close
Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာသိမ်းမှု (၅)နှစ်ပြည့်အကြို လူထုသပိတ်လှုပ်ရှားမှုတွေ စစ်ကိုင်းတိုင်းမှာ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်အာဏာသိမ်းမှု (၅)နှစ်ပြည့်အကြို လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၃၁)မှာ ပြုလုပ်ခဲ့ပါတယ်။

ဇန်နဝါရီ-၃၁၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်အာဏာသိမ်းမှု (၅)နှစ်ပြည့်အကြို လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၃၁)မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် စျေးတစ်ခုမှာ လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ရဲဘော်တွေက စစ်အာဏာသိမ်းမှု (၅)နှစ်ပြည့်မှာ ပြည်သူတွေအနေနဲ့ တော်လှန်ရေးကို ပိုမိုအားထုတ်ပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပြီး စစ်တပ်ထုတ်ကုန်တွေကို ပြည်သူတွေမသုံးစွဲကြဖို့ လက်ကမ်းစာစောင်တွေ မျှဝေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း ရွှေဥက္ကံ လူထုသပိတ်စစ်ကြောင်း က ဦးဆောင်ပြီး တော်လှန်ပြည်သူတွေနဲ့အတူ “ အဓမ္မကို အမြစ်ဖြတ်တော်လှန် လမ်းမပေါ်က ရွှေဥက္ကံ လူထုသပိတ်စစ်ကြောင်း” ဆိုတဲ့ စာသားကို ကိုင်ဆွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ဝက်လက်သပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်အချို့ကပြည်သူတွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ မဲမ‌ပေးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုတဲ့ "ငါတို့ မဲမပေးခဲ့" လှုပ်ရှားမှု နဲ့ စစ်တပ်ထုတ်ကုန် မသုံးစွဲဖို့ ဘူးသပိတ် လှုပ်ရှားမှု‌တွေ ဒီနေ့ (ဇန်နဝါရီ ၂၇) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ် ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၄) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၃) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

စစ်ကိုင်းတိုင်းကတော်လှန်ရေးတပ်တွေ စိုးမိုးနယ် မြေ‌တွေကို စစ်တပ်က ကုန်စည်စီးဆင်းမှုပိတ်ပင်တာ တွေအများအပြားပြုလုပ်ခဲ့ပါတယ်။