close
Connect with us

Hi, what are you looking for?

သတင်း

ကွန်ဂိုမှာ သတ္တုမိုင်းတွင်းပြိုပြီး ၂၀၀ ကျော်သေ

ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ ဂိုမာမြို့ရဲ့ အနောက်မြောက်ဖက် ကီလိုမီတာ ၆၀ လောက် အကွာမှာရှိတဲ့ သတ္တုမိုင်းတွင်းဟာ ဇန်နဝါရီ ၂၈ ရက်နေ့က ပြိုကျခဲ့တာပါ။ ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်းထိ အခြေအနေအရ မိုင်းတွင်းနေရာက အပျက်အစီးတွေကို အပြည့်အဝ မဖယ်ရှားနိုင်သေးကြောင်း ကယ်ဆယ်ရေးတွေက ဆိုပါတယ်။

ကွန်ဂိုနိုင်ငံမှာ သတ္တုမိုင်းတွင်းတစ်ခု ပြိုကျပြီး လူ ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ ဂိုမာမြို့ရဲ့ အနောက်မြောက်ဖက် ကီလိုမီတာ ၆၀ လောက် အကွာမှာရှိတဲ့ သတ္တုမိုင်းတွင်းဟာ ဇန်နဝါရီ ၂၈ ရက်နေ့က ပြိုကျခဲ့တာပါ။ ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်းထိ အခြေအနေအရ မိုင်းတွင်းနေရာက အပျက်အစီးတွေကို အပြည့်အဝ မဖယ်ရှားနိုင်သေးကြောင်း ကယ်ဆယ်ရေးတွေက ဆိုပါတယ်။

လူ ၂၀၀ ကျော်လောက် သေဆုံးတယ်ဆိုတာကို ခန့်မှန်းလို့ ရပေမယ့် အသေအပျောက်ကိုတော့ တိတိကျကျ မသိရသေးကြောင်း၊ မိုင်းလုပ်သားတွေအပြင် အနားမှာ ရှိနေတဲ့ စျေးသည်တွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေပါ အသေအပျောက် စာရင်းထဲမှာ ပါဝင်ခဲ့ကြောင်း တော်လှန်ရေး အင်အားစုတွေက ခန့်အပ်တဲ့ ပြည်နယ် အုပ်ချုပ်ရေး အစိုးရ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် လူမွမ်ဘာ ကမ်ဘာရာ မူယီဆာက ပြောကြားခဲ့ပါတယ်။

ကွန်ဂိုမှာ အစိုးရနဲ့ တော်လှန်ရေးတပ်တွေ စစ်ခင်းတိုက်ခိုက်နေပြီး မိုင်းတွင်းပြိုကျမှု ဖြစ်ပွားတဲ့ မြောက်ပိုင်းကီဗူ ပြည်နယ်ကိုတော့ M23 တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားပါတယ်။ ဒဏ်ရာရသူ ၂၀ လောက်ကို ဆေးရုံ တင်ပို့ထားပြီး မိုင်းတွင်းထဲမှာ ပိတ်မိနေသူတွေ ကျန်နေနိုင်သေးတယ်လို့လည်း မူယီဆာက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကိုလ်တန် သတ္တုတွေ တူးဖော်တဲ့ မိုင်းတွင်းပြိုကျတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ မူယီဆာကတော့ အဲဒီဒေသမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းနေခဲ့ပြီး မိုင်းတွင်းပေါက်ထဲ မိုးရေတွေ စိမ့်ဝင်တာမျိုး ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

မျက်မြင်တချို့ကတော့ မိုင်းတွင်းပြိုကျပြီးတဲ့အချိန် ရွှံ့ရေတွေနဲ့အတူ မိုင်းလုပ်သားတွေ မျောပါသွားတာကို တွေ့ခဲ့တယ်လို့လည်း ဆိုပါတယ်။ မိုင်းလုပ်သား အများစုဟာ နေ့စား အလုပ်သမားတွေဖြစ်ပြီး တစ်ရက်လုပ်ခ ဒေါ်လာ အနည်းအကျဉ်းလောက် ငွေကြေးနဲ့ အလုပ်လုပ်နေကြတာပါ။

တော်လှန်ရေး အင်အားစုတွေက ခန့်အပ်ထားတဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူး အီရာစတွန် ဘာဟာတီ မူဆန်ဂါကတော့ မိုင်းတွင်းထဲက အလောင်းတချို့ကို စတင် ဆွဲထုတ်နိုင်နေပြီလို့ သတင်းထောက်တွေဆီ မှတ်ချက်ပေးခဲ့ပါတယ်။

အီလက်ထရောနစ် ပစ္စည်းတွေ ထုတ်လုပ်မှုမှာ လိုအပ်တဲ့ ကိုလ်တန် သတ္တုအားလုံးရဲ့ ၁၅ ရာခိုင်နှုန်းလောက်ကို ကွန်ဂိုနိုင်ငံမှာ တူးဖော် ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ကွန်ဂိုမှာရှိတဲ့ သတ္တုမိုင်းတွင်းတွေရဲ့ လုံခြုံရေး စံနှုန်း အားနည်းချက်တွေ၊ အန္တရာယ်များတဲ့ အခြေအနေတွေအပေါ် လူ့အခွင့်အရေး အဖွဲ့တွေက စိုးရိမ်တကြီး ဝေဖန်ထောက်ပြတာတွေ ရှိခဲ့ပါတယ်။

လက်နက်အင်အား တောင့်တင်းတဲ့ M23 တော်လှန်ရေး တပ်တွေဟာ မြို့တော် ကင်ရှာနာမှာ ရှိနေတဲ့ ကွန်ဂို အစိုးရကို ဖြုတ်ချဖို့ ကြိုးစားနေပြီး နိုင်ငံရဲ့ ဓာတ်သတ္တုသိုက်တွေ ကြွယ်ဝရာ အရှေ့ပိုင်း နယ်မြေ အများအပြားကို ပြီးခဲ့တဲ့ နှစ်ကစပြီး ထိန်းချုပ်ထားပါတယ်။ ကုလသမဂ္ဂက ရဝမ်ဒါ အစိုးရဟာ M23ကို နောက်ကွယ်ကနေ အထောက်အပံ့ ပေးနေတယ်လို့ စွပ်စွဲထားပေမယ့် ရဝမ်ဒါဖက်ကတော့ ငြင်းဆိုထားပါတယ်။

ကွန်ဂိုဟာ သတ္တုသယံဇာတတွေ ပေါကြွယ်ဝတဲ့ နိုင်ငံတစ်ခု ဖြစ်ပေမယ့်လည်း လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ တစ်နေ့ဝင်ငွေ ၂.၁၅ ဒေါ်လာဝန်းကျင်အောက် အခြေအနေမျိုးနဲ့ပဲ ဆင်းဆင်းရဲရဲ ဖြတ်သန်း နေထိုင်နေကြရပါတယ်။

ကိုးကား: Al Jazeera

ဓာတ်ပုံ – AP/File

ဆက်စပ်သတင်းများ