နိုးကပြောပါတယ်။

မေမြတ်နိုးက ယူကေနိုင်ငံမှာ‌ အင်တာနေရှင်နယ် မော်ဒယ်တစ်ယောက် အနေနဲ့ အလုပ်လုပ်နေတာဖြစ်ပြီး နွေဦးတော်လှန်ရေးမှာ အနုပညာရှင်တစ်ဦးအနေနဲ့ တတ်နိုင်တဲ့ဘက်က ပါဝင်ပေးနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့‌နယ်တောင်ပိုင်းကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတဲ့ စစ်ကောင်စီတပ်က ဒီနေ့ (ဖေဖော်ဝါရီ ၁ရက်)မှာ ဂျက်ဖိုက်တာ၊ Y-12နဲ့ ပါရာမော်တာတွေသုံးပြီး ဗုံးကြဲနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ စစ်တပ်နဲ့ ရှမ်းနီတပ် (SNA) ပူးပေါင်း တပ်စွဲထားတဲ့ စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဇန်နဝါရီ၂၈ရက်မှာသိမ်းပိုက်နိုင်ခဲ့တယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတဲ့ စစ်တပ်က မြေပြင်က စစ်ကြောင်းထိုးပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေလုပ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။